ခရီးသွားရင်းလမ်းလုပ်သားတွေအတွက် အာဟာရဒါန လှူဒါန်းခဲ့တဲ့ ရွှေပိုးအိမ်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Chilli – CeleGabar
Source – Shwe Poe Eain

Unicode ဖြင့်ဖတ်ပါ
★★★★★

မင်းသမီးချောလေး ရွှေပိုးအိမ်ကတော့ ရုပ်ကလေးကလည်း လှသလို စိတ်ထားလေးကလည်း မွန်မြတ်လှတဲ့ သူတစ်ယောက်ပါ။ အလှူရေစက်လက်နဲ့ မကွာဆိုသလိုလည်း အလှူအတန်းတွေကို သဒ္ဒါတရားထက်သန်စွာနဲ့ အမြဲလိုလို အခါအခွင့်သင့်တိုင်းလှူဒါန်းလေ့ရှိတဲ့သူတစ်ယောက်ပါ။လတ်တလောမှာလည်း ရွှေပိုးအိမ်က ခရီးသွားနေရင်းလမ်းမှာတင် အခါအခွင့်သင့်စွာအလှူဒါနလေးတစ်ခုပြုလိုက်ပြန်ပါတယ်။

အဲ့ဒါကတော့ ခရီးသွားနေရင် စစ်ကိုင်းမန္တလေးလမ်းမပေါ်ရောက်နေတုန်း လမ်းပြင်နေတဲ့ လမ်းလုပ်သားတွေကို အာဟာရဒါနအနေနဲ့ အအေးရေသန့်တို့ လှူဒါန်းမှုတွေပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ အခုလိုလှူဒါန်းဖြစ်ခဲ့တာကို ရွှေပိုးအိမ်က “စစ်ကိုင်း မန္တလေး လမ်းမပေါ်မှာ အာဟာရ ဒါန ကုသိုလ်ပြု”ဆိုပြီး လှူဒါန်းမှုတွေကို ပရိသတ်တွေ မုဒိတာပွားနိုင်အောင် သူရဲ့ လူမှုကွန်ရက်စာမျက်နာကနေ ဖော်ပြမျှဝေထားတာပဲဖြစ်ပါတယ်။

ပရိသတ်တွေကတော့ အခုလို ရွှေပိုးရဲ့ ဖြူစင်မွန်မြတ်လှတဲ့ စိတ်ထားလေးကို သဘောကျနှစ်သက်နေခဲ့ကြပြီး ရွှေပိုးတစ်ယောက် ဒီထက်မကအောင်မြင်မှုတွေရရှိကာ အလှူအတန်းတွေကို ပိုမိုလုပ်ဆောင်နိုင်အောင်လည်း ဆုမွန်ကောင်းတွေတောင်းပေးနောကတာကိုလည်း တွေ့မြင်ရပါတယ်။CeleGabar ပရိသတ်ကြီးတွေလည်း ရွှေပိုးရဲ့ အလှူလေးကို ထပ်တူထပ်မျှသာဓုခေါ်ဆိုလို့ ရအောင်မျှဝေဖော်ပြပေးလိုက်ပါတယ်…ပရိသတ်ကြီးရေ….

Chilli – CeleGabar
Source – Shwe Poe Eain