ချစ်တဲ့ White Nubes လေးတွေနဲ့အတူ Mask လေးတွေ ဝေးပေးသွားမယ်ဆိုတဲ့ အက်စတာ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: Esther DCS
DarDar-CeleGabar

Unicode ဖြင့်ဖတ်ပါ
★★★★★

မြန်မာအိုင်ဒေါပြိုင်ပွဲကြီးမှ Winner ဆုကိုရရှိခဲ့ပြီး အောင်မြင်မှုအခိုင်အမာရရှိနေတဲ့ အက်စတာကတော့ ချစ်တဲ့ White Nubes လေးတွေနဲ့အတူ Mask လေးတွေ ဝေးပေးသွားမယ်အကြောင်းကို “Hello!! My White Nubes မနက်ဖြန် သမီးနဲ့ White Nubes တို့ အလှူလေးတွေ အတူတူလုပ်ကြဖို့ရှိပါတယ်။ မနက်ဖြန် (4.2.2020) မနက် 9 နာရီ လှည်းတန်း ဦးထွန်းလင်းခြံလမ်း တစ်လျှောက်နားမှာ Mask လေးတွေ ဝေးပေးကြဖို့ ရှိပါတယ်။ သမီးနဲ့ အတူ လာပြီး ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်နော်။ လာမယ့် White Nubes လေးတွေက ဦးထုတ် အဖြူလေးတွေနဲ့ ဆေးခန်းသုံး လက်အိတ်အဖြူ အပါးလေးတွေ ယူခဲ့ကြပါ။” လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အက်စတာကတော့ ချစ်ရတဲ့ White Nubes တွေနဲ့အတူ မနက်ဖြန် မနက် (၉) နာရီ လှည်းတန်း ဦးထွန်းလင်းခြံလမ်း တစ်လျှောက်နားမှာ Mask လေးတွေဝေပေးပြီးတာနဲ့ နေ့လည် (၁၁)နာရီ ကြည့်မြင်တိုင် အရိုးဆေးရုံမှာ လူဦးရေ (၂၀၀) ဦးအတွက်နေ့လည်စာ လှူဖို့ စီစဉ်ထားတဲ့အကြောင်းကို “ပြီးရင် နေ့လည် (၁၁)နာရီ ကြည့်မြင်တိုင် အရိုးဆေးရုံမှာ လူဦးရေ (၂၀၀) ဦးအတွက်နေ့လည်စာ လှူဖို့ စီစဉ်ထားပါတယ်။ အရိုးဆေးရုံလာမယ်ဆိုရင် နေ့လည် (၁၀:၃၀) အရောက် လာပေးကြပါနော်။ မှတ်တိုင်က အရိုးဆေးရုံမှတ်တိုင်ပါ။ အားလုံးပဲ မနက်ဖြန် တွေ့ကြပါမယ်နော်။ အခုလိုအမြန်စီစဉ်တယ်ဆိုတာကလည်း မနက်ဖြန်တစ်ရက်တောင်မှ နေ့တစ်ဝက်အချိန်ရလို့ လုပ်ရခြင်းဖြစ်ပါတယ် အခုလိုမျိုး အများအခက်တွေ့နေတဲ့အချိန် ကျန်းကျန်းမာမာနဲ့ နေရတဲ့သမီး နဲ့ white nubes တို့ကနေပြီးတော့ ကူညီချင်လို့ဖြစ်ပါတယ်ရှင့်” လို့ ပြောပြထားပါတယ်နော်။

CeleGabar ပရိသတ်ကြီးရေ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးမှ Winner ဆုကိုရရှိခဲ့ပြီး အောင်မြင်မှုအခိုင်အမာရရှိနေတဲ့ အက်စတာကတော့ ဖျော်ဖြေရေးတွေတစ်လျှောက်ရှိတာမို့ မအားတဲ့ကြားကနေ နေ့တစ်ဝက်အချိန်ရလို့ ရတဲ့အချိန်လေးမှာ ချစ်တဲ့ White Nubes လေးတွေနဲ့အတူ ကုသိုလ်တွေပြုလုပ်သားမှာတဲ့နော်။

Source: Esther DCS
DarDar-CeleGabar