နားထောင်ရသူတွေကို ခွန်းအားတွေအပြည့်အဝရစေတဲ့ တန်ခွန်ကျော် ကိုယ်တိုင်ရေးစပ်ထားတဲ့ သီချင်းအသစ်လေး

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source – TAN KHUN KYAW
Chilli – CeleGabar

Unicode ဖြင့်ဖတ်ပါ
★★★★★

“နားထောင်ရသူတွေကို ခွန်းအားတွေအပြည့်အဝရစေတဲ့ တန်ခွန်ကျော် ကိုယ်တိုင်ရေးစပ်ထားတဲ့ သီချင်းအသစ်လေး”

တန်ခွန်ကျော်ကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးအနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ သူတစ်ယောက်ပါ။ တန်ခွန်ကျော်ကပြိုင်ပွဲကြီးပြီးဆုံးသွားပြီးနောက်မှာတော့ ဖျော်ဖြေရေးပွဲတွေကို ဖျော်ဖြေပေးနေရပြီး လက်ရှိမှာတော့ မျက်နှာသစ် တက်သစ်စအဆိုတော်တစ်ယောက်အနေနဲ့ အောင်မြင်တွေစတင်ရရှိနေပြီပဲဖြစ်ပါတယ်။

လတ်တလောမှာလည်း တန်ခွန်ကျော်က သူကိုယ်တိုင်ရေးသားထားပြီး ကိုယ်တိုင်သီဆိုထားတဲ့ သီချင်းအသစ်လေးတစ်ပုဒ်ကို ချစ်ရတဲ့ပရိသတ်တွေနားဆင်ဖို့အတွက် သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့်ဖော်ပြလာခဲ့ပါတယ်။သီချင်းလေးရဲ့ နာမည်ကိုတော့ “အားတင်းထားပါ သူငယ်ချင်း”လို့ ပေးထားပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကာ စိတ်ညစ်နေရတဲ့ သူတွေအတွက် နားထောင်ပြီးရင် ခွန်အားတွေတက်စေတဲ့ သီချင်းလေးပဲဖြစ်ပါတယ်။

တန်ခွန်ကျော်ကတော့ သီချင်းသီဆိုတဲ့အခါမှာလည်း ပရိသတ်တွေရဲ့ သဘောကျနှစ်သက်မှုကိုရရှိခဲ့တာကြောင့် ပြိုင်ပွဲတစ်ခုမှာ တစ်ကြိမ်သာရရှိခဲ့တဲ့ Wild Card Winner ဆုကြီးကိုရရှိခဲ့တဲ့ သူတစ်ယောက်ဖြစ်ပြီး အခုတစ်ခေါက်မှာလည်း သီချင်းဆိုကောင်းတဲ့စွမ်းရည်အပြင် သီချင်းရေးတဲ့ အပိုင်းမှာလည်း ထူးချွန်တဲ့သူတစ်ယောက်ဖြစ်တာကို ထပ်မံသက်သေပြလိုက်ပြန်ပါပြီ။ CeleGabar ပရိသတ်ကြီးရေ တန်ခွန်ကျော်ရဲ့ သီချင်းကောင်းလေးကို နားဆင်ခံစားလို့ရအောင် မျှဝေပေးလိုက်ပါတယ်။

Source – TAN KHUN KYAW
Chilli – CeleGabar