ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့ခြင်းသည် ရောဂါပိုးကာကွယ်ရန်အားသာချက်ဖြစ်နေဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြော

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ျမန္မာနိုင္ငံဖြံ့ၿဖိဳးတိုးတက္မွုေနာက္က်ခဲ့ျခင္းသည္ နိုင္ငံတကာတြင္ျဖစ္ပြားေနသည့္ေရာဂါပိုးကို ကာကြယ္ရန္ အားသာခ်က္ျဖစ္လာေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက ေျပာသည္။ ရန္ကုန္ၿမိဳ့၊ စမ္းေခ်ာင္းၿမိဳ့နယ္တြင္ ေဖေဖာ္ဝါရီလ ၈ ရက္ကက်င္းပေသာ လူထုေတြ႕ဆုံပြဲတြင္ အထက္ပါအတိုင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

“International Gate Way ကရန္ကုန္မွာပဲရွိတယ္။ မႏၲေလးမွာက နည္းနည္းပဲဆင္းတယ္။ ကြန္ေတာ္တို့ စတက္လာတဲ့အခ်ိန္မွာ ရန္ကုန္ေလဆိပ္က ၃ သန္းပဲအတက္အဆင္းရွိတယ္။ အခုဆိုရင္အမ်ားႀကီး ေျပာင္းလဲလာၿပီ။ ၆ သန္းေလာက္အတက္အဆင္းေလာက္လုပ္နိုင္ၿပီ။ YBS ေတာင္သြားေနၿပီ။ သြားေလ့လာၾကည့္လို့ရပါတယ္။ စင္ကာပူတို့၊ ထိုင္းတို့မွာရွိတဲ့ ေလယာဥ္ကြင္းကိုသြားၾကည့္လိုက္။ ရွုပ္ေနတာပဲ။ သန္းေပါင္းမ်ားစြာေသာလူေတြကအသုံးျပဳေနတာ။

ျမန္မာက နိုင္ငံတကာကိုတိုက္ရိုက္သြားလို့မရဘူး။ ထိုင္း၊ စင္ကာပူကေန transist သြားေနရတာ။ ဒါဆိုရင္ကူးစက္နိုင္မွုအေျခအေနကိုသုံးသပ္လို့ရပါတယ္။ ၿပီးေတာ့ နိုင္ငံတကာသေဘၤာႀကီးေတြလည္းအမ်ားႀကီးမဆိုက္ကပ္နိုင္ပါဘူး။ ေရနက္ဆိပ္ကမ္းမရွိလို့ပါ။ ဖြံ့ၿဖိဳးတိုးတက္မွု ေနာက္က်ခဲ့လို့ နိုင္ငံေတာ္အတြက္အကာအကြယ္ျဖစ္ေနတာ။ စင္ကာပူမွာဆိုရင္ လိေမၼာ္ေရာင္အဆင့္၊ ျမန္မာနိုင္ငံမွာျပန္ၾကည့္မယ္ဆိုရင္အရင္ကဖြံ့ၿဖိဳးတိုးတက္မွုေနာက္က်ခဲ့တဲ့အားသာခ်က္လို့ ေျပာလို့ရပါတယ္”ဟု ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက ေျပာသည္။

တ႐ုတ္နိုင္ငံ၊ ဝူဟန္ၿမိဳ့မွစတင္ျပန႔္ႏွံ့လာေသာ ကိုရိုနာဗိုင္းရပ္စ္သည္ လက္ရွိတြင္ နိုင္ငံအႏွံ့အျပားသို့ ျပန႔္ႏွံ့လာၿပီး ျမန္မာနိုင္ငံတြင္လည္း ဗိုင္းရပ္စ္ကာကြယ္ေရးလုပ္ငန္းစဥ္မ်ားလုပ္ေဆာင္ေနသည္။

တ႐ုတ္နိုင္ငံတြင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရၿပီးစုစုေပါင္းေသဆုံးသူဦးေရ ၇၂၂ ဦးအထိရွိလာၿပီး ကူးစက္ခံရသူဦးေရ ၃၄၅၀၀ ေက်ာ္အထိရွိလာၿပီျဖစ္ေၾကာင္း သိရသည္။

Unicode ဖြင့်ဖတ်ပါ
★★★★★

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့ခြင်းသည် နိုင်ငံတကာတွင်ဖြစ်ပွားနေသည့်ရောဂါပိုးကို ကာကွယ်ရန် အားသာချက်ဖြစ်လာကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်တွင် ဖေဖော်ဝါရီလ ၈ ရက်ကကျင်းပသော လူထုတွေ့ဆုံပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“International Gate Way ကရန်ကုန်မှာပဲရှိတယ်။ မန္တလေးမှာက နည်းနည်းပဲဆင်းတယ်။ ကွန်တော်တို့ စတက်လာတဲ့အချိန်မှာ ရန်ကုန်လေဆိပ်က ၃ သန်းပဲအတက်အဆင်းရှိတယ်။ အခုဆိုရင်အများကြီး ပြောင်းလဲလာပြီ။ ၆ သန်းလောက်အတက်အဆင်းလောက်လုပ်နိုင်ပြီ။ YBS တောင်သွားနေပြီ။ သွားလေ့လာကြည့်လို့ရပါတယ်။ စင်ကာပူတို့၊ ထိုင်းတို့မှာရှိတဲ့ လေယာဉ်ကွင်းကိုသွားကြည့်လိုက်။ ရှုပ်နေတာပဲ။ သန်းပေါင်းများစွာသောလူတွေကအသုံးပြုနေတာ။

မြန်မာက နိုင်ငံတကာကိုတိုက်ရိုက်သွားလို့မရဘူး။ ထိုင်း၊ စင်ကာပူကနေ transist သွားနေရတာ။ ဒါဆိုရင်ကူးစက်နိုင်မှုအခြေအနေကိုသုံးသပ်လို့ရပါတယ်။ ပြီးတော့ နိုင်ငံတကာသင်္ဘောကြီးတွေလည်းအများကြီးမဆိုက်ကပ်နိုင်ပါဘူး။ ရေနက်ဆိပ်ကမ်းမရှိလို့ပါ။ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့လို့ နိုင်ငံတော်အတွက်အကာအကွယ်ဖြစ်နေတာ။ စင်ကာပူမှာဆိုရင် လိမ္မော်ရောင်အဆင့်၊ မြန်မာနိုင်ငံမှာပြန်ကြည့်မယ်ဆိုရင်အရင်ကဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့တဲ့အားသာချက်လို့ ပြောလို့ရပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှစတင်ပြန့်နှံ့လာသော ကိုရိုနာဗိုင်းရပ်စ်သည် လက်ရှိတွင် နိုင်ငံအနှံ့အပြားသို့ ပြန့်နှံ့လာပြီး မြန်မာနိုင်ငံတွင်လည်း ဗိုင်းရပ်စ်ကာကွယ်ရေးလုပ်ငန်းစဉ်များလုပ်ဆောင်နေသည်။

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးစုစုပေါင်းသေဆုံးသူဦးရေ ၇၂၂ ဦးအထိရှိလာပြီး ကူးစက်ခံရသူဦးရေ ၃၄၅၀၀ ကျော်အထိရှိလာပြီဖြစ်ကြောင်း သိရသည်။