သူငယ်ချင်းတွေနဲ့အတူဖွင့်ထားတဲ့ Page လေးက အောင်မြင်လို့ ဝမ်းသာနေတဲ့ သဇင်ထူးမြင့်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ေလးေယာက္ေပါင္းၿပီး Page ေလးတစ္ခုဖြင့္ထားတယ္။ သဇင္ထူးျမင့္တစ္ေယာက္ သူမရဲ႕ အစားေသာင္းက်န္းတာေတြ၊ Snap ေတြကို မွတ္တမ္းတင္ထားတဲ့ ဗီဒီယိုေတြ၊ ဓာတ္ပုံေတြရွိတယ္လို႔ ေျပာပါတယ္။ ဒါေတြကိုေတာ့ သူမနဲ႔အတူ ေနရဲ၊ မင္းခန႔္ကို၊ မင္းခန႔္ညီ တို႔နဲ႔ ေပါင္းၿပီးဖြင့္ထားတဲ့ Page မွာ ေတြ႕ရမွာပါလို႔ဆိုပါတယ္။ သဇင္ထူးျမင့္ကေတာ့ အစ္ကိုျဖစ္သူ ေနရဲ၊ သူငယ္ခ်င္းျဖစ္သူ မင္းခန႔္ကို၊ မင္းခန႔္ညီ တို႔နဲ႔ အတူေပါင္းၿပီး Dream Create Do ဆိုတဲ့ Facebook Page ေလးေထာင္ထားတယ္လို႔ သိရပါတယ္။ သူငယ္ခ်င္းေတြ အတူတူ႐ိုက္တဲ့ ဇာတ္လမ္းတိုေလးေတြလည္းရွိတယ္လို႔  အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။

“ Page ကက်ေတာ့ အရင္တုန္းက သဲတို႔ အႁမႊာအစ္ကိုႏွစ္ေယာက္နဲ႔ ဇာတ္လမ္းတိုေလး ႐ိုက္ဖူးတယ္။ ဒီတစ္ေခါက္က်ေတာ့ ကိုႀကီးက Social ဘက္ေလး သြားခ်င္တယ္ဆိုေတာ့ Vlog ေလးေတြ႐ိုက္ၾကမလားေပါ့။ ဒါဆိုရင္ ဟိုဘက္က ညီအစ္ကိုႏွစ္ေယာက္၊ ဒီဘက္က ေမာင္ႏွမ ႏွစ္ေယာက္ဆိုေတာ့ ပိုၿပီးေတာ့ စိတ္ဝင္စားဖို႔ေကာင္းမယ္ထင္ၿပီးေတာ့ ဒီလိုေလး လုပ္ျဖစ္သြားတာေပ့ါ”လို႔ သူက ေျပာပါတယ္။

Dream Create Do Page မွာေတာ့ သူတို႔ေတြကိုယ္တိုင္ ေလ့လာၿပီး ထူးျခားတဲ့ အရာေလး ေတြ၊ ေပ်ာ္စရာေကာင္းတာေလးေတြကို တင္ဆက္ေပးေလ့ရွိတယ္လို႔ သဇင္ထူးျမင့္က ေျပာပါတယ္။“ ေလာေလာဆယ္ကေတာ့ ဖုန္းနဲ႔႐ိုက္တာ၊ ေနာက္ပိုင္းက်ရင္ေတာ့ ကင္မရာေလးနဲ႔ ေသေသခ်ာခ်ာ႐ိုက္မယ္။ Page ကလည္း Follower အရမ္းတက္တာကိုး။ တကယ့္အျပင္က ပုံစံကို ပရိသတ္ေတြ သိသြားတဲ့အခ်ိန္မွာ အရမ္းေပ်ာ္စရာေကာင္းတယ္။ ရယ္လည္း ရယ္ရတယ္။ ၿပီးေတာ့ ဒီအဖြဲ႕က အစားေသာင္းက်န္းတယ္ဆိုတာကို သိသြားတာေပါ့။ ဒါေတြက တကယ့္ အျပင္ပုံစံ အစစ္ေတြေပါ့” လို႔ ဆိုပါတယ္။

သဇင္ထူးျမင့္ကေတာ့ Dream Create Do Page မွာ သူရဲ႕ Snap ေတြ၊ အစားေသာင္းက်န္းတာေတြကို ေတြ႕ျမင္ရမွာျဖစ္ပါတယ္တဲ့။ Page စလုပ္တဲ့ေန႔မွာ ေအာင္ျမင္မႈေတြ ရခဲ့တာေၾကာင့္လည္း အရမ္းေပ်ာ္တယ္လို႔ဆိုပါတယ္။ “ Page မွာ စစတင္ျခင္း Page ကို တစ္သိန္းေက်ာ္မယ္လို႔ မခန႔္မွန္းထားဘူး။ တစ္ေသာင္းေလာက္ေတာင္ ရခ်င္မွ ရမယ္ေပါ့ေနာ္။ ဒါေပမယ့္ စစတင္ျခင္း ဗီဒီယိုက တစ္သိန္းေက်ာ္ေလာက္ ရသြားေတာ့ အရမ္းေပ်ာ္ၾကတာေပါ့” ဆိုၿပီးေတာ့ ေဖေဖာ္ဝါရီလ ၃ ရက္ေန႔က “Player” ႐ုပ္ရွင္ကားႀကီး အထူးျပပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

သဇင္ထူးျမင့္ကေတာ့ သ႐ုပ္ေဆာင္၊ ဒါ႐ိုက္တာ ခင္လႈိင္ရဲ႕ သမီးအငယ္ဆုံးေလး၊ သ႐ုပ္ေဆာင္ ေနရဲရဲ႕ ညီမအငယ္ဆုံးေလးတစ္ေယာက္ပါ။ ပညာေရးမွာလည္း ထူးခြၽန္သူျဖစ္သလို သ႐ုပ္ေဆာင္ဘက္မွာလည္း အေကာင္းဆုံးႀကိဳးစားေနတာ ေတြ႕ရပါတယ္။ တက္သစ္စ လူငယ္အႏုပညာရွင္ေတြထဲမွာ သဇင္ထူးျမင့္ကလည္း ပရိသတ္အခိုင္အမာနဲ႔ ေအာင္ျမင္လာတဲ့ လူငယ္ အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။

Unicode ဖြင့်ဖတ်ပါ
★★★★★

လေးယောက်ပေါင်းပြီး Page လေးတစ်ခုဖွင့်ထားတယ်။ သဇင်ထူးမြင့်တစ်ယောက် သူမရဲ့ အစားသောင်းကျန်းတာတွေ၊ Snap တွေကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေရှိတယ်လို့ ပြောပါတယ်။ ဒါတွေကိုတော့ သူမနဲ့အတူ နေရဲ၊ မင်းခန့်ကို၊ မင်းခန့်ညီ တို့နဲ့ ပေါင်းပြီးဖွင့်ထားတဲ့ Page မှာ တွေ့ရမှာပါလို့ဆိုပါတယ်။ သဇင်ထူးမြင့်ကတော့ အစ်ကိုဖြစ်သူ နေရဲ၊ သူငယ်ချင်းဖြစ်သူ မင်းခန့်ကို၊ မင်းခန့်ညီ တို့နဲ့ အတူပေါင်းပြီး Dream Create Do ဆိုတဲ့ Facebook Page လေးထောင်ထားတယ်လို့ သိရပါတယ်။ သူငယ်ချင်းတွေ အတူတူရိုက်တဲ့ ဇာတ်လမ်းတိုလေးတွေလည်းရှိတယ်လို့  အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

“ Page ကကျတော့ အရင်တုန်းက သဲတို့ အမြွှာအစ်ကိုနှစ်ယောက်နဲ့ ဇာတ်လမ်းတိုလေး ရိုက်ဖူးတယ်။ ဒီတစ်ခေါက်ကျတော့ ကိုကြီးက Social ဘက်လေး သွားချင်တယ်ဆိုတော့ Vlog လေးတွေရိုက်ကြမလားပေါ့။ ဒါဆိုရင် ဟိုဘက်က ညီအစ်ကိုနှစ်ယောက်၊ ဒီဘက်က မောင်နှမ နှစ်ယောက်ဆိုတော့ ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းမယ်ထင်ပြီးတော့ ဒီလိုလေး လုပ်ဖြစ်သွားတာပေ့ါ”လို့ သူက ပြောပါတယ်။

Dream Create Do Page မှာတော့ သူတို့တွေကိုယ်တိုင် လေ့လာပြီး ထူးခြားတဲ့ အရာလေး တွေ၊ ပျော်စရာကောင်းတာလေးတွေကို တင်ဆက်ပေးလေ့ရှိတယ်လို့ သဇင်ထူးမြင့်က ပြောပါတယ်။“ လောလောဆယ်ကတော့ ဖုန်းနဲ့ရိုက်တာ၊ နောက်ပိုင်းကျရင်တော့ ကင်မရာလေးနဲ့ သေသေချာချာရိုက်မယ်။ Page ကလည်း Follower အရမ်းတက်တာကိုး။ တကယ့်အပြင်က ပုံစံကို ပရိသတ်တွေ သိသွားတဲ့အချိန်မှာ အရမ်းပျော်စရာကောင်းတယ်။ ရယ်လည်း ရယ်ရတယ်။ ပြီးတော့ ဒီအဖွဲ့က အစားသောင်းကျန်းတယ်ဆိုတာကို သိသွားတာပေါ့။ ဒါတွေက တကယ့် အပြင်ပုံစံ အစစ်တွေပေါ့” လို့ ဆိုပါတယ်။

သဇင်ထူးမြင့်ကတော့ Dream Create Do Page မှာ သူရဲ့ Snap တွေ၊ အစားသောင်းကျန်းတာတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်တဲ့။ Page စလုပ်တဲ့နေ့မှာ အောင်မြင်မှုတွေ ရခဲ့တာကြောင့်လည်း အရမ်းပျော်တယ်လို့ဆိုပါတယ်။ “ Page မှာ စစတင်ခြင်း Page ကို တစ်သိန်းကျော်မယ်လို့ မခန့်မှန်းထားဘူး။ တစ်သောင်းလောက်တောင် ရချင်မှ ရမယ်ပေါ့နော်။ ဒါပေမယ့် စစတင်ခြင်း ဗီဒီယိုက တစ်သိန်းကျော်လောက် ရသွားတော့ အရမ်းပျော်ကြတာပေါ့” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၃ ရက်နေ့က “Player” ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

သဇင်ထူးမြင့်ကတော့ သရုပ်ဆောင်၊ ဒါရိုက်တာ ခင်လှိုင်ရဲ့ သမီးအငယ်ဆုံးလေး၊ သရုပ်ဆောင် နေရဲရဲ့ ညီမအငယ်ဆုံးလေးတစ်ယောက်ပါ။ ပညာရေးမှာလည်း ထူးချွန်သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း အကောင်းဆုံးကြိုးစားနေတာ တွေ့ရပါတယ်။ တက်သစ်စ လူငယ်အနုပညာရှင်တွေထဲမှာ သဇင်ထူးမြင့်ကလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်လာတဲ့ လူငယ် အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။