အထင်အမြင်လွဲမှားအောင်မိမိနာမည်ကိုအသုံးပြုနေတဲ့ Page အတုတွေကို report ဝိုင်းထုပေးဖို ့ တောင်းဆိုလိုက်တဲ့ အေးမြဖြူ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Unicode ဖြင့်ဖတ်ပါ
★★★★★

အေးမြဖြူကတော့ အသက်အရွယ်နဲ့မလိုက်လောက်အောင်ကို အောင်မြင်မှုတွေရရှိထားတဲ့ အနုအပညာရှင်လေးတစ်ယောက်ပါ။ ငယ်စဉ်ကတည်းက အဆိုပိုင်းမှာသာမက သရုပ်ဆောင်ပိုင်းမှာလည်း အောင်မြင်မှုတွေရရှိထားကာအနုပညာနဲ့ ပတ်သက်လာရင် ပါရမီရှင်လို့တောင် ဆိုလို့ရလောက်တဲ့ သူလေးဆိုရင်လည်း မမှားပါဘူးနော်။

အပင်မြင့်လေ လေတိုက်လေ”ဆိုတဲ့ ဆိုရိုးစကားအတိုင်းပဲ အေးမြဖြူလေးကတော့ အောင်မြင်မှုတွေပိုမိုရရှိလာတဲ့ လက်ရှိအချိန်မှာ တချို့သောသူတွေရဲ့ ဝေဖန်တိုက်ခိုက်မှုကို ခံနေရပါတယ်။ဝေဖန်တိုက်ခိုက်သူတွေက သတင်းအမှားတွေကို ပုံစံတူ Page တွေဖွင့်ပြီး ထင်ယောင်ထင်မှားဖြစ်အောင်ပြုလုပ် နေခဲ့ကြတာပဲဖြစ်ပါတယ်။တချို့သော ပရိသတ်တွေကတော့ လူမုန်းများအောင် အောက်တန်းကျစွာတိုက်ခိုက်နေကြတာကို သိပေမဲ့ တချို့တွေကတော့ ရုတ်တရက်ထင်ယောင်ထင်မှားဖြစ်သွားတက်ကြပါတယ်။

အေးမြဖြူလေးကတော့ ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “ဒီ page ကလွဲပြီးတခြားpageတွေက အတုတွေပါလို့ အမြဲပြောနေတာပါ။ မသိကြသေးလို့ထပ်ပြောရတာပါ။ လူမုန်းများအောင် ရှိသမျှ link တွေအကုန် share ပြီးသမီးတင်သလိုမျိုးတင်နေတဲ့ page အတုတွေကိုလည်း report လုပ်ပေးကြပါ” ဒီလိုပြုလုပ်နေတဲ့ Page တွေကို Report ထုပေးဖို့တောင်းဆိုထားခဲ့ပါတယ်။ပရိသတ်ကြီးရေ မိုးသိုလေးကို အထင်အမြင်လွဲအောင်လုပ်နေတဲ့ Page တွေကို Report ထုပြီး မိုးသိုလေးကို ကူညီလိုက်ပါဦး။