We love Fan လေးတွေနဲ့အတူ ရင်ခွင်မဲ့ကလေးငယ်များအတွက် လှူဒါန်းမှုတစ်ခု ပြုလုပ်ခဲ့တဲ့ နေတိုး

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

“We love Fan လေးတွေနဲ့အတူ ရင်ခွင်မဲ့ကလေးငယ်များအတွက် လှူဒါန်းမှုတစ်ခု ပြုလုပ်ခဲ့တဲ့ နေတိုး”

မြန်မာနိုင်ငံရဲ့ နာမည်ကြီးထိပ်တန်းဆယ်လီမင်းသားတွေထဲကတစ်ဦး အပါအဝင်ဖြစ်တဲ့ နေတိုးကိုတော့ ပရိသတ်တွေရင်းနှီးချစ်ခင်ပြီးသားဖြစ်မှာပါနော်..။ နေတိုးကတော့ အနုပညာနဲ့ပတ်သက်ရင် ဘယ်ကဏ္ဍကမဆို ပါဝင်လှုပ်ရှားတတ်သူတစ်ဦးလို့ပြောရမှာပါ..။ ပန်းချီဆွဲရာမှာ ကျွမ်းကျင်သလို အသံတုလည်း လုပ်တတ်တဲ့ မင်သားတစ်ဦးပဲဖြစ်ပါတယ်..။ အနုပညာနဲ့ပတ်သက်တဲ့ အရာရာတိုင်းကို နှစ်သက်တဲ့စိတ်လေးကြောင့် အနုပညာရပ်ဆိုင်ရာအားလုံးကို အမြဲလေ့လာသင်ယူတတ်သူပါ..။

(၂၀၁၉)ခုနှစ်မှာ နေတိုးပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေဖြစ်တဲ့ “ကြောက် ကြောက် ကြောက် (၂) “နဲ့ “ချည်” ရုပ်ရှင်ဇာတ်ကားကြီးတွေဟာ ပရိသတ်တွေရဲ့ အကြိုက်တွေ့စေခဲ့တဲ့ဇာတ်ကားကောင်းတွေပဲဖြစ်ပါတယ်နော်..။ “လူကြီးနဲ့ ဂျိတ်” ဆိုပြီး ပရိသတ်တွေအကြိုက်တွေ့နေရတဲ့ “မြက်နု”ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း လက်ရှိမှာပြသနေပြီဖြစ်ပါတယ်..။ အောင်မြင်မှုတွေပိုင်ဆိုင်ထားတဲ့ မင်းသားနေတိုးကတော့ အလှူအတန်းတွေကိုလည်း ရောက်ရာနေရာမှာ လုပ်တတ်ပါသေးတယ်..။ ဒီနေ့ ဖေဖော်ဝါရီလ(၄)ရက်နေ့မှာတော့ We Love Fan လေးတွေနဲ့အတူ လုပ်ခဲ့တဲ့ လှူဒါန်းမှုလေးတစ်ခုကို “ရင်ခွင်မဲ့ကလေးငယ်များသို့.. ပရိသတ်များနဲ့အလှူ..။ ပရိသတ်များအားလုံးအမျှရကြပါစေခင်ဗျာ..” ဆိုပြီး လှူဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

ရွှေဂုံတိုင် ကလေးပြုစုရေးဌာနကို သွားရောက်ကာ ရင်ခွင်မဲ့ကလေးငယ်တွေအတွက် We Love Fan တွေနဲ့အတူ သွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်..။ အရည်အချင်းတွေပြည့်စုံနေတဲ့အပြင် စိတ်ထားကောင်းပြီး ကြင်နာတတ်တဲ့သူလို့ ပြောရင်မှားမယ်မထင်ပါဘူးနော် ပရိသတ်ကြီးရေ..။ Cele Connection ပရိသတ်ကြီးလည်း We Love Fan တွေနဲ့အတူ လှူဒါန်းခဲ့တဲ့ နေတိုးရဲ့ အလှူအတွက် သာဓုခေါ်သွားပါဦးနော်..။
Source:Nay Toe’s Facebook

Sakura(Cele Connections)