ဘာလီကျွန်းရဲ့ ညခင်းလေးမှာ ဘဘနိုင်းနိုင်းနဲ့အတူတူ လျှောက်လည်ခဲ့တယ်ဆိုတဲ့ အိန္ဒြာကျော်ဇင်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

တစ္ခ်ိန္က ဗီဒီယိုဇာတ္ကားေတာ္ေတာ္မ်ားမ်ားမွာ ပရိသတ္ေတြ ၾကိုက္နွစ္သက္ခဲ့ရတဲ့ နုိင္းနိုင္းနဲ့ အိျႏၵာေက်ာ္ဇင္က လက္ရိွမွာလည္း ေအာင္ျမင္မႈေတြ ကိုယ္စီရရိွေနဆဲ ျဖစ္ပါတယ္။ နုိင္းနိုင္းနဲ့ အိျႏၵာေက်ာ္ဇင္က အတြဲညီညီ၊ အေပးအယူမွ်မွ်နဲ့ သရုပ္ေဆာင္နိုင္ခဲ့လို့ သူတို့နွစ္ေယာက္ ရိုက္ကူးသမွ် ရုပ္ရွင္၊ ဗီဒီယိုတိုင္းဟာ လူၾကိဳက္မ်ားလွပါတယ္။ ပရိသတ္ေတြကလည္း သူတို့နွစ္ေယာက္ရဲ့ အနုပညာလႈပ္ရွားမႈေတြကို စိတ္ဝင္စားစြာ ေမွ်ာ္လင့္ေနဆဲ ျဖစ္ပါတယ္။

နုိင္းနိုင္းနဲ့ အိျႏၵာေက်ာ္ဇင္က လက္ရိွမွာေတာ့ ဒါရိုက္တာ ေအာင္ကိုလတ္ ရိုက္ကူးပံုေဖာ္တဲ့ “နတ္” ရုပ္ရွင္ဇာတ္ကားၾကီးကို အင္ဒိုးနီးရွားနိုင္ငံ၊ ဘာလီကၽြန္းေလးမွာ သြားေရာက္ရိုက္ကူးေပးေနရတာပဲ ျဖစ္ပါတယ္။

ရုပ္ရွင္မရိုက္ကူးခင္မွာေတာ့ အိျႏၵာေက်ာ္ဇင္က ဘာလီညေစ်းတန္းမွာ ေလွ်ာက္လည္ခဲ့တဲ့ ပံုရိပ္ကို “ဘဘ9 နဲ့ စမီးအြဲ” ဆိုျပီး နုိင္းနုိင္းကို စေနာက္ထားတာကို ေတြ့ရပါတယ္။

နုိင္းနိုင္းနဲ့ အိျႏၵာေက်ာ္ဇင္ကေတာ့ အသက္ေတြၾကီးျပီး အိမ္ေထာင္က် ကိုယ္ပိုင္မိသားစုဘဝေတြကို တည္ေဆာက္ထားေပမယ့္ ငယ္ငယ္က အက်င့္အတိုင္း တစ္ေယာက္ကိုတစ္ေယာက္ စေနာက္က်ီစယ္ဆဲျဖစ္တာကို ခ်စ္စရာေကာင္းစြာ ေတြ့ရပါတယ္။

Unicode ဖြင့်ဖတ်ပါ
★★★★★

တစ်ချိန်က ဗီဒီယိုဇာတ်ကားတော်တော်များများမှာ ပရိသတ်တွေ ကြိုက်နှစ်သက်ခဲ့ရတဲ့ နိုင်းနိုင်းနဲ့ အိန္ဒြာကျော်ဇင်က လက်ရှိမှာလည်း အောင်မြင်မှုတွေ ကိုယ်စီရရှိနေဆဲ ဖြစ်ပါတယ်။ နိုင်းနိုင်းနဲ့ အိန္ဒြာကျော်ဇင်က အတွဲညီညီ၊ အပေးအယူမျှမျှနဲ့ သရုပ်ဆောင်နိုင်ခဲ့လို့ သူတို့နှစ်ယောက် ရိုက်ကူးသမျှ ရုပ်ရှင်၊ ဗီဒီယိုတိုင်းဟာ လူကြိုက်များလှပါတယ်။ ပရိသတ်တွေကလည်း သူတို့နှစ်ယောက်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို စိတ်ဝင်စားစွာ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။

နိုင်းနိုင်းနဲ့ အိန္ဒြာကျော်ဇင်က လက်ရှိမှာတော့ ဒါရိုက်တာ အောင်ကိုလတ် ရိုက်ကူးပုံဖော်တဲ့ “နတ်” ရုပ်ရှင်ဇာတ်ကားကြီးကို အင်ဒိုးနီးရှားနိုင်ငံ၊ ဘာလီကျွန်းလေးမှာ သွားရောက်ရိုက်ကူးပေးနေရတာပဲ ဖြစ်ပါတယ်။

ရုပ်ရှင်မရိုက်ကူးခင်မှာတော့ အိန္ဒြာကျော်ဇင်က ဘာလီညဈေးတန်းမှာ လျှောက်လည်ခဲ့တဲ့ ပုံရိပ်ကို “ဘဘ9 နဲ့ စမီးအွဲ” ဆိုပြီး နိုင်းနိုင်းကို စနောက်ထားတာကို တွေ့ရပါတယ်။

နိုင်းနိုင်းနဲ့ အိန္ဒြာကျော်ဇင်ကတော့ အသက်တွေကြီးပြီး အိမ်ထောင်ကျ ကိုယ်ပိုင်မိသားစုဘဝတွေကို တည်ဆောက်ထားပေမယ့် ငယ်ငယ်က အကျင့်အတိုင်း တစ်ယောက်ကိုတစ်ယောက် စနောက်ကျီစယ်ဆဲဖြစ်တာကို ချစ်စရာကောင်းစွာ တွေ့ရပါတယ်။