သူမရဲ့ အိမ်ထောက်ဖက် အသစ်နဲ့ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်တွေဆီ ချပြလာတဲ့ သရုပ်ဆောင် မေကဗျာ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Unicode ဖြင့်ဖတ်ပါ
★★★★★

ငယ်စဉ်ကတည်းကအနုပညာအလုပ်တွေနဲ့ရင်းနှီးကျွမ်းဝင်ခဲ့ပြီး ပရိသတ်တွေရဲ့အချစ်တော်လေး ဖြစ်ခဲ့တဲ့မေကဗျာလေးဟာ အခုဆိုရင် Right Person ဖြစ်တဲ့ အိမ်ထောင်ဖက်ကြောင့် အရမ်းကိုပျော်ရွှင်နေရပါပြီ။ သမီးဖြစ်သူကြောင့် နောက်အိမ်ထောင်မပြုတော့ဘူးလို့ ဆုံးဖြတ်ခဲ့ပေမယ့် သူမတို့သားမိနှစ်ယောက်လုံးရဲ့ ဘဝအတွက် အခိုင်အမာရပ်တည်ပေးမယ့် အမျိုးကောင်းသားကြောင့် အခုတော့ ပျော်ရွှင်စရာအိမ်ထောင်ရေးလေးကိုထူထောင်နိုင်ခဲ့ပါပြီ။

ချစ်စရာသမီးလေးဟာ အသက်အရွယ်လည်းရလာပြီး ပညာရေးမှာလည်းထူးချွန်သူလေးပါ။ မေကဗျာရဲ့အနုပညာသက်တမ်းဟာလည်း ဆယ်စုနှစ်တွေကျော်လွန်လာခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိ အောင်အောင်မြင်မြင်နဲ့ ရပ်တည်နေနိုင်ဆဲပါပဲ။ ယခင်အိမ်ထောင်ရေးနဲ့ ကံမကောင်းအကြောင်းမလှလို့ ကွဲကွာခဲ့ရပေမယ့် အခုလက်ရှိအမျိုးသားကတော့ သူမကိုသိပ်ချစ်ပုံရပါတယ်။

ပျော်စရာမိသားစုဘဝလေးကို ထူထောင်နိုင်ခဲ့တဲ့အတွက် Congratulation ပါနော်။ အချိန်တွေကြာလာပေမယ့်လည်း ပိုပိုပြီးလှလာတာ ဂရုစိုက်ပြီးချစ်တဲ့ခင်ပွန်းကြောင့်ပေါ့နော်။ သုံးယောက်ဘဝလေးမှာ အေးချမ်းသာယာမှုတွေနဲ့ ပျော်ရွှင်ငြိမ်းချမ်းပါစေလို့ ဆုတောင်းပေး လိုက်တယ်နော်။