မိုရီဆာကီဝင်းနဲ့ ပတ်သက်တဲ့ ဆက်ဆံရေးကို ဖွင့်ချပြလိုက်တဲ့ နေခြည်ဦး

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Source : Nay Chi Oo

Unicode ဖြင့်ဖတ်ပါ
★★★★★

“ မိုရီဆာကီဝင်းနဲ့ ပတ်သက်တဲ့ ဆက်ဆံရေးကို ဖွင့်ချပြလိုက်တဲ့ နေခြည်ဦး ”

CeleConnections ပရိသတ်ကြီးရေ နေခြည်ဦးကတော့ Beauty Blogger အဖြစ်နဲ့ ပရိသတ်တွေစတင်သတိထားမိလာသူလေးပဲ ဖြစ်ပါတယ်။ သူမရဲ့ ပွင့်လင်းပြီးချစ်စရာကောင်းတဲ့ အချက်လေးတွေကြောင့် ယောကျာ်းလေး ပရိသတ်တွေ ထက် မိန်းကလေးပရိသတ်တွေ တခဲနက်အားပေးခံနေရသူလေးပါပဲနော်။ အခုဆိုရင် သရုပ်ဆောင်ဘက်ကူးပြောင်းကာ ဝါရင့် အနုပညာရှင်တွေနဲ့ တွဲဖက်ကာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။

CeleConnections ပရိသတ်ကြီးရေ နေခြည်ဦးကတော့ (၂)နှစ်ကျော်လက်တွဲခဲ့တဲ့ ချစ်သူနဲ့ ပြတ်ပြီးတဲ့နောက်မှာ တစ်ယောက်ထဲ Single ဘဝနဲ့ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေကာ အနုပညာအလုပ်တွေကို အားစိုက်လုပ်ကိုင်နေသူလေးဆိုလည်း မမှားပါဘူးနော်။လတ်တလောမှာလည်း ဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူးနေသူလေးပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း မနေ့ကကျရောက်ခဲ့တဲ့ ဂျပန်မြန်မာပွဲတော်ကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဂျပန်မြန်မာပွဲတော်ရဲ့ မပါမဖြစ်အဓိက ဇာတ်ကောင်ဖြစ်တဲ့ မိုရီဆာကီဝင်းရဲ့ သီချင်းသီဆိုမှုကို အားပေးနေတဲ့ ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာ My Day မှာ ဗီဒီယိုအဖြစ်တင်ခဲ့တာပါ။ အားပေးနေတဲ့ ဗီဒီယိုအပြင် “ အိမ်မက်တွေမိုးထားတဲ့ အိမ် ” ဇာတ်လမ်းတွဲမှာ တူတူပါဝင်သရုပ်ဆောင်ခဲ့တဲ့ အဝင်းနဲ့ ပြန်လည်ဆုံတွေ့ရတဲ့အတွက် ပျော်ရွှင်စွာ စကားပြောနေတဲ့ ဗီဒီယိုဖိုင်လေးတွေပါတင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဝင်းနဲ့ အရမ်းကို ရင်းနှီးနေကြတဲ့ ဆက်ဆံရေး ဖြစ်တာကြောင့် အမျိုးသမီးပရိသတ်ထုကြီးကတော့ ချီချီကို အားကျနေတော့မှာ အမှန်ပါပဲနော်။CeleConnections ပရိသတ်ကြီးလည်း ချီချီနဲ့ မိုရီဆာကီဝင်းတို့ရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိကြောင်းဖော်ပြနေတဲ့ ဗီဒီယိုဖိုင်လေးကိုကြည့်ပြီး သဘောကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Nay Chi Oo
Candy –CeleConnections