ရိုက်ကွင်းပေါ်မှာ ကတုံးတုံးဖြစ်သွားတဲ့အကြောင်းပြောလာတဲ့ မေ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ကိုယ့္စိတ္က ဘာျဖစ္သြားမလဲဆိုတာကို သိခ်င္လို႔။ ေမ ကေတာ့ သီခ်င္းအသစ္ေလးထဲမွာ သူ႔လက္နဲ႔ အမွန္တကယ္ ကတုံး တုံးလိုက္တဲ့ အေၾကာင္း ေျပာျပလာပါတယ္။ သူ အားက်ရတဲ့အဆိုေတာ္ေတြကို အားက်လို႔ အခုလို လုပ္ျဖစ္ခဲ့တာပါတဲ့။အဆိုေတာ္ ေမ ကေတာ့ ရႈတင္တစ္ခုမွာ အမွန္တကယ္ ကတုံးတုံးလိုက္တဲ့အေၾကာင္းကို ေျပာျပလာပါတယ္။ သူကိုယ္တိုင္ ကတုံး တုန္းခဲ့တာျဖစ္ၿပီး “Good Bye” ဆိုတဲ့ သီခ်င္းေလးကို အသက္သြင္းလိုက္တာျဖစ္တယ္လို႔  အင္တာဗ်ဴးကေန ေျဖဆိုခဲ့ပါတယ္။

“ အဲဒါက မႏွစ္ကတုန္းကပါ။ ကတုံး တုံးတဲ့ဗီဒီယို တစ္ခု႐ိုက္ခ်င္တယ္ေပါ့။ ၿပီးေတာ့ ညီမႀကိဳက္တဲ့ အဆိုေတာ္ေတြရဲ႕ Music Video ေတြလည္းၾကည့္ျဖစ္တယ္။ သူတို႔က ေယာက်္ားေလးေတြလည္းျဖစ္တယ္ 51 pilots ေပါ့ သူတို႔ကလည္း သီခ်င္းဆိုေနရင္းနဲ႔ ဆံပင္ကို ရွိတ္ထိုးလိုက္တာေပါ့။ အဲဒီေတာ့ ကိုယ္လည္း Emotion တစ္ခုျဖစ္သြားတယ္၊ ငါသာအဲဒီလိုလုပ္ရင္ ဘယ္လိုခံစားရမလဲေပါ့ဆိုၿပီးေတာ့ ဒီ Video ေလးကို႐ိုက္ျဖစ္သြားတယ္”လို႔ သူကဆိုပါတယ္။

“Good Bye”သီခ်င္းေလးကိုလည္း ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ ၂၉ ရက္ေန႔က ေမ ရဲ႕ Facebook Page မွာတင္ခဲ့တာ ေတြ႕ရပါတယ္။ ဒီသီခ်င္းေလးကိုလည္း ပရိသတ္ေတြက အရမ္းအံ့အားသင့္ခဲ့တယ္လို႔ ေမ က ေျပာပါတယ္။” Music Video ကလည္း တင္ၿပီးသြားပါၿပီ။ ပရိသတ္ေတြကလည္း Share ၿပီးေတာ့ တကယ္ကတုံး တုံးလိုက္တာလား ဆိုၿပီးေတာ့ ေမးၾကတာေပါ့။ တကယ္ ကတုံးတုံးတဲ့ ပုံေလးေတြကလည္း အမွတ္တရ ျပန္တင္လိုက္တာပါ။ အဲဒီ ဗီဒီယို ထြက္ကတည္းက ပရိသတ္ေတြကလည္း တကယ္တုံးမွန္း သိလိုက္တာပါ။ ဒီသီခ်င္းက အရင္လုပ္ေနၾကပုံစံမ်ိဳးမဟုတ္ပဲ သီခ်င္းထြက္ၿပီးမွ Music Video ႐ိုက္တာမဟုတ္ပဲ၊ Music Video ႐ိုက္ၿပီးမွ သီခ်င္းထြက္ခဲ့တာပါ” လို႔ဆိုပါတယ္။

လက္ရွိမွာေတာ့ ေမ ရဲ႕ သီခ်င္းေလးေတြက လူငယ္ပရိသတ္ေတြၾကားမွာ ေရပန္းစားလို႔ေနပါတယ္။ သီခ်င္းတစ္ပုဒ္ထြက္တိုင္း ပရိသတ္အႀကိဳက္နဲ႔ ထပ္တူက်ခဲ့တာျဖစ္ပါတယ္။ သီခ်င္းတိုင္းကိုလည္း စိတ္တိုင္းက် ပုံေဖာ္ခဲ့တာပါလို႔ သူက ေျပာပါတယ္။“ေနာက္ထပ္ Music Video ေတြမွာေတာ့ ထူးထူးဆန္းဆန္းေတြ လုပ္သြားမွာ မဟုတ္ေသးဘူး။ ဒါကလည္း မႏွစ္ကတုန္းက ႐ိုက္ခ်င္လြန္းလို႔သာ ႐ိုက္လိုက္တာ။ ကတုံး တုံးၾကည့္လိုက္ရင္ ငါ့ စိတ္ ဘာျဖစ္မလဲ ဆိုတာ သိခ်င္လို႔ တုံးလိုက္တာ။ ႐ိုက္ကာနီးေတာ့လည္း မ႐ိုက္ေတာ့ဘူးလို႔လုပ္မိေသးတယ္။ ဒါေပမယ့္ ကိုယ့္ ဦးေႏွာက္ထဲမွာ ဒါကို လုပ္ခ်င္တယ္လို႔ ဆုံးျဖတ္ၿပီးရင္ လုပ္ရမယ္ဆိုတဲ့ စိတ္နဲ႔ ႐ိုက္လိုက္တဲ့ သေဘာပါ” ဆိုၿပီးေတာ့ ဆက္လက္ ေျပာျပလာပါတယ္။

ေမ ကိုေတာ့ ပရိသတ္ေတြက သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ စတင္သိရွိခဲ့တာျဖစ္ပါတယ္။ ဗီဒီယို ဇာတ္ကားေတြလည္း ႐ိုက္ကူးခဲ့သူျဖစ္သလို တီဗီေၾကာ္ျငာေတြလည္း ႐ိုက္ကူးထားတာ ေတြ႕ရပါတယ္။ သ႐ုပ္ေဆာင္လုပ္တာ ၾကာလာတဲ့အခ်ိန္မွာေတာ့ သူမက ဂီတေလာကထဲက ဝင္ေရာက္လာခဲ့ပါတယ္။ ပထမဆုံးတစ္ကိုယ္ေတာ္အေခြျဖစ္တဲ့ “Marry Me” ဆိုတဲ့ သီခ်င္းကိုေတာ့ ၂၀၁၇ ခုႏွစ္က ထြက္ရွိခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ Single Song ေလးေတြ ထြက္ရွိလာတာ ေတြ႕ရပါတယ္။

Unicode ဖြင့်ဖတ်ပါ
★★★★★

ကိုယ့်စိတ်က ဘာဖြစ်သွားမလဲဆိုတာကို သိချင်လို့။ မေ ကတော့ သီချင်းအသစ်လေးထဲမှာ သူ့လက်နဲ့ အမှန်တကယ် ကတုံး တုံးလိုက်တဲ့ အကြောင်း ပြောပြလာပါတယ်။ သူ အားကျရတဲ့အဆိုတော်တွေကို အားကျလို့ အခုလို လုပ်ဖြစ်ခဲ့တာပါတဲ့။အဆိုတော် မေ ကတော့ ရှုတင်တစ်ခုမှာ အမှန်တကယ် ကတုံးတုံးလိုက်တဲ့အကြောင်းကို ပြောပြလာပါတယ်။ သူကိုယ်တိုင် ကတုံး တုန်းခဲ့တာဖြစ်ပြီး “Good Bye” ဆိုတဲ့ သီချင်းလေးကို အသက်သွင်းလိုက်တာဖြစ်တယ်လို့  အင်တာဗျူးကနေ ဖြေဆိုခဲ့ပါတယ်။

“ အဲဒါက မနှစ်ကတုန်းကပါ။ ကတုံး တုံးတဲ့ဗီဒီယို တစ်ခုရိုက်ချင်တယ်ပေါ့။ ပြီးတော့ ညီမကြိုက်တဲ့ အဆိုတော်တွေရဲ့ Music Video တွေလည်းကြည့်ဖြစ်တယ်။ သူတို့က ယောကျ်ားလေးတွေလည်းဖြစ်တယ် 51 pilots ပေါ့ သူတို့ကလည်း သီချင်းဆိုနေရင်းနဲ့ ဆံပင်ကို ရှိတ်ထိုးလိုက်တာပေါ့။ အဲဒီတော့ ကိုယ်လည်း Emotion တစ်ခုဖြစ်သွားတယ်၊ ငါသာအဲဒီလိုလုပ်ရင် ဘယ်လိုခံစားရမလဲပေါ့ဆိုပြီးတော့ ဒီ Video လေးကိုရိုက်ဖြစ်သွားတယ်”လို့ သူကဆိုပါတယ်။

“Good Bye”သီချင်းလေးကိုလည်း ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က မေ ရဲ့ Facebook Page မှာတင်ခဲ့တာ တွေ့ရပါတယ်။ ဒီသီချင်းလေးကိုလည်း ပရိသတ်တွေက အရမ်းအံ့အားသင့်ခဲ့တယ်လို့ မေ က ပြောပါတယ်။” Music Video ကလည်း တင်ပြီးသွားပါပြီ။ ပရိသတ်တွေကလည်း Share ပြီးတော့ တကယ်ကတုံး တုံးလိုက်တာလား ဆိုပြီးတော့ မေးကြတာပေါ့။ တကယ် ကတုံးတုံးတဲ့ ပုံလေးတွေကလည်း အမှတ်တရ ပြန်တင်လိုက်တာပါ။ အဲဒီ ဗီဒီယို ထွက်ကတည်းက ပရိသတ်တွေကလည်း တကယ်တုံးမှန်း သိလိုက်တာပါ။ ဒီသီချင်းက အရင်လုပ်နေကြပုံစံမျိုးမဟုတ်ပဲ သီချင်းထွက်ပြီးမှ Music Video ရိုက်တာမဟုတ်ပဲ၊ Music Video ရိုက်ပြီးမှ သီချင်းထွက်ခဲ့တာပါ” လို့ဆိုပါတယ်။

လက်ရှိမှာတော့ မေ ရဲ့ သီချင်းလေးတွေက လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားလို့နေပါတယ်။ သီချင်းတစ်ပုဒ်ထွက်တိုင်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တာဖြစ်ပါတယ်။ သီချင်းတိုင်းကိုလည်း စိတ်တိုင်းကျ ပုံဖော်ခဲ့တာပါလို့ သူက ပြောပါတယ်။“နောက်ထပ် Music Video တွေမှာတော့ ထူးထူးဆန်းဆန်းတွေ လုပ်သွားမှာ မဟုတ်သေးဘူး။ ဒါကလည်း မနှစ်ကတုန်းက ရိုက်ချင်လွန်းလို့သာ ရိုက်လိုက်တာ။ ကတုံး တုံးကြည့်လိုက်ရင် ငါ့ စိတ် ဘာဖြစ်မလဲ ဆိုတာ သိချင်လို့ တုံးလိုက်တာ။ ရိုက်ကာနီးတော့လည်း မရိုက်တော့ဘူးလို့လုပ်မိသေးတယ်။ ဒါပေမယ့် ကိုယ့် ဦးနှောက်ထဲမှာ ဒါကို လုပ်ချင်တယ်လို့ ဆုံးဖြတ်ပြီးရင် လုပ်ရမယ်ဆိုတဲ့ စိတ်နဲ့ ရိုက်လိုက်တဲ့ သဘောပါ” ဆိုပြီးတော့ ဆက်လက် ပြောပြလာပါတယ်။

မေ ကိုတော့ ပရိသတ်တွေက သရုပ်ဆောင်တစ်ယောက်အဖြစ် စတင်သိရှိခဲ့တာဖြစ်ပါတယ်။ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့သူဖြစ်သလို တီဗီကြော်ငြာတွေလည်း ရိုက်ကူးထားတာ တွေ့ရပါတယ်။ သရုပ်ဆောင်လုပ်တာ ကြာလာတဲ့အချိန်မှာတော့ သူမက ဂီတလောကထဲက ဝင်ရောက်လာခဲ့ပါတယ်။ ပထမဆုံးတစ်ကိုယ်တော်အခွေဖြစ်တဲ့ “Marry Me” ဆိုတဲ့ သီချင်းကိုတော့ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Single Song လေးတွေ ထွက်ရှိလာတာ တွေ့ရပါတယ်။