သမီးတွေကို တိုက်ခိုက်ပြောဆိုလာမှုကြောင့် အချက်ကျကျပြန်လည်ချေပ မေးခွန်းထုတ်လိုက်တဲ့ နန္ဒာလှိုင်
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Source : Nandar Hlaing
Unicode ဖြင့်ဖတ်ပါ
★★★★★
CeleConnections ပရိသတ်ကြီးရေ ဒီနေ့မှာတော့ နန္ဒာလှိုင်တစ်ယောက် သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ “ ( ၁၀) နှစ် (၈ )နှစ် (၅) နှစ် သမီးလေးတွေမြန်မာကားမကြည့်တာဘာဖြစ်လို့အဲလောက်နာနေရတာလဲဟင် နားမလည်ဘူး။နိုင်ငံခြားကားတွေဘဲကြည့်တယ်လို့လဲမပြောမိပါဘူးနော်။ကြည့်လဲမကြည့်ပါဘူး။ကာတွန်းကားကြည့်တယ်လို့တော့ပြောလိုက်ပါတယ်။ဘာလို့အဲလောက်ရန်လိုနေတာလဲဟင်…..ပျင်းလို့ဖွသည် ။ ” ဆိုတဲ့ စာသားလေးနဲ့အတူ သူမဖြေကြားခဲ့တဲ့ အင်တာဗျူးတစ်ခုကို အခြေခံကာ တိုက်ခိုက်ပြောဆိုခဲ့တဲ့ သူတစ်ယောက်ကို ပြန်လည်ချေပ မေးခွန်းထုတ်လိုက်တာပဲ ဖြစ်ပါတယ်။
နန္ဒာလှိုင်ကတော့ ဆယ်စုနှစ်တစ်ခုအကြယ အနုပညာလောကမှာ တဟုန်ထိုးအောင်မြင်ခဲ့တဲ့ ဝါရင့်မင်းသမီးကြီးတစ်လက်ပဲ ဖြစ်ပါတယ်။ အခုချိန်မှာ အနုပညာအလုပ်တွေကို ရပ်နားကာ ချစ်စရာကောင်းတဲ့ သမီးလေး(၃)ယောက်နဲ့အတူ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ဖြတ်သန်းနေတဲ့ သူတစ်ယောက်ပါ။
ရိုမန့်တစ်ဆန်ပြီး နားလည်မှုရှိတဲ့ ခင်ပွန်းသည်ကိုပိုင်ဆိုင်ထားပြီး ခင်ပွန်းသည်နဲ့အတူ အလှူအတန်းတွေ မကြာမကြာ ပြုလုပ်ကာ စိတ်တူကိုယ်တူအိမ်ထောင်ဘက်ကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ သူမအနေနဲ့ အနုပညာအလုပ်တွေမလုပ်တော့ပေမယ့်လည်း ပရိသတ်တွေက အခုချိန်ထိ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာအောက်မှာ အားပေးဝန်းရံလျက်ရှိတာပဲ ဖြစ်ပါတယ်။မဟုတ်မခံ ပြန်လည်ချေပတတ်တဲ့ နန္ဒာလှိုင် ရဲ့ စိတ်ဓာတ်ကို သဘောကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။
Source : Nandar Hlaing
Candy –CeleConnections