ည(၁၂)နာရီထိုးမှာ အာဇာနည်အတွက် မွေးနေ့ Surprise လုပ်ပေးလိုက်တဲ့ ဝမ်း

ဇ္ဂော်ီ / ယူနီကုဒ်

Zawgyiျဖင့္ဖတ္ပါ
★★★★★




Rainbow- Cele Gabar

Unicode ဖြင့်ဖတ်ပါ
★★★★★

“ည(၁၂)နာရီထိုးမှာ အာဇာနည်အတွက် မွေးနေ့ Surprise လုပ်ပေးလိုက်တဲ့ ဝမ်း”

ဂီတနယ်ပယ်မှာ ခေတ်တစ်ခေတ်ဖြစ်ခဲ့တဲ့ အာဇာနည်ကတော့ ယနေ့အချိန်ထိလည်း သူ့ရဲ့သီချင်းတွေနဲ့ ပရိသတ်ကိုလွှမ်းမိုးထားနိုင်စဲ အဆိုတော်တစ်ယောက်ပါ။အာဇာနည်ကတော့ တစ်ကိုယ်တော်အခွေတွေနဲ့ တွဲဖက်အခွေတွေလည်း များစွာထွက်ရှိထားပြီး သီချင်းတိုင်းနီးပါးကလည်း ပရိသတ်ရဲ့ပါးစပ်ဖျားမှာ လက်ရှိအချိန်ထိရေပန်းစားနေဆဲဖြစ်ပါတယ်။

သူကတော့ ဒီနေ့ဖေဖော်ဝါရီလ(၆)ရက်နေ့လေးမှာ အသက်(၄၂)နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး ဇနီးချောလေးဝမ်းကတော့ ဒီနေ့လေးကိုကူးပြောင်းမယ့် ည(၁၂)နာရီအချိန်လေးမှာ ခင်ပွန်းဖြစ်သူကို မွေးနေ့ကိတ်လေးနဲ့Surprise လုပ်ပေးခဲ့တာပါ။ “Happy Birthday Kyar Youk မွေးနေ့မှသည် ကျန်းမာအေးချမ်းပျော်ရွှင်ပါစေ… Kyal Kyal နဲ့ငယ်လေး စီစဉ်မှုနဲ့ Surprise Birthday လေးလုပ်ဖြစ်လိုက်တယ်… အချိန်မတော် Birthday Cake လေးလုပ်ပြီးပေးတဲ့ ဘုတ်ဘုတ်အားလုံး အားလုံးကျေးဇူးအထူးပါ… သမီးတွေရဲ့အစီအစဉ်မှာ အိပ်ရေးပျက်သွားတဲ့မားမား Sorry ပါ..သားလေးနှစ်ယောက်အိပ်ပျော်နေလို့ မပါလိုက်ရဘူး” ဆိုပြီးရေးသားကာ ပရိသတ်ကြီးအတွက် ဝေမျှပေးခဲ့ပါတယ်။

ဆယ်လီကမ္ဘာပရိသတ်ကြီးရေ.. ဒီနေ့လေးကတော့ ပရိသတ်ရဲ့အချစ်တော်အာဇာနည်ရဲ့ အသက်(၄၂)နှစ်ပြည့်မွေးနေ့လေးဖြစ်တာမို့ မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးခဲ့ကြပါဦးနော်။
Source – Myat Thinzar KyawOnee
Rainbow- Cele Gabar