The Mask Singer က ဒေါင်းမျက်နှာဖုံးပိုင်ရှင်ကိုပြောပြလာတဲ့ ဘေဘီမောင်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Chilli – CeleGabar

Unicode ဖြင့်ဖတ်ပါ
★★★★★

“The Mask Singer Myanmar” ပြိုင်ပွဲကြီးကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားတဲ့ ပြိုင်ပွဲတစ်ခုပဲဖြစ်ပါတယ်။မျက်နှာဖုံးနောက်ကွယ်က ဆယ်လီကဘယ်သူများဖြစ်မလဲဆိုတာကို ခန့်မှန်းရတာကြောင့် စိတ်ဝင်စားဖို့ကောင်းပြီး ကိုယ်ခန့်မှန်းခဲ့တာ မှန်မမှန်ဆိုတာကလည်း ရင်ခုန်ဖွယ်ကောင်းလှတာကြောင့် ပရိသတ်တွေကို ရီမောပျော်ရွှင်တဲ့ ရသကိုပေးစွမ်းနိုင်သလို ပရိသတ်တွေကလည်း ဒီအစီအစဉ်ကို လက်မလွှတ်တမ်းစောင့်ကြည့်ကြတာတာကိုလည်းတွေ့ရပါတယ်။

ပရိသတ်တွေအားလုံးက မျက်နှာဖုံးနောက်ကွယ်က မျက်နှာဖုံးရှင် ဆယ်လီကဘယ်သူများဖြစ်မလဲဆိုတာကို စိတ်ဝင်တစားရှိနေကြတဲ့ ဒီလိုအချိန်မှာ မင်းသမီးချောဖြစ်သူဘေဘီမောင်ကတော့ မျက်နှာဖုံးရှင်ဒေါင်းနဲ့ ရေခဲမုန့်တို့ရဲ့ သီဆိုထားတဲ့ ဗီဒီယိုဖိုင်လေးကို ရှယ်ကာ “မောင်ရေ”ဆိုပြီး ချစ်သူဖြစ်တဲ့ အဆိုတော် သားဂန်းကို Tag တွဲထားခဲ့ပါသေးတယ်။ရေခဲမုန့်ကတော့ ပြီးခဲ့တဲ့ တစ်ပတ်က မျက်နှာဖုံးချွတ်ထွက်ခွာခဲ့ရပြီး မျက်နှာဖုံးနောက်ကွယ်က ဆယ်လီကတော့ “နန်းခင်ဇေယျာ”ပဲဖြစ်ပါတယ်။

ဒေါင်းမျက်နှာဖုံးပိုင်ရှင်ရဲ့ သိုသိုသိပ်သိပ်နေတက်မှုကြောင့် ဘယ်သူဖြစ်မလဲဆိုတာကို ခန့်မှန်းရခက်နေချိန်မှာ ဘေဘီမောင်က ပရိသတ်တွေ ခန့်မှန်းလို့ရအောင် မသိမသာလေးဖော်ပြခဲ့တာများလား။ပရိသတ်တွေက ဒေါင်းမျက်နှာဖုံးပိုင်ရှင်ဟာ အဆိုတော်သားဂန်းများလို့မေးမြန်းချိန်မှာတော့ သီချင်းကို သားဂန်းနားထောင်စေချင်လို့ ရှယ်တာဖြစ်တယ်လို့လည်း ဖြေထားပါသေးတယ်။CeleGabar ပရိသတ်ကြီးတွေကရော ဒေါင်းမျက်နှာဖုံးပိုင်ရှင်ဆယ်လီကို ဘယ်သူလို့ခန့်မှန်းထားကြလဲ။

Source – Baby Maung, The Mask Singer Myanmar
Chilli – CeleGabar