နွေးနွေးချစ်ဖွယ်နဲ့အတူ ဝတ်ဖြူစင်ကြယ်ဝတ်ပြီး ညောင်ဆယ်ပင် အဓိဌာန်ဝင်ခဲ့တဲ့ ယုန်လေး

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★








Cele Star

Unicode ဖြင့်ဖတ်ပါ
★★★★★

အဆိုတော် ယုန်လေးက နွေးနွေးချစ်ဖွယ်ရဲ့ Guide လုပ်ပြီး လမ်းပြပေးမှုနဲ့အတူ ညောင်ဆယ်ပင်အဓိဌာန်ဝင်နိုင်ခဲ့ပါတယ်။

အဆိုတော်တဖြစ်လဲ၊ ရုပ်ရှင်နဲ့ဒါရိုက်တာဖြစ်ရုံတင်မက သရုပ်ဆောင်အနေနဲ့ပါ အနုပညာလောကထဲမှာ ရပ်တည်နေသူ ယုန်လေးက အက်ရှင်ဇာတ်ကားပေါင်းများစွာနဲ့ ဂိုဏ်းစတားပုံစံ ရုပ်ရှင်ဇာတ်ကားတွေကို ဖန်တီးခဲ့သူပါ။

ဘဝကို ပွင့်လင်းစွာနဲ့အမြဲရိုးရိုးရှင်းရှင်းနေတတ်သူဖြစ်တာကြောင့်လည်း ပရိသတ်တွေက ယုန်လေးရဲ့ လူနေမှု ဘဝစတိုင်ကို သဘောကျနှစ်ခြိုက်ကြတာပါ။

ယုန်လေးက ဘဝကို အမြဲ ဗရုတ်ကျနေလို့မဖြစ်တာကြောင့် သူငယ်ချင်းဖြစ်သူ နွေးနွေးချစ်ဖွယ်ရဲ့ လမ်းညွှန်မှုနဲ့အတူ ညောင်ဆယ်ပင်အဓိဌာန် ဝင်ခဲ့တယ်လို့ ဆိုပါတယ်။

“အမြဲတန်း ဗရုပ်ကျနေလို့ မရဘူးလေ ညောင် ၁၀ ပင် အဓိဌာန် ဝင် . ဘေးက Guide လိုက်လုပ်ပေးတဲ့ နွေးနွေး ကို လည်းအထူးကျေးဇူးပါ . အားလုံး လိုအင်တွေပြည့်ပြီး အဆင်ပြေကျပါစေ . . .”

ပရိသတ်တွေက အက်ရှင်ဇာတ်ကားတွေပဲရိုက်တဲ့ လူဆိုးကြီးတစ်ယောက်လို့ မြင်နေကြပေမယ့် တကယ်တော့ ဘုရားတရားနဲ့ နေတတ်တဲ့ သူဆိုတာကို ယုန်လေးရဲ့ ဘာသာရေးအပေါ်သဘောထား ကိုင်းရှိုင်းပုံတွေကြည့်ပြီး ဆုံးဖြတ်လို့ရပါတယ်နော်။

ပရိသတ်ကြီးရေ…ယုန်လေးနဲ့ နွေးနွေးချစ်ဖွယ်တို့ရဲ့ ညောင်ဆယ်ပင်အဓိဌာန်ဝင်နေပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

Cele Star