ဓနုဖြူမြို့က ရဟတ်ယာဉ်နဲ့ဆောင်တဲ့ မင်္ဂလာဆောင်မှာသွားရောက်ဖျော်ဖြေပေးခဲ့တဲ့ချမ်းချမ်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source – Chan Chan
Rainbow- Cele Gabar

Unicode ဖြင့်ဖတ်ပါ
★★★★★

“ဓနုဖြူမြို့က ရဟတ်ယာဉ်နဲ့ဆောင်တဲ့ မင်္ဂလာဆောင်မှာသွားရောက်ဖျော်ဖြေပေးခဲ့တဲ့ချမ်းချမ်း”

နိုင်ငံကျော်အဆိုတော်ချမ်းချမ်းကတော့ မယ်လိုဒီဝေါလ်သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်ရဲ့လက်ခံအားပေးမှုကိုရရှိခဲ့ပြီး သူ့ရဲ့ပထမဆုံးထွက်ရှိခဲ့တဲ့ “တကယ်ဆိုရင်အချစ်ပဲလိုတယ်” သီချင်းအယ်လ်ဘမ်ဟာဆိုရင်လည်း ပရိသတ်ရဲ့ပါးစပ်ဖျားမှာ ယနေ့ထက်တိုင်ရေပန်းစားနေတဲ့အထိ အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ အောင်မြင်တဲ့အဆိုတော်တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံအနှံ့ပွဲတွေဆက်တိုက်ဆိုသလိုသွားရောက်ဖျော်ဖြေနေရပြီး ဒီနေ့မှာလည်း ဓနုဖြူမြို့လေးမှာကျင်းပတဲ့မင်္ဂလာပွဲတစ်ခုကို သွားရောက်ဖြေဖျော်နေတာပါ။ဒီမင်္ဂလာပွဲလေးကတော့ ထူးထူးခြားခြားလေးဖြစ်တာကြောင့် သူကတော့ဒီနေ့မနက်မှာ “ကဲ ဓနုဖြူမြို့မှာ မင်္ဂလာဆောင်ဆိုဖို့ရောက်နေပြီ.. သတို့သား သတို့သမီးက လေယာဉ်ပျံ ဟက်စကီးနဲ့ ဧရာဝတီမြစ်ကမ်းဘေးကိုဆင်းလာမှာနော်.. ကဲ ဆိုပေဦးတော့” ဆိုပြီးရေးသားခဲ့တာပါ။ဒါ့အပြင် သူသီချင်းသီဆိုနေရင်း သမီးလေးရိုက်ကူးပေးထားတဲ့ ဗွီဒီယိုလေးကိုလည်း “သမီးလေးလက်စွမ်းပြရိုက်ချက်” ဆိုပြီးတော့ ပရိသတ်တွေအတွက် မျှဝေပေးခဲ့ပါသေးတယ်။

ဆယ်လီကမ္ဘာပရိသတ်ကြီးရေ… ဓနုဖြူမြို့မှာ ဟတ်စကီးနဲ့ထူးထူးဆန်းဆန်းလေး မင်္ဂလာဆောင်ကြတဲ့စုံတွဲလေးရဲ့မင်္ဂလာဧည့်ခံပွဲလေးမှာတော့ ချမ်းချမ်းကသွားရောက်ဖျော်ဖြေပေးခဲ့တာ ဖြစ်ပြီး သမီးလေးကတော့ ဗွီဒီယိုမှတ်တမ်းတင်ပေးခဲ့တာဖြစ်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source – Chan Chan
Rainbow- Cele Gabar