အိမ့်ချစ်ရဲ့ မင်္ဂလာသတင်းနဲ့ ပတ်သက်ပြီး စိတ်ခံစားချက်ကိုရင်ဖွင့်လာတဲ့ ပိုပို

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source : Eint Chit

Unicode ဖြင့်ဖတ်ပါ
★★★★★

CeleConnectionsပရိသတ်ကြီးရေ လတ်တလောမှာရေပန်းစားလူပြောများနေတဲ့ အိမ့်ချစ်ရဲ့ မင်္ဂလာသတင်း ပြောပြလာတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အနုပညာရှင်များစွာက ဂုဏ်ပြုစကားမှတ်ချက်လေးတွေပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ မှတ်ချက်ပေးတဲ့အနုပညာရှင်တွေထဲမှာ ပြည်သူ့အချစ်တော်အဆိုတော်ပိုပိုလည်းအပါအဝင်ပါပဲနော်။

ပိုပိုကတော့ အလွမ်းအဆွေးသီချင်းတွေကို ပိုင်ပိုင်နိုင်နိုင် သီဆိုတတ်တဲ့ အမျိုးသမီးအဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။အလှူအတန်းတွေမကြာခဏပြုလုပ်တတ်တဲ့ ပိုပိုရဲ့ အချစ်ရေးကတော့ တစ်ကိုယ်တည်းSingleအဖြစ်နဲ့ အေးချမ်းတည်ငြိမ်စွာ ဘဝကိုဖြတ်သန်းနေတဲ့ သူလို့ဆိုရမှာပါ။တစ်ချို့သောပရိသတ်တွေက မိန်းကလေးချင်း ချစ်နေတယ်လို့ အမြင်မှားပေမယ့် သူမကတေယ့ပွင့်လင်းစွာဖြေရှင်ခဲ့တာပဲ ဖြစ်ပါတယ်။ သူမအနေနဲ့ ခပ်မိုက်မိုက်ကောင်လေးတွေကိုသဘောကျတတ်ပြီး မိန်းကလေးချင်စိတ်မဝင်စားပါဘူးတဲ့နော်။

အိမ့်ချစ်ရဲ့ မဂလာသတင်းဖော်ပြထားတဲ့ ပိုစ့်မှာ ပိုပိုကတော့”ပျော်ကြပါစေနော်။ အားကျပြီးပျော်နေတယ် ”ဆိုတဲ့ မှတ်ချက်လေးဝင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ပရိသတ်တွေကတော့ ပိုပိုကရော ဘယ်တော့ စားရမှာလဲ ဆိုတဲ့ မှတ်ချက်လေးတွေအပေးခံနေရတာတွေ့ရပါတယ်။ CeleConnectionsပရိသတ်ကြီးရော ပိုပို့ကို အိမ်ထောင်ထက်ရွေးချယ်စေချင်နေပြီလားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။

Source : Eint Chit
Candy -CeleConnections