ကိုရိုနာဗိုင်းရပ်စ်ပျောက်ဆေးရပြီ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★








Unicode ဖြင့်ဖတ်ပါ
★★★★★

လူတွေကို ဒုက္ခပေးနေတဲ့ ကူးစက်မြန်ကိုရိုနာဗိုင်းရပ်စ်ပျောက်ဆေးရပြီလို့ တရုတ်ပညာရှင်တွေကြေညာလိုက်ပါပြီ..ဝူဟန်မြို့ရဲ့ ဆေးသိပ္ပံပညာရှင်တွေကရမ်ဒက်စဗာဆေးကို ဗိုင်းရပ်စ်ပျောက်ဆေးအဖြစ်စတင်သုံးစွဲတော့မယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်..

ဗိုင်းရပ်စ်ပျောက်ဆေးကို ကြာသပတေးနေ့မှာစတင်စမ်းသပ်သုံးစွဲမှာဖြစ်ပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (MOST), အမျိုးသားကျန်းမာရေးကော်မရှင် နဲ့ အမျိုးသားဆေးဝါးလုပ်ငန်းဝန်ကြီးဌာနတွေဆီကလည်း ထောက်ခံချက်ရပြီးပါပြီ..

တရားဝင်သတင်းထုတ်ပြန်ချက်အရကိုရိုနာရောဂါကူးစက်ခံရသူတွေကို ရွေးချယ်ပြီးပထမအသုတ်အနေနဲ့ ကြာသပတေးနေ့မှာစမ်းသပ်ကုသပေးမှာဖြစ်ပါတယ်..

ရမ်ဒက်ဆီဗာဆေးကို အမေရိကန်ဆေးဝါးကုမ္ပဏီGilead က စမ်းသပ်ဖော်ထုတ်ထားတာဖြစ်တယ်။ Gilead ဟာ HIV ကာကွယ်ဆေး၊ဘီပိုး၊ စီပိုး၊ တုတ်ကွေးရောဂါကာကွယ်ဆေးတွေကိုWHO နဲ့ပူးပေါင်းထုတ်လုပ်နေတဲ့ အမေရိကန်ကုမ္ပဏီဖြစ်ပါတယ်..

ရမ်ဒက်ဆီဗာဆေးဟာ ဆားစ်နဲ့မားစ်ရောဂါတွေကိုတိုက်ဖျက်နိုင်တဲ့အပြင် အီဘိုလာကိုလည်းပျောက်ကင်းစေနိုင်တယ်လို့ ဒေါက်တာကာအိုကပြောဆိုခဲ့ပါတယ်..ကိုရိုနာဗိုင်းရပ်စ်ပျောက်ဆေး ရမ်ဒက်စ်ဆီဗာကို တိရစ္ဆာန်တွေနဲ့ စမ်းသပ်ကြည့်တဲ့ အခါရောဂါပိုးပျောက်ကင်းသွားတယ်လို့ဒေါက်တာကာအိုက ဆက်လက်ပြောကြားခဲ့ပါတယ်…

ကနဦးဗိုင်းရပ်စ်ပျောက်ဆေးစမ်းသပ်ဖို့လူနာ ၇၆၁ ဦးကို ရွေးချယ်ထားပြီးဝူဟန်မြို့က အထူးဆေးရုံတွေမှာစမ်းသပ်သွားမယ်လို့ သိရပါတယ်..တရုတ်ဆေးသိပ္ပံအသင်းဥက္ကဌဝမ်ချန်းကရမ်ဒက်ဆီဗာဆေးအပေါ် မျှော်လင့်ချက်ကြီးစွာထားရှိကြောင်း၊ အကျိုးရလဒ်ကောင်းမွန်ဖို့မျှော်လင့်ကြောင်း ပြောကြားထားပါတယ်..

မနက်ဖြန်ရလဒ်ကောင်းထွက်ဖို့ မျှော်လင့်နေပါတယ်..share ပေးခြင်းဖြင့် ကူညီပါ..ရွှေမိုးညို