မ,အက္ခရာ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်ရှေ့ကို ပြန်လည်ရောက်ရှိလာဦးမယ့် ထက်ထက်မိုးဦး

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source – Htet Htet Moe Oo
Rainbow- Cele Gabar

Unicode ဖြင့်ဖတ်ပါ
★★★★★

“မ,အက္ခရာ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်ရှေ့ကို ပြန်လည်ရောက်ရှိလာဦးမယ့် ထက်ထက်မိုးဦး”

ပြည်သူချစ်အနုပညာရှင်တစ်ယောက်အနေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ ထက်ထက်မိုးဦးကတော့ တစ်ခေတ်တစ်ခါတုန်းက အောင်မြင်ခဲ့တဲ့ကြော်ငြာဘုရင်မတစ်ပါးပါ။ကြော်ငြာတိုင်းမှာ ထက်ထက်မပါလို့မပြီးအောင် ပေါက်ရောက်ခဲ့သူဖြစ်ပြီး အနုပညာမှတ်တိုင်အနေနဲ့လည်း “ပန်းသခင်”၊ “သမီးမိုက်” ဇာတ်ကားကြီးနှစ်ကားနဲ့ အကယ်ဒမီဆုကြီးနှစ်ဆုကို ဆွတ်ခူးရယူနိုင်ခဲ့ပါသေးတယ်။

သူကတော့ လွန်ခဲ့တဲ့နှစ်ပိုင်းအတွင်းက ပရိသတ်ရှေ့ကနေပျောက်ခဲ့ပြီး အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာခဲ့ပေမယ့် ယခုအချိန်မှာတော့ အနုပညာလောကကို ပြန်လည်ဝင်ရောက်လာသူတစ်ယောက်လည်းဖြစ်ပါတယ်။ဆိုင်ဖွင့်ပွဲ၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲတွေ ဆက်တိုက်ဆိုသလိုတက်ရောက်နေရပြီး မကြာခင်မှာလည်း မ, အက္ခရာရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။မ,အက္ခရာရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာစတီးလ်(ဒွေးမေတ္တာ)က စီစဉ်ရိုက်ကူးသွားမှာဖြစ်ပြီး ကျော်သူ၊အလင်းရောင်၊တိုင်ရွှန်၊ခင်လှိုင်၊ထူးခြား တို့အပြင် စိုးမြတ်သူဇာ၊ထက်ထက်မိုးဦး၊ ခင်ဇာခြည်ကျော်၊ အေးမြတ်သူ၊ ဟန်နီ နဲ့ဖြူဖြူထွေးတို့ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဒီဇာတ်ကားကြီးကိုတော့ မကြာခင်မှာစတင်ရိုက်ကူးတော့မှာဖြစ်တဲ့အတွက် ပရိသတ်ရဲ့အချစ်တော် ထက်ထက်မိုးဦးကို ပိတ်ကားထက်မှာပြန်လည်မြင်တွေ့ရတော့မှာဖြစ်တဲ့အကြောင်း ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။
Source – Htet Htet Moe Oo
Rainbow- Cele Gabar