ငယ်သူငယ်ချင်း ချစ်သူနဲ့ ချစ်သူဖြစ်တာ (၁) နှစ် မပြည့်သေးပါဘူးဆိုတဲ့ ခင်လေးနွယ်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

တိုင္းရင္းသူ မင္းသမီးေလး ခင္ေလးႏြယ္က ငယ္စဥ္အနုပညာလုပ္ငန္းေတြ လုပ္ကိုင္စဥ္ကတည္းက ပရိသတ္ေတြ အားေပးခဲ့ရသူေလး ျဖစ္ပါတယ္။ ခင္ေလးႏြယ္က အခုဆိုရင္ အႏုပညာလုပ္ငန္းေတြကို မလုပ္ကိုင္ေတာ့ပဲ စီးပြားေရးလုပ္ငန္းေတြကိုသာ ဦးစားေပးလုပ္ကိုင္ေနလ်က္ရိွပါတယ္။ ဒါေပမယ့္ ခင္ေလးႏြယ္ကိုခ်စ္တဲ့ ပရိသတ္ေတြကေတာ့ သူမကို ဒီေန႔ဒီအခ်ိန္ထိ ခ်စ္ခင္အားေပးဆဲ ျဖစ္ပါတယ္။

Image may contain: 2 people, people smiling, people standing, ocean, sky, child, outdoor, nature and water

အသက္သုံးဆယ္ေက်ာ္တိုင္ အိမ္ေထာင္မျပဳေသးပဲ တစ္ကိုယ္တည္း အပ်ိဳၾကီးအျဖစ္ ေနထိုင္လာတဲ့ ခင္ေလးႏြယ္က မေန့က ေဖေဖာ္ဝါရီလ (၄) ရက္ေန့မွာေတာ့ သူမရဲ့ ခ်စ္သူေလးကို ပရိသတ္ေတြဆီ ထုတ္ျပခဲ့ပါတယ္။

Image may contain: 1 person, smiling, standing and outdoor

အခ်စ္ေရးနဲ႔ ပက္သတ္လို့ သတင္းမၾကားရတဲ့ ခင္ေလးႏြယ္က ရုတ္တရက္ၾကီး သူမရဲ့ ခ်စ္သူကို အလင္းျပလုိက္တဲ့အခ်ိန္မွာေတာ့ ပရိသတ္ေတြသာမက အနုပညာအသိုင္းအဝုိင္းကပါ အံ့ၾသေနၾကတာ ျဖစ္ပါတယ္။

Image may contain: 2 people, people smiling, people standing, mountain, outdoor and nature

Image may contain: 2 people, people standing, tree and outdoor

ခင္ေလးႏြယ္က ” ဟိုး ငယ္ငယ္ကထဲက ေက်ာင္းတူတူတက္ခဲ့တဲ့ သူငယ္ခ်င္း… ခုအသက္ေတြႀကီးလာေတာ့ ခ်စ္သူ… အသက္ေတြ ဘယ္ေလာက္ႀကီးႀကီး.. ခ်စ္သူျဖစ္တာ ၁ ႏွစ္မျပည့္ေသးေပမယ့္ ကိုယ့္လို လူဆိုးတစ္ေယာက္ကို နားလည္ၿပီး ခ်စ္ေပးတဲ့အတြက္… ေက်းဇူးပါ… ခ်စ္သူ” ဆိုျပီး သူမရဲ့ ခ်စ္သူအေၾကာင္း ေျပာျပထားပါတယ္။

Image may contain: 2 people

ခင္ေလးႏြယ္က ခ်စ္သူေလးကို ထုတ္ျပလုိက္ျပီဆုိေတာ့ မၾကာခင္မွာ မဂၤလာသတင္းၾကားရမလားဆိုတာ ရင္ခုန္စရာပါပဲေနာ္။ ပရိသတ္ၾကီးလည္း ခင္ေလးႏြယ္တို့ ခ်စ္သူနွစ္ဦး ေပ်ာ္ရႊင္စြာေပါင္းဖက္နိုင္ဖို႔ ဆုေတာင္းေပးၾကပါဦးေနာ္။

မုိမုိေလး

Unicode ဖြင့်ဖတ်ပါ
★★★★★

တိုင်းရင်းသူ မင်းသမီးလေး ခင်လေးနွယ်က ငယ်စဉ်အနုပညာလုပ်ငန်းတွေ လုပ်ကိုင်စဉ်ကတည်းက ပရိသတ်တွေ အားပေးခဲ့ရသူလေး ဖြစ်ပါတယ်။ ခင်လေးနွယ်က အခုဆိုရင် အနုပညာလုပ်ငန်းတွေကို မလုပ်ကိုင်တော့ပဲ စီးပွားရေးလုပ်ငန်းတွေကိုသာ ဦးစားပေးလုပ်ကိုင်နေလျက်ရှိပါတယ်။ ဒါပေမယ့် ခင်လေးနွယ်ကိုချစ်တဲ့ ပရိသတ်တွေကတော့ သူမကို ဒီနေ့ဒီအချိန်ထိ ချစ်ခင်အားပေးဆဲ ဖြစ်ပါတယ်။

အသက်သုံးဆယ်ကျော်တိုင် အိမ်ထောင်မပြုသေးပဲ တစ်ကိုယ်တည်း အပျိုကြီးအဖြစ် နေထိုင်လာတဲ့ ခင်လေးနွယ်က မနေ့က ဖေဖော်ဝါရီလ (၄) ရက်နေ့မှာတော့ သူမရဲ့ ချစ်သူလေးကို ပရိသတ်တွေဆီ ထုတ်ပြခဲ့ပါတယ်။

အချစ်ရေးနဲ့ ပက်သတ်လို့ သတင်းမကြားရတဲ့ ခင်လေးနွယ်က ရုတ်တရက်ကြီး သူမရဲ့ ချစ်သူကို အလင်းပြလိုက်တဲ့အချိန်မှာတော့ ပရိသတ်တွေသာမက အနုပညာအသိုင်းအဝိုင်းကပါ အံ့သြနေကြတာ ဖြစ်ပါတယ်။

ခင်လေးနွယ်က ” ဟိုး ငယ်ငယ်ကထဲက ကျောင်းတူတူတက်ခဲ့တဲ့ သူငယ်ချင်း… ခုအသက်တွေကြီးလာတော့ ချစ်သူ… အသက်တွေ ဘယ်လောက်ကြီးကြီး.. ချစ်သူဖြစ်တာ ၁ နှစ်မပြည့်သေးပေမယ့် ကိုယ့်လို လူဆိုးတစ်ယောက်ကို နားလည်ပြီး ချစ်ပေးတဲ့အတွက်… ကျေးဇူးပါ… ချစ်သူ” ဆိုပြီး သူမရဲ့ ချစ်သူအကြောင်း ပြောပြထားပါတယ်။

ခင်လေးနွယ်က ချစ်သူလေးကို ထုတ်ပြလိုက်ပြီဆိုတော့ မကြာခင်မှာ မင်္ဂလာသတင်းကြားရမလားဆိုတာ ရင်ခုန်စရာပါပဲနော်။ ပရိသတ်ကြီးလည်း ခင်လေးနွယ်တို့ ချစ်သူနှစ်ဦး ပျော်ရွှင်စွာပေါင်းဖက်နိုင်ဖို့ ဆုတောင်းပေးကြပါဦးနော်။

မိုမိုလေး