” ကုန်းဘောင်ကြီးကျော် ” Facebook Group မှာပျော်နေတဲ့ ထွန်းထွန်း

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

Post ေတြဖတ္ရင္း ေပ်ာ္ေနရတယ္။ ထြန္းထြန္းကေတာ့ “ကုန္းေဘာင္ႀကီးေၾကာ္” ဆိုတဲ့ Facebook Group ထဲဝင္လိုက္မိတာ အရမ္းရယ္ေနရတယ္လို႔ဆိုပါတယ္။ Noti တက္လာတိုင္း အၿမဲသတိထား ၾကည့္မိတယ္လို႔ေျပာပါတယ္။ ထြန္းထြန္းကေတာ့ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚက “ကုန္းေဘာင္ႀကီးေၾကာ္” ဆိုတဲ့ Group ထဲကို ဝင္ျဖစ္ခဲ့တဲ့အေၾကာင္း ေျပာျပလာပါတယ္။ အေကာင့္နာမည္ေတြကလည္း အရမ္းကို ရယ္ေနရတယ္လို႔ မီဒီယာအင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။

“ကုန္းေဘာင္ႀကီးေၾကာ္ Group ထဲေရာက္သြားတာ ရႈပ္ေနတာပဲ၊ မင္းတုန္းမင္းေတြေရာ၊ ဘာေတြေရာ စုံေနတာပဲ။ ဒီအထဲကို ဝင္ျဖစ္သြားတာကလည္း ညီအစ္ကိုလိုခင္ရတဲ့ ညီေလးတစ္ေယာက္က အဲဒီ Group အေၾကာင္းၫႊန္းေတာ့ ဝင္ျဖစ္သြားတာ။ Noti တက္လာၿပီဆိုရင္ ကိုယ့္ကိစၥမဟုတ္ဘူး။ သူတို႔ ကိစၥေတြခ်ည္းပဲ” ဆိုၿပီးေတာ့ သေဘာက်ရယ္ေမာရင္း ေျပာျပခဲ့ပါတယ္။

ထြန္းထြန္းကိုယ္တိုင္ကလည္း ဒီ Group ထဲကို ေရာက္တဲ့အခ်ိန္မွာ စာေလး တစ္ေၾကာင္းပဲေရးခဲ့ေသးတယ္လို႔ ဆိုပါတယ္။ ထြန္းထြန္းရဲ႕ Post ေအာက္မွာ Comment ေတြေပးခဲ့ၾကတဲ့ အႏုပညာေမာင္ႏွမေတြလည္း အမ်ားႀကီးပါပဲ။“ ကြၽန္ေတာ္ကေတာ့ အဲဒီ Group ထဲမွာ ‘ ကြၽန္ေတာ္ မေန႔ကမွ ေရာက္တာ’ ဆိုတဲ့အေၾကာင္းေလးပဲ တင္လိုက္တာပါ။ က်န္တာက ကြၽန္ေတာ့္ Post ေအာက္မွာ Comment လာေရးတဲ့ Comment ေလးေတြထဲမွာ ကြၽန္ေတာ္လည္း ဝင္ၿပီးေတာ့ စေနာက္ျဖစ္ပါတယ္။ သူမ်ား Post ေအာက္မွာ လိုက္ဖတ္ေနရတာနဲ႔တင္ ေတာ္ေတာ္ေလး လုံေလာက္ေနပါၿပီ” လို႔ သူကဆိုပါတယ္။

“ကုန္းေဘာင္ႀကီးေၾကာ္” Facebook Group က စာသားေတြကလည္း အရမ္းကို ရယ္ေနရတယ္လို႔ ထြန္းထြန္းက ေျပာပါတယ္။“ တခ်ိဳ႕ဟာေတြကို ေရးထားတဲ့ စာသားေတြကို ဖတ္ရတာ ေတာ္ေတာ္ကိုရယ္ရတယ္။ ကြၽန္ေတာ္ ျပန္မေျပာတတ္လို႔ ေတာ္ေတာ္ကို ရယ္ရတာ။ သူတို႔ Post ေတြကို ဖတ္ရင္းနဲ႔ ခြီေနရလို႔ ကြၽန္ေတာ္လည္း ဘာမွကို မတင္ျဖစ္သြားတာပါ” ဆိုၿပီးေတာ့ ဇန္နဝါရီလ ၃၀ ရက္ေန႔က ျမျမ ႐ုပ္ရွင္ဇာတ္ကားအထူးျပပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

ထြန္းထြန္းကိုေတာ့ Examplez ဆိုတဲ့ Rapper အဆိုေတာ္အဖြဲ႕ကေနတဆင့္ ပရိသတ္ေတြ စတင္အားေပးခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ သူဟာ ဂီတအလုပ္ေတြထက္ သ႐ုပ္ေဆာင္အလုပ္ကို ပိုၿပီးေတာ့ အာ႐ုံစိုက္ေနတာကို ေတြ႕ရပါတယ္။ ဂီတဘက္မွာလည္း ေအာင္ျမင္မႈမ်ားစြာရရွိခဲ့သူျဖစ္သလို သ႐ုပ္ေဆာင္ဘက္မွာလည္း ‘’အုတ္ၾကားျမက္ေပါက္’’ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ၂၀၁၆ ခုႏွစ္အတြက္ အေကာင္းဆုံး အမ်ိဳးသားဇာတ္ေဆာင္ဆုကို ထိုက္ထိုက္တန္တန္ ရရွိခဲ့တာ ျဖစ္ပါတယ္။

Unicode ဖြင့်ဖတ်ပါ
★★★★★

Post တွေဖတ်ရင်း ပျော်နေရတယ်။ ထွန်းထွန်းကတော့ “ကုန်းဘောင်ကြီးကြော်” ဆိုတဲ့ Facebook Group ထဲဝင်လိုက်မိတာ အရမ်းရယ်နေရတယ်လို့ဆိုပါတယ်။ Noti တက်လာတိုင်း အမြဲသတိထား ကြည့်မိတယ်လို့ပြောပါတယ်။ ထွန်းထွန်းကတော့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်က “ကုန်းဘောင်ကြီးကြော်” ဆိုတဲ့ Group ထဲကို ဝင်ဖြစ်ခဲ့တဲ့အကြောင်း ပြောပြလာပါတယ်။ အကောင့်နာမည်တွေကလည်း အရမ်းကို ရယ်နေရတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ကုန်းဘောင်ကြီးကြော် Group ထဲရောက်သွားတာ ရှုပ်နေတာပဲ၊ မင်းတုန်းမင်းတွေရော၊ ဘာတွေရော စုံနေတာပဲ။ ဒီအထဲကို ဝင်ဖြစ်သွားတာကလည်း ညီအစ်ကိုလိုခင်ရတဲ့ ညီလေးတစ်ယောက်က အဲဒီ Group အကြောင်းညွှန်းတော့ ဝင်ဖြစ်သွားတာ။ Noti တက်လာပြီဆိုရင် ကိုယ့်ကိစ္စမဟုတ်ဘူး။ သူတို့ ကိစ္စတွေချည်းပဲ” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။

ထွန်းထွန်းကိုယ်တိုင်ကလည်း ဒီ Group ထဲကို ရောက်တဲ့အချိန်မှာ စာလေး တစ်ကြောင်းပဲရေးခဲ့သေးတယ်လို့ ဆိုပါတယ်။ ထွန်းထွန်းရဲ့ Post အောက်မှာ Comment တွေပေးခဲ့ကြတဲ့ အနုပညာမောင်နှမတွေလည်း အများကြီးပါပဲ။“ ကျွန်တော်ကတော့ အဲဒီ Group ထဲမှာ ‘ ကျွန်တော် မနေ့ကမှ ရောက်တာ’ ဆိုတဲ့အကြောင်းလေးပဲ တင်လိုက်တာပါ။ ကျန်တာက ကျွန်တော့် Post အောက်မှာ Comment လာရေးတဲ့ Comment လေးတွေထဲမှာ ကျွန်တော်လည်း ဝင်ပြီးတော့ စနောက်ဖြစ်ပါတယ်။ သူများ Post အောက်မှာ လိုက်ဖတ်နေရတာနဲ့တင် တော်တော်လေး လုံလောက်နေပါပြီ” လို့ သူကဆိုပါတယ်။

“ကုန်းဘောင်ကြီးကြော်” Facebook Group က စာသားတွေကလည်း အရမ်းကို ရယ်နေရတယ်လို့ ထွန်းထွန်းက ပြောပါတယ်။“ တချို့ဟာတွေကို ရေးထားတဲ့ စာသားတွေကို ဖတ်ရတာ တော်တော်ကိုရယ်ရတယ်။ ကျွန်တော် ပြန်မပြောတတ်လို့ တော်တော်ကို ရယ်ရတာ။ သူတို့ Post တွေကို ဖတ်ရင်းနဲ့ ခွီနေရလို့ ကျွန်တော်လည်း ဘာမှကို မတင်ဖြစ်သွားတာပါ” ဆိုပြီးတော့ ဇန်နဝါရီလ ၃၀ ရက်နေ့က မြမြ ရုပ်ရှင်ဇာတ်ကားအထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

ထွန်းထွန်းကိုတော့ Examplez ဆိုတဲ့ Rapper အဆိုတော်အဖွဲ့ကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ဂီတအလုပ်တွေထက် သရုပ်ဆောင်အလုပ်ကို ပိုပြီးတော့ အာရုံစိုက်နေတာကို တွေ့ရပါတယ်။ ဂီတဘက်မှာလည်း အောင်မြင်မှုများစွာရရှိခဲ့သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ‘’အုတ်ကြားမြက်ပေါက်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။