PreWedding ရိုက်ကူးနေပြီဖြစ်တဲ့ နေဝင်းနဲ့ အိမ့်ချစ် ချော

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

Snare အဖွဲ့က အဆိုတော် နေဝင်း နဲ့ အိမ့်ချစ် ချော တို့ စုံတွဲ ကတော့ ဆယ်လီ လောကရဲ့ နာမည်ကြီး စုံတွဲ ပါ။ကို နေဝင်း တစ်ယောက် မြန်မာတစ်နိုင်ငံလုံး က ပြည်သူတွေ ရဲ့ ရှေ့မှာ ချစ်သူကို လက်ထပ် ခွင့် တောင်းခဲ့တဲ့ ဖြစ်ရပ် ကတော့ လူမှုကွန်ရက်စာမျက်နှာ ပေါ်မှာ အရမ်းကို နာမည်ကြီးခဲ့ပါတယ်။မိန်းကလေးတွေ ကြားမှာ နေဝင်းလို ချစ်သူ မျိုး လိုချင်တယ်ဆိုပြီး တဖွ ဖွ ပြောယူရတဲ့ အထိ ကို ချစ်သူ အပေါ် သူ့ရဲ့ တန်ဖိုးထား ချစ်မြတ် နိုး မှုကို ပြခဲ့တာပါ။

အခုဆိုရင်တော့ သူတို့ စုံတွဲ လေးဟာ လက်ထပ်ကြဖို့ ပြင်ဆင်နေကြပါပြီ။Pre Wedding ပုံ ရိုက်ကူး နေတာ ကိုတော့ အိမ့်ချစ်ချောရဲ့ အ ကောင့်မှာ ဝေမျှ ထားပါတယ်။

အနေဝေးလည်း အချင်းချင်းအဆက်အသွယ် မပျက်ကြတဲ့ Harry and Meghan Markleဆိုပြီး အိမ့်ချစ်ချော က တင်ထားပါတယ်။ပုံထဲမှာတော့ သတို့ သမီး ဝတ်စုံနဲ့ အရမ်းလှ နေတဲ့ အိမ့်ချစ် ချော နဲ့ ခန့်ညား နေတဲ့ သတို့ သား လောင်း နေ ဝင်း တို့ ကို တွေ့ရမှာပါ။

နေဝင်းနဲ့ သူ့ရဲ့ ချစ်သူ အိမ့်ချစ်ချော တို့က တွဲလာ တာ (၁၀) နှစ်ရှိခဲ့ပါပြီ။ပြီးခဲ့တဲ့ ဒီဇင်ဘာ (၂၅)ရက်နေ့ကလည်း ချစ်သူနဲ့ ချစ်သက်တမ်း (၁၀)နှစ်ပြည့်ခဲ့တာပါ။ချစ်သူသက်တမ်း (၁၀)နှစ်ပြည့်ပြီး ရက်ပိုင်း အကျော် ဒီဇင်ဘာ (၃၁)မှာတော့ နေဝင်းက Forever Group ရဲ့ New Year Countdown ပွဲမှာ ပါဝင် ဖျော် ဖြေရင်းနဲ့ ချစ်သူကို လက်ထပ် ခွင့် တောင်းခဲ့ပါတယ်။