ပရိသတ်တွေအားကျသွားစေမယ့် friendship Goals သဇင်ထူးမြင့်တို့သူငယ်ချင်းအုပ်စုရဲ့ ဗီဒီယိုလေး

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

ချစ်စရာကောင်းတဲ့ သဇင်ထူးမြင့်နဲ့ အစ်ကိုဖြစ်သူ နေရဲတို့ဟာ အရမ်းချစ်ကြတဲ့ မောင်နှမလေးတွေလို့ပြောရင်မှားမယ်မထင်ပါဘူးနော်..။ ဖခင်ဖြစ်သူ ခင်လှိုင်ရဲ့ အနုပညာအမွေတွေကို ဆက်ခံတဲ့သူတွေဖြစ်ပြီး အမြဲစနောက်ကာ နေတတ်တဲ့ မောင်နှမဆက်ဆံရေးကြောင့်လည်း ပရိသတ်တွေရဲ့အချစ်တွေကို ရရှိနေတဲ့သူတွေပဲဖြစ်ပါတယ်..။ အစ်ကိုဖြစ်သူ နေရဲဟာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေပြီး ကာရိုက်တာတိုင်းမှာ ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့သူပါ..။

ညီမဖြစ်သူကို ချစ်တတ်လွန်းတဲ့ အစ်ကိုဖြစ်သူနေရဲနဲ့အတူ ဆက်ဆက်ထိမခံ ချစ်ဖို့ကောင်းစွာ ရန်ပြန်တွေ့တတ်တဲ့ သဇင်ထူးမြင့်လေးတို့ကတော့ လက်ရှိမှာ မိသားစုနဲ့အတူ ချောင်းသာကို ရောက်ရှိနေတာပါ..။ဒီနေ့ ဖေဖော်ဝါရီလ(၁၀)ရက်နေ့မှာတော့ သဖင်ထူးမြင့်က ချောင်းသာရောက်တုန်း သူငယ်ချင်းဖြစ်သူ တွေရယ် အစ်ကိုဖြစ်သူတို့နဲ့ ဆော့ထားတဲ့ Tik Tok ဗီဒီယိုလေးကို “အဖွဲ့လိုက် Tik Tok ဆော့သောအခါ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

Tik Tok လေးထဲမှာ အုပ်စုလိုက်ကြီး ပျော်စရာကောင်းအောင် ဆော့ထားတာ မိုက်လွန်းပါတယ်နော်.. ပရိသတ်ကြီးရေ..။ Cele Connections ပရိသတ်ကြီးအတွက် ချောင်းသာမှာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ရိုက်ထားတဲ့ သဇင်ထူးမြင့်တို့ Dream Create Do အဖွဲ့ရဲ့ Tik Tok ဗီဒီယိုအသစ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..။
Source: Thazin Htoo Myint’s Facebook

Sakura(Cele Connections)