သူ့ဘဝမှာ ဘယ်တော့မှလိုက်မမှီနိုင်တဲ့သူနှစ်ယောက်အကြောင်းကို ရင်ဖွင့်လာတဲ့ သားညီ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★







Unicode ဖြင့်ဖတ်ပါ
★★★★★

သားညီကတော့ အနုပညာအလုပ်တွေကို ဆက်လုပ်ကိုင်နေပြီး ဒါရိုက်တာသားညီအနေနဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်နေပြီဖြစ်ပါတယ်..။ သားညီဟာ ဘဝမှာ သူဘယ်လောက်ကြိုးစားလုပ်ဆောင်နေပေမယ့် လိုက်မမှီတဲ့ သူနှစ်ယောက်ရှိတဲ့အကြောင်းလေးကို ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှာ “ဘယ်လောက် ကြိုးစားကြိုးစား..အခုအချိန်အထိ ခြေဖျားကိုမမှီသေးတဲ့ နှစ်ယောက်..” ဆိုပြီး လေးစားရတဲ့ အစ်ကိုနဲ့ ဦးလေးဖြစ်သူနှစ်ယောက်တို့နဲ့ ရှားပါးပုံရိပ်လေးကို တင်လာခဲ့ပါတယ်..။

သားညီရဲ့ အစ်ကိုဖြစ်သူ ဒွေးနဲ့ ဦးလေး ကျော်ဟိန်းကိုတော့ ပရိသတ်တွေ တသသလွမ်းမောပြီး မေ့နိုင်မယ်မထင်ပါဘူးနော်..။ မင်းသားကြီးကျော်ဟိန်းရဲ့ အိုင်တင်တွေဟာ ပရိသတ်တွေကြားမှာ ကျော်ဟိန်းအိုင်တင်လို့ပြောရလောက်အောင် နာမည်ကြီး လူကြိုက်များခဲ့ကြတာပါ..။

မင်းသားကြီးကျော်ဟိန်းဟာ အနုပညာအလုပ်တွေကို ရပ်နားကာ သာသနာ့ဘောင်ထဲကို ဝင်သွားခဲ့ပြီး တူဖြစ်သူ မင်းသားဒွေးဟာလည်း အောင်မြင်မှုတွေ ရရှိနေတဲ့ အသက်ငယ်ငယ်ရွယ်ရွယ်လေမှာပဲ လောကကြီးကနေ ထွက်ခွာသွားခဲ့တာပါ..။ ဒွေးဟာ အသက်ငယ်ငယ်နဲ့လောကကြီးကနေ ထွက်ခွာသွားခဲ့ရပေမယ့် နာမည်နဲ့ သူ့ရဲ့အောင်မြင်မှုတွေဟာ ပရိသတ်တွေရဲ့ရင်ထဲမှာ စိုးမိုးထားနိုင်နေဆဲပါ..။အနုပညာနဲ့ပတ်သက်ရင် သူများနဲ့မတူတဲ့ ကာရိုက်တာအပေါ်ခံစားနိုင်မှုတွေမှာ ပီပြင်အောင်လုပ်ဆောင်နိုင်တဲ့သူတစ်ဦးလို့ပြောရမှာပါ..။ အချိန်မတန်ခင် ကြွေလွင့်သွားခဲ့ရလို့ ပရိသတ်တွေရဲ့ ရင်မှာ ခံစားခဲ့ရတာပါနော်..။

ညီဖြစ်သူ သားညီကိုယ်တိုင်အောင် လိုက်မမှီနိုင်ဘူးလို့ပြောရတဲအထိကို ကျော်ဟိန်းနဲ့ ဒွေးတို့ဟာ ဘယ်သူမှလိုက်မမှီနိုင်အောင် အနုပညာအရည်အချင်းတွေအပြည့်နဲ့ လူတွေရဲ့ ရင်ထဲကိုထာဝရသိမ်းပိုက်ထားနိုင်တဲ့သူတွေလို့ပြောရင်မှားမယ်မထင်ပါဘူးနော် ပရိသတ်ကြီးရေ..။Cele Connnections ပရိသတ်ကြီးလည်း မင်းသားကြီး ကျော်ဟိန်းနဲ့ မင်းသားဒွေးတို့ရဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ “ဝေလည်းမွှေး၊ ကြွေလည်းမွှေး”ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်တိုင်း သူတို့နှစ်ဦးရဲ့ အနုပညာအရည်အချင်းတွေကို ကြက်သီးထလောက်အောင် ခံစားနိုင်မှာအမှန်ပါပဲနော်..။

Source:Thar Nyi’s Facebook

Sakura(Cele Connections)