(၇)ရက်အတွင်း (၈)ပေါင်ကျော်ဝိတ်ကျသွားစေခဲ့တဲ့ နည်းလမ်းကိုပြောပြလာတဲ့ တင်ဇာမော်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source -–Tin Zar Maw
Chilli – CeleGabar

Unicode ဖြင့်ဖတ်ပါ
★★★★★

ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော်ဖြစ်တဲ့ အဆိုတော် တင်ဇာမော်ကတော့ လောလောလတ်လတ် ဒီရက်ပိုင်းထဲမှာ ဝိတ်တွေ(၈)ပေါင်လောက်ကို ကျသွားပါပြီတဲ့။ရက်ပေါင်း (၇)ရက်အတွင်းမှာကို ဝိတ်(၈)ပေါင်ကျော်ကျော်ကျသွားခဲ့တာဖြစ်ပြီး တစ်ရက်ကို (၁)ပေါင်ကျော်ကျော်လောက်ကို ကျသွားခဲ့တာပါ။ အခုလို ဝိတ်တွေကျပြီး ပိုပိုလှလာတဲ့အတွက်ကို တင်ဇာမော်က ပျော်ရွှင်ကျေနပ်နေခဲ့ပါသေးတယ်။

အဆိုတော် တင်ဇာမော် ကိုယ်တိုင်တောင် အံ့သြဝမ်းသာမဆုံးဖြစ်ခဲ့ရတဲ့ တစ်ရက်ကို (၁)ပေါင်ကျော်နီးပါးကျသွားခဲ့တဲ့ အကြောင်းရင်းကတော့ (၇)ရက်လောက် သက်သက်လွတ်စားခဲ့ရင်းကနေ စားချင်စိတ်တွေဖြစ်နေတာကို ထိန်းထားခဲ့တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ “(၇)ရက်လေး သက်သက်လွတ်စားရင်း စားချင်စိတ်ဆိုတဲ့ လောဘကို စောင့်ကြည့်ပြီး ထိန်းသိမ်းလိုက်တာ မထင်မှတ်ဘဲ (၈)ပေါင်ကျော်ကျော် ကျသွားတာ အံ့သြမဆုံးဘူး ကျေနပ်တာ” ဆိုပြီး ဝိတ်ကျသွားခဲ့တဲ့ အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။

အခုလို သက်သက်လွတ်စားရင်းကနေ စားချင်တဲ့ လောဘစိတ်ကို ထိန်းပြီးနေခဲ့တာကြောင့် ဝိတ်တွေကျပြီး လှသွားခဲ့တာဆိုတော့ တင်ဇာမော်တစ်ယောက်က ကုသိုလ်လည်းရ လှလည်းလှဖြစ်သွားခဲ့ရတာပေါ့။ CeleGabar ပရိသတ်ကြီးတွေလည်း အဆိုတော် တင်ဇာမော်လို ကုသိုလ်လည်းရ လှလည်းလှဖြစ်သွားစေမဲ့ ဒီလို အခွင့်အရေးလေးကို စမ်းသပ်ကြည့်လို့ရအောင် ဒီအကြောင်းလေးကို မျှဝေဖော်ပြပေးလိုက်ပါတယ်။

Source -–Tin Zar Maw
Chilli – CeleGabar