ငယ်ငယ်တည်းက ဘာဆုမှမရခဲ့ပေမယ့် အခုချိန်မှာ အဖေနဲ့အမေ ဂုဏ်ယူနေရပြီဆိုတဲ့ G-Fatt

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source : G-Fatt

Unicode ဖြင့်ဖတ်ပါ
★★★★★

CeleConnections ပရိသတ်ကြီးရေ G-Fattကတော့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ “ ငယ်ငယ်တည်းက ဆု တွေဘာတွေနဲ့ ပတ်သက်ရင် အဖေနဲ့အမေဂုဏ်ယူရမယ့် ဘာဆု မှ မယူပေးနိုင်ခဲ့ဘူး ။အခု လို ဆု ယူရတဲ့အခါ အဖေနဲ့ အမေ ကျွန်တော့်ထက်ပိုပျော်နေမှာပဲ။ဒီဆုအတွက် အနယ်နယ် အရပ်ရပ်က ကျွန်တော့် ပရိတ်သတ်တွေကို ကျေးဇူးတင်ပါတယ် . ဆက်ကြိုးစားပါဦးမယ်ခင်ဗျာ” ဆိုတဲ့စာသားလေးနဲ့အတူ အမှတ်တရပုံရိပ်တွေကိုဝေမျှလာခဲ့တာပဲ ဖြစ်ပါတယ်။

G-Fatt ကတော့ City FM (18)နှစ်ပြည့် မှာ The Most Popular Male Vocalist For The Year (2019) ဆုကိုရရှိခဲ့တာပဲ ဖြစ်ပါတယ်။ G-Fattကတော့ တစ်နိုင်ငံလုံးကပရိသတ်တွေ အားပေးဝန်းရံခြင်းခံရတဲ့ Hip Hop အဆိုတော်တစ်ဦးဆိုတာ အမှန်ပါပဲနော်။ မိန်းကလေးပရိသတ်တွေဝန်းရံအားပေးခြင်းကိုခံရရုံသာမက ယောကျာ်းလေးပရိသတ်တွေကလည်း သူ့ရဲ့ထိမိနေတဲ့စာသားတွေ Flow တွေကို အသေကြွေကြတယ်လို့ ပြောရမှာပါ။

မိဘကိုအလုပ်အကျွေးပြုကာ အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေတဲ့ G-Fattကတော့ အောာင်မြင်မှုတွေဆက်တိုက်ရရှိနေတယ်လို့ ဆိုရမှာပါ။G-Fattရဲ့ အောင်မြင်မှုအတွက် CeleConnections မိသားစုမှ ဂုဏ်ပြုလိုက်ပါတယ်နော်။CeleConnections ပရိသတ်တွေလည်း G-Fatt အတွက် ဂုဏ်ပြုစကားလေးပြောခဲ့ပါဦးနော်။

Source : G-Fatt
Candy –CeleConnections