ခေတ်နဲ့သစ်ရဲ့ အင်္ဂလိပ်စကား ကျွမ်းကျင်နေမှုကြီးကို ပြသလိုက်တဲ့ မေမေချစ်သုဝေ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★






Cele Star

Unicode ဖြင့်ဖတ်ပါ
★★★★★

သရုပ်ဆောင် ချစ်သုဝေက သူမရဲ့ သမီးလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်ရဲ့ အင်္ဂလိပ်စကားကျွမ်းကျင်မှုကြီးကို ပြသလိုက်ပါတယ်။

ချစ်သုဝေက သူမနဲ့တူတဲ့သမီးလေးတွေကို ပိုင်ဆိုင်ထားပြီး သူမလိုပဲ အမြွှာသမီးလေးတွေ ဖြစ်တာကြောင့် ညီအစ်မနှစ်ယောက် အမြဲအဖော်ရနေတာတွေ့ရပါတယ်။ ငယ်စဉ်တည်းက ပရိသတ်တွေအချစ်ပိုခဲ့ရတဲ့ ခေတ်နဲ့သစ်ဟာ တဖြည်းဖြည်းနဲ့အရွယ်ရောက်လာခဲ့ပါပြီ။

ချစ်သုဝေက သူမသမီးလေး နှစ်ယောက်ရဲ့ အိမ်မှာဆော့ကစားနေရင်းပြောကြတဲ့ အင်္ဂလိပ်စကားပြောစွမ်းရည်ကို ပရိသတ်တွေပါကြည့်ရှုခံစားနိုင်အောင် ဖော်ပြပေးလိုက်တာတွေ့ရပါတယ်။

ညီအစ်မနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ထိုင်ခုံလုနေရင်းပြောနေကြတဲ့ အင်္ဂလိပ်စကားတွေက ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေပါတယ်။ Ur ထိုင်ခုံ is အပေါ်ထပ်မှာ ဆိုတဲ့ စကားလေးကြောင့် ပရိသတ်တွေ သဘောကျခဲ့ရပြီး သူတို့ရဲ့ အင်္ဂလိပ်စာစွမ်းရည်ကို ပရိသတ်တွေက လိုက်တောင် မမှီနိုင်ဘူးလို့ မှတ်ချက်ပေးပြောဆိုနေကြတာဖြစ်ပါတယ်။

ကဲ…ပရိသတ်ကြီးရေ ဒီလောက်ဆိုရင်တော့ ခေတ်နဲ့သစ်ရဲ့ အင်္ဂလိပ်စာစွမ်းရည်ကို ကြည့်ရှုချင်နေလောက်ပြီထင်တယ်နော်။

Cele Star