ချည်ဇာတ်ကားထဲက သက်မွန်မြင့်နေရာ ရောက်မှန်းမသိရောက်နေပြီဆိုတဲ့ ရဲလေးမ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source – Ye Lay Ma
Rainbow- Cele Gabar

Unicode ဖြင့်ဖတ်ပါ
★★★★★

“ချည်ဇာတ်ကားထဲက သက်မွန်မြင့်နေရာ ရောက်မှန်းမသိရောက်နေပြီဆိုတဲ့ ရဲလေးမ”

ပရိသတ်ရဲ့အချစ်တော်ရဲလေးမကတော့ ဇာတ်ပို့ဇာတ်ရံတစ်ယောက်အနေနဲ့ ဗွီဒီယို၊ရုပ်ရှင်ဇာတ်ကားအတော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးပရိသတ်တွေကို ဟာသရသအမျိုးမျိုးပေးစွမ်းနေသူတစ်ယောက်ပါ။အမျိုးသားဇာတ်ရံတစ်ယောက်အနေနဲ့ အနုပညာလောကကို စတင်ဝင်ရောက်လာသူဖြစ်ပြီး နောက်ပိုင်းမှာတော့ သူခံယူလိုက်တဲ့မိန်းမလျာဇာတ်ရုပ်နဲ့သာ ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဗွီဒီယိုခေတ်ပျက်ပြီး ရုပ်ရှင်ဇာတ်ကားတွေမှာလည်း သိပ်ပြီးပါဝင်ခွင့်မရတော့တဲ့နောက်ပိုင်းမှာ ရဲလေးမကတော့ မုန့်ဟင်းခါးချက်ရောင်းခဲ့ပြီး စေတနာပါပါနဲ့ချက်ထားတဲ့မုန့်ဟင်းခါးလေးကတော့ ချစ်ခင်ရတဲ့ပရိသတ်တွေပါ တကူးတကလာရောက်အားပေးကြတဲ့အထိ ရောင်းအားကောင်းမွန်ခဲ့တာပါ။နောက်ပိုင်းမှာတော့ ဖိတ်ထားတဲ့ပွဲလေးတွေမှာ သွားရောက်ဖျော်ဖြေခဲ့ပြီး ပရိသတ်ရဲ့ဘဝအမောတွေကို သူတတ်စွမ်းတဲ့အနုပညာနဲ့ ဖျော်ဖြေနေပေမယ့် သူကိုယ်တိုင်မှာတော့ ဘဝအမောတွေအပြင် အချစ်ရေးမှာလည်းကံမကောင်းတဲ့ အကြောင်းကို သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရင်ဖွင့်ကာမျှဝေခဲ့တာပါ။

“သွားလိုရာသွား နားလိုရာနား… ငါလည်း စိတ်ချမ်းသာအောင် နေတော့မယ်” “ချည် ဇာတ်ကားထဲက သက်မွန်မြင့်နေရာ ငါရောက်မှန်းမသိရောက်နေပြီ” လို့ရေးသားကာ သူ့ရဲ့မပြေလည်တဲ့အချစ်ရေးအကြောင်းကို ရေးသားခဲ့တာဖြစ်ပါတယ်။ဖန်တီးယူလို့မရတဲ့အချစ်ရေးကြောင့် ရဲလေးမတစ်ယောက်တော့ သူကိုယ်တိုင်စိတ်ညစ်နေရတာဖြစ်ပြီး ရင်ထဲကခံစားချက်တွေကို ဖွင့်ဟခဲ့တာမို့ ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း အချစ်ရေးကံမကောင်းတဲ့ ရဲလေးမကို နှစ်သိမ့်အားပေးလိုက်ကြပါဦးနော်။

Source – Ye Lay Ma
Rainbow- Cele Gabar