မျက်ရည်မကျကြေး Music ဗီဒီယိုကို ကြည့်ပြီး ငိုမိခဲ့တဲ့ လိျှု့ဝှက်ချက်အကြောင်း ပြောပြလာတဲ့ သဇင်ထူးမြင့်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

သဇင်ထူးမြင့် ကတော့ (၂၀၁၈) အကယ်ဒမီရွှေကြိုကနေ ပရိသတ်တွေ စတင်သတိထားမိလာတာ ဖြစ်တဲ့အပြင် ဒါရိုက်တာလဲဖြစ် ဟာသဇာတ်ပို့သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်တဲ့ ခင်လှိုင်ရဲ့ အထွေးဆုံးသမီးလေးပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး အေးဆေးတည်ငြိမ်လွန်းတဲ့ သူမရဲ့ဟန်ပန်လေးကြောင့် အမျိုးသားထုကြီး ရင်ကိုလှုပ်ခတ်စေခဲ့တဲ့အပြင် သူမကိုယ်သူမ ” သဲ ” ဆိုတဲ့ အသုံးအနှုန်းလေးကြောင့် အမျိုးသားပရိသတ်တွေ ပိုပြီး အချစ်ပိုစေခဲ့တာ ဆိုလည်း မမှားပါဘူးနော်။

အမျိုးသားထုကြီးရဲ့အားပေးကြမ်းချက်ကြီးကတော့ ခင်လှိုင်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတောင် ယောက္ခမကြီးလို့ အခေါ်ခံရလောက်တဲ့ထိပါပဲနော်။ရွှေကြိုအပြီးမှာ သဇင်ထူးမြင့်ကတော့ ကြော်ငြာတွေအပြင် Music Mtv တွေမှာလည်း သရုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ရိုက်ကူးနေပြီလို့ သိရပါတယ် ပရိသတ်ကြီးရေ။

အမြဲတမ်း ခပ်အေးအေးနေတတ်တဲ့ သဲတစ်ယောက်ကတော့ လတ်တလောမှာ အသစ်ထွက်ရှိထားတဲ့ အဆိုတော် AR-T နဲ့ ဂျူဝယ်လ်တို့ရဲ့ စုံတွဲသီချင်း MV လေးကို နားဆင်ကြည့်ရှူပြီးတဲ့အချိန်မှာ ခံစားရတဲ့ ခံစားချက်တစ်ချို့ကို ပြောပြလာခဲ့တာပါ။“ အရမ်းကိုလေးနက်လွန်းပါတယ်။ အချိန်တွေအကြာကြီးချစ်နေကြပြီး ဆုံးရှူံးရမှာကြောက်လို့ဖြစ်လာတဲ့ခံစားချက်လေးတွေကအကြည့်လေးတွေမှာပေါ်လွင်လွန်းတယ်။အိုက်တင်မဟုတ်တဲ့ တကယ့်ခံစားချက်အစစ်တွေကို မြင်နေရတယ်။ အရမ်းကိုလေးနက်လွန်းလို့ ဒီMV ကိုအရမ်းသဘောကျတယ်။ကိုယ်တိုင်လည်းကြည့်ရင်းငိုမိတယ်။ ” ဆိုကာ ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။CeleConnections ပရိသတ်ကြီးထဲမှာရော သဲလေးနဲ့ ခံစားချက်ချင်းတူပြီး သဲလေးလိုငိုမိတဲ့သူတွေရှိလားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။

Source : Thazin Htoo Myint
Candy-CeleConnections