ရန်ကုန်မြို့ လူထူထပ်ရာ လှည်းတန်းဈေးမှာ Mask တွေလိုက်ဝေပေးခဲ့တဲ့ အက်စတာ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source – CeleGabar
Chilli – CeleGabar

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်တွေရဲ့ အချစ်တော် မြန်မာအိုင်ဒေါ Season (4) ရဲ့ Winner ဆုရှင် အက်စတာကတော့ ဒီနေ့ ဖေဖော်ဝါရီလ (၄)ရက်နေ့မှာ ရန်ကုန်မြို့နေ ပြည်သူများ ဝူဟန်ဗိုင်းရပ်စ်ရောဂါပိုးကို ကာကွယ်နိုင်ရန်အတွက် Mask များကို လှူတန်းခဲ့ပါတယ်။အက်စတာကတော့ ရန်ကုန်မြို့ရဲ့ လူထူထပ်ရာ လှည်းတန်းဈေးမှာ Mask တွေကို ကိုယ်တိုင်ကိုယ်ကျ လိုက်လံဝေပေးခဲ့တာပဲဖြစ်ပါတယ်။

ဝူဟန် ဗိုင်းရပ်စ်ဟာဆိုရင် တရုပ်ပြည် ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး လက်ရှိမှာ နိုင်ငံတော်တော်များများကို ကူးစက်ပြန့်ပွားလျှက်ရှိပါတယ်။ရောဂါမကူးစက်အောင် အဓိကအနေနဲ့ လက်ကိုသန့်စင်အောင်ဆေးဖြင်း Mask တပ်ခြင်းစတာတွေကို ပြုလုပ်ကာ ကာကွယ်ရတာဖြစ်ပြီး လတ်တလောမှာတော့ Mask တွေဟာ ဝယ်ယူရခက်ခဲနေသလို ဈေးတွေကလည်း အဆမတန်တိုးလာခဲ့တာကြောင့် ဝယ်ယူရခက်ခဲနေခဲ့ပါတယ်။

အက်စတာကတော့ အခုလို ရောဂါပိုးမကူးစက်အောင် ဂရုစိုက်နေရတဲ့ အချိန်မှာ ပြည်သူတွေလိုအပ်နေတဲ့ mask တွေကို ကိုယ်တိုင်ကိုယ်ကျ လိုက်ဝေပေးပြီး ကုသိုလ်ပြုခဲ့တာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ အက်စတာကတော့ အသံလေးလည်းကောင်း ရုပ်လေးကလည်း လှသလို စိတ်ထားလေးကလည်း မွန်မြတ်လှပြီး လိုအပ်နေတဲ့ အချိန်မှာ လိုအပ်တဲ့ အရာတွေကိုပရိသတ်တွေအတွက် လှူဒါန်းပေးခဲ့ပြန်ပါတယ်နော်။

Source – CeleGabar
Chilli – CeleGabar