ချစ်သူက ဗုဒ္ဓသာမြန်မာလူမျိုးစစ်ပါလို့ ဆိုတဲ့ အိမ့်ချစ်
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
ဗုဒ္ဓဘာသာမြန်မာလူမျိုးစစ်စစ်ပါလို့ ပြီးတော့သူက ၃နှစ် ကြီးတာပါလို့
may (Cctv)
Source – eainy chit
Unicode ဖြင့်ဖတ်ပါ
★★★★★
ယနေ့မှာတော့ ပရိသတ်တွေရဲ့ ထင်မှတ်မထားတဲ့သတင်းတစ်ခုက လူမှုကွန်ယက်မှာ ပျံ့နှံ့လို့နေပါတယ်။ အဆိုပါသတင်းကတော့ ကြားရခဲလှတဲ့ နိုင်ငံကျော်အဆိုတော် အိမ့်ချစ်ရဲ့ အချစ်ရေးပါဘဲနော် ။ သူမဟာ ပဲရစ်မြို့ကို ချစ်သူအပါအဝင် မိသားနဲ့အတူ အပန်း​ဖြေခရီးသွားရင်း ချစ်သူရဲ့ လက်ထပ်ခွင့်တောင်းခြင်းကို ခံခဲ့ရတာလဲ ဖြစ်ပါတယ်။
ချစ်သူရဲ့ ထင်မှတ်မထားတဲ့ လက်ထပ်ခွင့်တောင်းတဲ့ ပုံစံလေးကို ဗီဒီယိုလေးနဲ့အတူ စာသားတစ်ချို့ရေးသားခဲ့ပါတယ်။ အဲ့ဒါကတော့ ” သူကသူ့အလုပ်ကြောင့် Germany ကိုမကြာခဏလာရတတ်တယ် ။ သူဒီတစ်ခါသွားရင်လိုက်ခဲ့ပါလားအမေရောမောင်လေးရောနဲ့ တူတူသွားကြမယ် အသံလဲနာနေပြီမို့ခရီးထွက်မှပဲ အသံလဲအနားရမှာဆိုတာနဲ့ထွက်လာခဲ့ကြတာ”
“ဂျာမနီကနေပြင်သစ်လဲလည်ကြမယ်ဆိုပြီးလာကြတာ ရောက်ရောက်ခြင်းမှာပဲ ရထားပေါ်အတက် ဖုန်းလုပြေးခံရတယ်ဖုန်းကလဲသူ့ဖုန်းကိုယ်ကကိုင်ထားတာ စိတ်လဲရှုပ် စိတ်လဲညစ်ကိုယ့်ကြောင့်ဖြစ်တာမို့အားလဲနာဖြစ်နေရတာ သူကမဖြစ်ပါနဲ့ Eiffel Tower ဖက်စိတ်ပြေလက်ပျောက်လမ်းလျှောက်ကြမယ် ဆိုတာနဲ့သွားကြတာ Eiffel Tower ရှေ့ရောက်တော့ Junior လေးကို ငါ့ကိုဓာတ်ပုံရိုက်ပေးဆိုပြီး ရိုက်ခိုင်းပြီး”
“နောက်လှည့်ကြည့်လိုက်တော့ သူက လက်စွပ်ဘူးလေးဖွင့်ပြီးPropose လုပ်တော့တာပဲ အဲ့အချိန်မှာထင်မှတ်မထားတော့ရီရမလိုငိုရမလိုခုန်ရမလိုထိုင်ရမလိုထရမလိုနဲ့ ဘာပြောရမလဲမသိ စကားတွေအများကြီးပြောနေမိပြီး ​အပျော်တွေလွန်နေတာ… Video လေးက junior လေးခိုးရိုက်ထားတာလေးတွေ ဘဝရဲ့အမှတ်တရအချိန်လေးတစ်ခုပါပဲ…”လို့ ဆိုကာ ပျော်ရွှင်ကြည်နူးနေတဲ့ ဗီဒီယိုလေးနဲ့ အတူရေးသားခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ သူမရဲ့ချစ်သူက ဘာလူမျိုးလဲလို့မေးလာကြတဲ့ အဖြေကို ” ရုပ်တူတယ်ပြောကြသလို မြန်မာလား ငယ်လားမေးကြလို့ ရုပ်ကတော့ဘာလို့လာတူလဲမသိပါဘူးလေ
ဗုဒ္ဓဘာသာမြန်မာလူမျိူးစစ်စစ်ပါလို့ ပြီးတော့သူက ၃နှစ် ကြီးတာပါလို့
” ဆိုကာပြောပြထားပါသေးတယ်။
အိမ့်ချစ်ရဲ့ ချစ်သုကောင်လေးချောချောလေးကို တွေရလို့ သဘောတွေ ကျနေကြပြီမဟုတ်လား ။ သူတို့ချစ်သုနှစ်ဦးရဲ့ကြည်နူးစရာ ဗီဒီယို လေးတွေကိုလဲ မျှဝပေးလိုက်ပါတယ်။
may (Cctv)
Source – eainy chit