Paris မျှော်စင်ကြီးရှေ့မှာ ချစ်သူရဲ့ လက်ထပ်ခွင့်တောင်းတာ ခံလိုက်ရတဲ့ အိမ့်ချစ်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

အဆိုေတာ္ အိမ့္ခ်စ္က သူမခ်စ္သူရဲ႕ လက္ထပ္ခြင့္ေတာင္းခံမွုကို မထင္မွတ္ထားတဲ့အခ်ိန္မွာ ၾကံဳေတြ႔လုိက္ရပါတယ္။

ဂီတေလာကမွာ အိမ့္ခ်စ္ဆိုတဲ့နာမည္တစ္လံုးျဖစ္လာဖုိ႔ ငယ္စဥ္တည္းက ၾကိဳးစားလာခဲ့တဲ့ အိမ့္ခ်စ္အေၾကာင္း ပရိသတ္ေတြ သိၾကမွာပါေနာ္။ အိမ့္ခ်စ္ဟာ ဖခင္ျဖစ္သူ ခ်စ္ေကာင္းရဲ႕ သမီးျဖစ္ေပမယ့္ ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္တည္ျပီး ၾကိဳးစားရတာကို ႏွစ္သက္သူတစ္ဦးပါ။

ဘာသာတရားကိုင္းရွိုင္းျပီး မိဘအေပၚမွာလည္း သိတတ္လြန္းတဲ့ အိမ့္ခ်စ္က မိသားစုတစ္ခုလံုးအတြက္ အျပည့္အဝ တာဝန္ယူထားႏိုင္သူလည္းျဖစ္ပါတယ္။ ယေန႔အခ်ိန္ထိ အပ်ိဳၾကီးဘဝနဲ႔ရပ္တည္လာတဲ့ အိမ့္ခ်စ္ကေတာ့ မၾကာခင္အခ်ိန္မွာပဲ အပ်ိဳၾကီးဘဝကို စြန္႔လႊတ္ေတာ့မွာပါ။ သူမက ခ်စ္သူရဲ႕ မထင္မွတ္ထားတ့ဲ Propose ကို ၾကံဳေတြ႔ခံစားလိုက္ရပါျပီ။

“မထင္မွတ္ထားတဲ့ အခ်ိန္မွာ Propose လုပ္တဲ့သူ အခ်စ္ေတြေပးတဲ့သူ ေအးခ်မ္းတဲ့ေမတၱာေတြေပးသူ လုံၿခဳံေႏြးေထြးမႈေတြေပးသူ အေဖလိုအကိုလိုေစာင့္ေရွာက္ေပးသူ သူငယ္ခ်င္းတစ္ေယာက္လိုေပ်ာ္႐ႊင္မႈေတြေပးသူ သူနဲ႔တူတူဘဝတစ္ခုထူေထာင္ဖို႔ ဆုံးျဖတ္လိုက္ၿပီမို႔ I said YES..!!!” လို႔ သူမရဲ႕ လူမွုကြန္ယက္ေဖ့ဘုတ္အေကာင့္ကေန ေပ်ာ္ရႊင္ဖြယ္ေရးသားလာတာပါ။

I said Yes လို႔ ေျပာလိုက္တဲ့ အိမ့္ခ်စ္တစ္ေယာက္ သူခ်စ္တဲ့ ခ်စ္သူနဲ႔ ဘဝတစ္သက္တာလံုး ေပ်ာ္ရႊင္စြာလက္တြဲသြားႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလုိက္ပါတယ္။

Cele Star

Unicode ဖြင့်ဖတ်ပါ
★★★★★

အဆိုတော် အိမ့်ချစ်က သူမချစ်သူရဲ့ လက်ထပ်ခွင့်တောင်းခံမှုကို မထင်မှတ်ထားတဲ့အချိန်မှာ ကြုံတွေ့လိုက်ရပါတယ်။

ဂီတလောကမှာ အိမ့်ချစ်ဆိုတဲ့နာမည်တစ်လုံးဖြစ်လာဖို့ ငယ်စဉ်တည်းက ကြိုးစားလာခဲ့တဲ့ အိမ့်ချစ်အကြောင်း ပရိသတ်တွေ သိကြမှာပါနော်။ အိမ့်ချစ်ဟာ ဖခင်ဖြစ်သူ ချစ်ကောင်းရဲ့ သမီးဖြစ်ပေမယ့် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး ကြိုးစားရတာကို နှစ်သက်သူတစ်ဦးပါ။

ဘာသာတရားကိုင်းရှိုင်းပြီး မိဘအပေါ်မှာလည်း သိတတ်လွန်းတဲ့ အိမ့်ချစ်က မိသားစုတစ်ခုလုံးအတွက် အပြည့်အဝ တာဝန်ယူထားနိုင်သူလည်းဖြစ်ပါတယ်။ ယနေ့အချိန်ထိ အပျိုကြီးဘဝနဲ့ရပ်တည်လာတဲ့ အိမ့်ချစ်ကတော့ မကြာခင်အချိန်မှာပဲ အပျိုကြီးဘဝကို စွန့်လွှတ်တော့မှာပါ။ သူမက ချစ်သူရဲ့ မထင်မှတ်ထားတဲ့ Propose ကို ကြုံတွေ့ခံစားလိုက်ရပါပြီ။

“မထင်မှတ်ထားတဲ့ အချိန်မှာ Propose လုပ်တဲ့သူ အချစ်တွေပေးတဲ့သူ အေးချမ်းတဲ့မေတ္တာတွေပေးသူ လုံခြုံနွေးထွေးမှုတွေပေးသူ အဖေလိုအကိုလိုစောင့်ရှောက်ပေးသူ သူငယ်ချင်းတစ်ယောက်လိုပျော်ရွှင်မှုတွေပေးသူ သူနဲ့တူတူဘဝတစ်ခုထူထောင်ဖို့ ဆုံးဖြတ်လိုက်ပြီမို့ I said YES..!!!” လို့ သူမရဲ့ လူမှုကွန်ယက်ဖေ့ဘုတ်အကောင့်ကနေ ပျော်ရွှင်ဖွယ်ရေးသားလာတာပါ။

I said Yes လို့ ပြောလိုက်တဲ့ အိမ့်ချစ်တစ်ယောက် သူချစ်တဲ့ ချစ်သူနဲ့ ဘဝတစ်သက်တာလုံး ပျော်ရွှင်စွာလက်တွဲသွားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Cele Star