၁၀.၂.၂၀၂၀ မှ ၁၆.၂.၂၀၂၀အထိ တစ်ပတ်စာဗေဒင်ဟောစာတမ်း

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ေဗဒင္လကၡဏာပညာေတြဆိုတာက ဘုရားရွင္လက္ထက္ကတည္းက ရွိခဲ့တဲ့အရာေတြျဖစ္ၿပီးလူေတြရဲ႕ ႀကိဳတင္မျမင္ႏိုင္တဲ့ကံတရားကိုတြက္ခ်က္ခန႔္မွန္းပုံေဖာ္ၿပီး မလုပ္သင့္တာမလုပ္ရေအာင္၊ အညံ့ေတြပေပ်ာက္ေအာင္၊ ႀကံတိုင္းေအာင္ေဆာင္တိုင္းေျမာက္ေအာင္ တစ္ဖက္တစ္လမ္းက ကူညီေပးေနတဲ့ပညာရပ္တစ္ပါးျဖစ္ပါတယ္။ ေဗဒင္ႀကိဳက္တဲ့ပရိသတ္ႀကီးအတြက္ေရာ ေဗဒင္ေတြကို ေဆာင္ရန္ေရွာင္ရန္ေလာက္သာဖတ္ပါတယ္ဆိုတဲ့သူေတြအတြက္ေရာေျပာခ်င္လြန္းလို႔ရဲ႕ တစ္ပတ္စာေဗဒင္ေဟာစာတမ္းက႑ကို တင္ဆက္ေပးလိုက္ပါတယ္။

Aries (March 21- April 19)

March လ 21 ကေန April 19 ရက္အတြင္းေမြးဖြားတဲ့ Aries ရာသီဖြားေတြအတြက္ေတာ့ ဒီရက္ပိုင္းမွာ ဘယ္အလုပ္မဆို စိတ္ပါလက္ပါနဲ႔ စိတ္ဝင္တစားလုပ္မိေနမယ္။ ေဘးကသူေတြရဲ႕ ေဝဖန္ခ်က္ေတြထဲမွာ အမွန္တရားေတြပါေနမွာမို႔ ေဝဖန္ခ်က္ေတြကို ဆန္းစစ္ၿပီး မေကာင္းတာပယ္ ေကာင္းတာယူသင့္တယ္။ ကိုယ့္နားက မေကာင္းတဲ့သူေတြကို ဖယ္ထုတ္ပစ္ရမယ့္အခ်ိန္လည္းျဖစ္တယ္။ အတိတ္ကိုျပန္တမ္းတေနမယ့္အစား အနာဂတ္ကိုသာေရွးရႈၿပီး ႀကိဳးစားသင့္တယ္။ အခ်စ္ေရးမွာေတာ့ တိုးတက္မႈွေတြေႏွင့္ေႏွးေနမွာျဖစ္တယ္။ ကိုယ္ခ်စ္တဲ့သူကို ဖြင့္ေျပာလည္း အေၾကာင္းထူးမယ့္အခ်ိန္မဟုတ္ေသးဘူး။ ခရီးသြားလာသင့္တဲ့အခ်ိန္ျဖစ္လင့္ကစား အလုပ္နဲ႔ခရီးသြားမယ္ဆိုရင္ စာ႐ြက္စာတမ္းေတြမေပ်ာက္ရွေအာင္ အထူးဂ႐ုစိုက္သင့္တယ္။

Taurus (April 20 -May 20)

Taurus ရာသီဖြားေတြဟာအခုအခ်ိန္မွာ ေအာင္ျမင္မႈေတြရၿပီး ဘာလုပ္လုပ္အဆင္ေျပေနမယ့္အခ်ိန္ျဖစ္ေပမယ့္ ကိုယ့္အေျခအေနကို ႂကြားဝါတာမ်ိဳးေရွာင္ရွားသင့္တယ္။ မနာလိုသူေတြရဲ႕ အကြက္ဆင္မႈကို ခံရႏိုင္လို႔ သတိထားရမယ့္ကာလပါ။ ကိုယ့္ရည္မွန္းခ်က္ေတြကို ေႏွာင့္ေႏွးေစမယ့္ စိတ္ပူပန္မႈေတြကိုေလွ်ာ့ခ်ပါ။ ဘဝမွာ ႀကီးမားတဲ့အေျပာင္းအလဲေတြကို ရင္ဆိုင္ရမယ့္ကာလျဖစ္ၿပီးအဲဒီအေျပာင္းအလဲက ေကာင္းဖို႔ျဖစ္မလား ဆိုးဖို႔ျဖစ္မလားဆိုတာကေတာ့ ကိုယ္ခံယူတာနဲ႔ပဲဆိုင္မွာျဖစ္တယ္။ အခ်စ္ေရးမွာေတာ့ တည္ၿငိမ္ေနၿပီး ကိုယ္ခ်စ္တဲ့သူေတြနဲ႔ ေႏြးေထြးေနမယ့္ကာလေလးျဖစ္တယ္။ ခရီးသြားလာသင့္တဲ့ကာလျဖစ္ၿပီး အပန္းေျဖခရီးေတြထြက္သင့္တယ္။

Gemini (May 21 – Jun 20)

အခုရက္ပိုင္းေတြမွာ Gemini ဖြားေတြအတြက္ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈေတြျပည့္ဝေနၿပီး အရာရာကိုအေကာင္းျမင္စိတ္ေတြနဲ႔ ၾကည့္ေနမိမယ့္ကာလပါ။ သူမ်ားေတြရဲ႕အႀကံေပးစကားေတြကို နားမေထာင္မိလို႔ ဆုံးရႈံးရတာေတြနဲ႔ ရင္ဆိုင္ရႏိုင္ၿပီး အဲဒီကေန တန္ဖိုးရွိတဲ့ဘဝသင္ခန္းစာေတြသင္ယူႏိုင္မွာျဖစ္တယ္။ မွန္ကန္တဲ့ေပ်ာ္႐ႊင္မႈကိုရဖို႔ဆိုရင္ေတာ့ သင့္ရဲ႕ဘဝေနထိုင္မႈပုံစံအခ်ိဳ႕ကိုေျပာင္းလဲရမယ္။ အခ်စ္ေရးမွာေတာ့ ခ်စ္သူရွိတဲ့သူေတြက ခ်စ္သူနဲ႔ တက်က္က်က္ရန္ျဖစ္ေနရမယ္။ ခ်စ္သူနဲ႔ျပႆနာအႀကီးအက်ယ္တက္ေနတဲ့သူေတြအတြက္ေတာ့ ခရီးအတူတူထြက္လိုက္ရင္ အဆင္ေျပသြားႏိုင္တာမို႔ ခရီးတိုေလးတစ္ခုေလာက္အတူတူထြက္သင့္တဲ့ကာလပါ။

Cancer (Jun 21- July 22)

Cancer ရာသီဖြားေတြကေတာ့ ဒီရက္ပိုင္းမွာ ကိုယ္အရင္တုန္းက လုပ္ထားတဲ့အမွားေတြဘူးေပၚသလိုေပၚလာႏိုင္တယ္။ အဲဒါေတြကိုလိုက္ဖုံးလို႔လည္းရႏိုင္ဖြယ္မရွိဘူး။ ဒါေပမယ့္ အဲဒီအမွားေတြဆီကေနပဲ ဘဝသင္ခန္းစာေတြ သင္ယူရႏိုင္တယ္။ အလုပ္မွာေတာ့ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ တြဲဖက္ညီညီေဆာင္႐ြက္ႏိုင္ၿပီး ေအာင္ျမင္မႈေတြရဖို႔ရွိတယ္။ ကိုယ္ျဖစ္ခ်င္တဲ့အိပ္မက္ေတြ စိတ္ကူးထားတဲ့အႀကံအစည္ေတြအတြက္ စိတ္သြားတိုင္းကိုယ္မပါႏိုင္ေသးလို႔ စိတ္ညစ္ေနရမယ္။ ဘဝမွာ အေကာင္းဘက္ကိုေျပာင္းလဲမယ့္ အေျပာင္းအလဲေတြနဲ႔ ႀကဳံရမယ္။ အခ်စ္ေရးမွာေတာ့ ႏွစ္ေယာက္ၾကား နားလည္မႈေတြလြဲႏိုင္တဲ့ကာလျဖစ္တယ္။ ခရီးသြားလာသင့္တဲ့အခ်ိန္အခါေကာင္းမွာ က်ေရာက္ေနတယ္။

Leo (Jul 23 – August 22)

Leo ရာသီဖြားေတြအေနနဲ႔ အခုရက္ပိုင္းမွာ စြန႔္စားမႈေတြလုပ္သင့္တဲ့ကာလမဟုတ္ဘူး။ ဒီကာလမွာ အစီအစဥ္အတိုင္းလုပ္ထားတာေတြကေန ေသြဖည္ၿပီး ေဖာက္ထြက္ခ်င္တဲ့ စိတ္ေတြျဖစ္ေနမယ္။ ဒါေပမယ့္ ျဖစ္ခ်င္ရာျဖစ္လုပ္ပစ္လိုက္သင့္တဲ့ကာလမဟုတ္ဘူး။ ေငြေရးေၾကးေရးမွာ ပိုက္ဆံေတြဆုံးရႈံးရႏိုင္ေခ်ရွိလို႔ သတိထားသင့္တယ္။ အခ်စ္ေရးမွာေတာ့ ခံစားခ်က္ေတြမရွင္းလင္းပဲျဖစ္ေနတတ္တယ္။ ကိုယ့္ကိုယ္ကိုယ္လည္းဘာကိုလိုခ်င္တာမွန္းမသိျဖစ္ေနမယ္။ ခရီးသြားလာသင့္တဲ့အခ်ိန္ကာလမဟုတ္ေသးဘူး။

Virgo (Aug 23 – September 22)

Virgo ရာသီဖြားေတြအတြက္ ဒီရက္ပိုင္းမွာ အနားကလူေတြရဲ႕ ျပႆနာေတြထဲ ကိုယ္ပါေရာမပါမိေအာင္ေနသင့္တယ္။ မ်က္စိေရွ႕မွာအျမင္မေတာ္တာေတြ႕ေနရရင္ေတာင္မွပဲ အကူအညီအေတာင္းမခံရမခ်င္းမကူညီပါနဲ႔။ ဘုမသိဘမသိကူူညီမိရာက ကိုယ္ပါေရာၿပီး ဒုကၡေရာက္တတ္တယ္။ ကိုယ္ပိုင္လုပ္ငန္းေထာင္ဖို႔ ႀကံစည္စိတ္ကူးထားသူေတြ စိတ္ကူးေတြအေကာင္အထည္ေဖာ္သင့္တဲ့ ကာလျဖစ္တယ္။ အလုပ္မွာအေႏွာက္အယွက္အနည္းငယ္ေတြ႕ရတတ္ေပမယ့္ ေက်ာ္လႊားႏိုင္မယ္။ အခ်စ္ေရးအဆင္ေျပေနမွာျဖစ္ၿပီး ခ်စ္သူေၾကာင့္ လုပ္ငန္းခြင္မွာပါ အက်ိဳးေပးေကာင္းေနမယ့္ကာလျဖစ္တယ္။ ခရီးသြားလာသင့္တဲ့အခ်ိန္ကာလမဟုတ္ေသးဘူး။

Libra (September 23 – October 22)

Libra ေတြအတြက္ကေတာ့ ဒီရက္ပိုင္းမွာ ကိုယ္လုပ္ထားတဲ့ ကိစၥေတြေၾကာင့္ အခက္အခဲေတြနဲ႔ အရႈံးေတြရင္ဆိုင္ရဖို႔ရွိတယ္။ ႀကဳံလာရသမွ်ကိစၥရပ္တိုင္းကို စိတ္ထဲရွိတဲ့အတိုင္း ခံစားခ်က္နဲ႔ တုံ႔ျပန္တာေတြမလုပ္မိေစဖို႔ သတိျပဳပါ။ အခ်ိန္ေတြအၾကာႀကီးေတာင္းခဲ့တဲ့ ဆုေတြျပည့္ဝလာဖို႔ရွိတယ္။ ေငြေရးေၾကးေရးမွာ ေငြဝင္ၾကမ္းေနမယ္၊ အပိုဝင္ေငြေတြရလာႏိုင္မယ့္အခ်ိန္ကာလပါ။ အခ်စ္ေရးကေတာ့ တည္ၿငိမ္ေနၿပီး ခ်စ္သူနဲ႔ ကေတာက္ကဆေလးေတြျဖစ္ႏိုင္ေပမယ့္ ကိုယ့္ဘက္က အမွားႀကီးႀကီးမားမားမလုပ္ထားရင္ ခ်စ္သူက ျပန္ခြင့္လႊတ္လာမွာပါ။ စိတ္ဓာတ္က်တာေတြျဖစ္ႏိုင္ေခ်ရွိၿပီး စိတ္ဓာတ္က်တာကို ခရီးသြားျခင္းနဲ႔ ေျဖေဖ်ာက္သင့္တယ္။

Scorpio (October 23 – November 21)

Scorpio ရာသီဖြားေတြအေနနဲ႔ အခုတေလာမွာ မိသားစုနဲ႔ အဆင္ေျပေနမယ္။ ဒါေပမယ့္ ၾကားရတဲ့စကားတိုင္းကို ပစ္ယုံလိုက္တာမ်ိဳးမလုပ္ပဲ ေသခ်ာစဥ္းစားဆင္ျခင္သင့္တယ္။ ေငြေၾကးရင္းႏွီးျမႇဳပ္ႏွံတာေတြလုပ္ဖို႔ စဥ္းစားထားရင္ေတာ့ အေဆာတလ်င္မလုပ္ပဲ ပိုမိုသင့္ေတာ္တဲ့အခ်ိန္ကာလကို ေစာင့္ဆိုင္းသင့္တယ္။ ကိုယ္လုပ္ဖို႔ စီစဥ္ထားတဲ့အလုပ္ေတြ ခဏခဏေ႐ႊ႕ဆိုင္းရတာမ်ိဳးေတြျဖစ္ေနမယ္။ အခ်စ္ေရးမွာေတာ့ ခ်စ္သူနဲ႔ ညႇိႏႈိင္းမရတဲ့ ကိစၥေၾကာင့္ ျပႆနာအႀကီးအက်ယ္တက္ဖို႔ရွိတယ္။ ခရီးသြားလာသင့္တဲ့အခ်ိန္ကာလမွာက်ေရာက္ေနတာမို႔ အပန္းေျဖခရီးေတြသြားလာသင့္တယ္။

Sagittarius (November 22 – December 21)

လက္ရွိအခ်ိန္မွာေတာ့ ကိုယ္နဲ႔ရင္းႏွီးခ်စ္ခင္သြားမယ့္ လူသစ္ေတြနဲ႔ ေတြ႕ႀကဳံဆက္ဆံရမယ္။ ကိုယ္နဲ႔အျမင္မတူသူေတြနဲ႔ ျငင္းခုန္ျခင္းေတြကိုေရွာင္ရွားပါ။ ကိုယ္ဝါသနာပါတဲ့ စိတ္ဝင္စားတဲ့အလုပ္ကိုလုပ္ၿပီး ေအာင္ျမင္မႈရရွိမယ္။ ေငြပိုေငြလွ်ံေတြရမယ္။ ဘဝမွာ ထူးျခားတဲ့အေျပာင္းအလဲေတြနဲ႔ ႀကံဳရႏိုင္လို႔ ကိုယ့္အတြက္အေရးပါတဲ့ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ရာမွာ သတိထားသင့္တယ္။ အခ်စ္ေရးမွာ ခ်စ္သူက လ်စ္လ်ဴရႈတယ္ ပလစ္တယ္လို႔ ခံစားရလို႔ ခ်စ္သူနဲ႔ အထင္အျမင္လြဲေနမယ္။ ခရီးသြားလာသင့္တဲ့ ကာလမဟုတ္ဘူး။

Capricorn (December 22 – Jan 19)

ဒီရက္ပိုင္းမွာေတာ့ အလုပ္အသစ္ေတြအေကာင္အထည္ေဖာ္သင့္တဲ့ကာလမဟုတ္ဘူး။ သင့္ရဲ႕ စိတ္တိုစိတ္ဆတ္မႈေတြေၾကာင့္ ဆုံးရႈံးရတာေတြရွိမယ္။ ေတြ႕ဆုံလာရတဲ့ လူသစ္ေတြကိုသတိထားဆက္ဆံသင့္တယ္။ ဘာမွလုပ္ခ်င္ကိုင္ခ်င္စိတ္မရွိပဲ ပ်င္းရိေနမွာျဖစ္တယ္။ ဒါေပမယ့္ ေရရွည္မွာ ကိုယ့္အတြက္အက်ိဳးေပးမယ့္ အႀကံအစည္သစ္ေတြ ရလာမယ့္ ကာလျဖစ္တယ္။ ႀကီးက်ယ္ခမ္းနားတဲ့ အနာဂတ္စိတ္ကူးအိပ္မက္ေတြကို အေကာင္အထည္ေဖာ္ႏိုင္မယ့္ လမ္းေၾကာင္းေပၚ ျဖည္းျဖည္းခ်င္းေရာက္ရွိေနမယ္။ အခ်စ္ေရးမွာေတာ့ ခ်စ္သူနဲ႔အဆင္မေျပတိုင္း ကိုယ့္ကိုယ္ကိုယ္ပဲ အျပစ္တစ္မိေနတာေတြကို ေလွ်ာ့ခ်သင့္တယ္။ ခရီးသြားလာသင့္တဲ့အခ်ိန္အခါေကာင္း မဟုတ္ေသးဘူး။

Aquarius (January 20 – February 18)

Aquarius ေတြကေတာ့ အခုရက္ပိုင္းမွာ ႀကံတိုင္းေအာင္ ေဆာင္တိုင္းေျမာက္ေနမယ့္ ကာလျဖစ္တယ္။ စကားေျပာျမန္တာကို သတိထားပါ။ ဘဝမွာ ေျပာင္းလဲသင့္တဲ့အရာေတြနဲ႔ ႀကဳံေတြ႕ေနရမွာျဖစ္ၿပီး အေျပာင္းအလဲေတြကေန ေရွာင္ေျပးေနလို႔ အလုပ္ျဖစ္မွာမဟုတ္ဘူး။ ျပႆနာေတြကို ထိထိေရာက္ေရာက္ေျဖရွင္းသင့္တဲ့ကာလမွာက်ေရာက္ေနတယ္။ အလုပ္ကိစၥနဲ႔ ေတြ႕ဆုံမႈအသစ္ေတြႀကံဳေတြ႕ရမယ္။ လူသစ္ေတြနဲ႔ ရင္းႏွီးရႏိုင္တယ္။ အခ်စ္ေရးမွာေတာ့ ကိုယ့္ခ်စ္သူက ကိုယ့္ကိုကစားေနတယ္လို႔ခံစားေနရမွာျဖစ္ၿပီး အဲဒါကို လက္ဆုပ္လက္ကိုင္ျပဖို႔ေတာ့ ခက္ခဲေနမွာျဖစ္တယ္။ ခရီးသြားလာသင့္တဲ့ ကာလမဟုတ္ေပမယ့္ အလုပ္ကိစၥနဲ႔ မျဖစ္မေနသြားရမယ္ဆိုရင္ေတာ့ အေရးႀကီးတဲ့ စာ႐ြက္စာတမ္းေတြကို သတိထားသင့္တယ္။

Pieces (February 19 – March 20)

လက္ရွိမွာ ကိုယ္ႀကိဳးစားသေလာက္ကိုယ္နဲ႔အမီလိုက္မလာႏိုင္တဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြေၾကာင့္ စိတ္တိုေနရမယ္။ ကိုယ့္အတြက္အက်ိဳးယုတ္ေစမယ့္ အႀကံဉာဏ္ေတြၾကားလာရႏိုင္တာမို႔ နားမေယာင္မိေအာင္ ဂ႐ုစိုက္ပါ။ ဒီရက္ပိုင္းမွာ ေက်ာင္းစာေမးပြဲ အလုပ္စာေမးပြဲေျဖရမယ့္လူေတြအတြက္ အထူးေအာင္ျမင္မယ္။ အခ်ိန္ျဖဳန္းေနမိတာေတြကို ေလွ်ာ့ခ်သင့္တယ္။ အရင္ကတည္းက ႀကိဳးစားႀကံစည္ထားၿပီး အခ်ိန္တစ္ခုၾကာေအာင္ ပစ္ထားမိတဲ့ အလုပ္ေတြ၊ အနာဂတ္ရည္မွန္းခ်က္ေတြကို ျပန္လည္ႀကိဳးစားသင့္တယ္။ အခ်စ္ေရးမွာေတာ့ စိတ္ခံစားခ်က္ေတြနဲ႔ ရႈပ္ေထြးေနမွာျဖစ္ၿပီး ကိုယ္တကယ္လိုခ်င္တာကို အေျဖရွာမရပဲျဖစ္ေနႏိုင္တယ္။ ခရီးသြားလာသင့္တဲ့အခ်ိန္မဟုတ္ေပမယ္လို႔ ခရီးသြားမယ္ဆိုရင္လည္း အေႏွာက္အယွက္ႀကီးႀကီးမားမားေတာ့ ျဖစ္ဖို႔မရွိဘူး။

အခုေဖာ္ျပသြားတာေတြကေတာ့ ေျပာခ်င္လြန္းလို႔ရဲ႕ တစ္ပတ္စာေဗဒင္ေဟာစာတမ္းျဖစ္ပါတယ္။ေဟာစာတမ္းရဲ႕ေဖာ္ျပခ်က္ေတြနဲ႔ ကိုယ့္ရာသီခြင္နဲ႔ကိုက္ရဲ႕လားဆိုတာလည္း ဖတ္ရႈၿပီးေျပာခဲ့ၾကပါဦး။ ေနာက္အပတ္ေတြမွာလည္းတစ္ပတ္စာေဗဒင္ေဟာစာတမ္းေတြကို တင္ဆက္ေပးသြားမွာျဖစ္လို႔ ေစာင့္ေမွ်ာ္ဖတ္ရႈၾကပါဦး။

Unicode ဖြင့်ဖတ်ပါ
★★★★★

ဗေဒင်လက္ခဏာပညာတွေဆိုတာက ဘုရားရှင်လက်ထက်ကတည်းက ရှိခဲ့တဲ့အရာတွေဖြစ်ပြီးလူတွေရဲ့ ကြိုတင်မမြင်နိုင်တဲ့ကံတရားကိုတွက်ချက်ခန့်မှန်းပုံဖော်ပြီး မလုပ်သင့်တာမလုပ်ရအောင်၊ အညံ့တွေပပျောက်အောင်၊ ကြံတိုင်းအောင်ဆောင်တိုင်းမြောက်အောင် တစ်ဖက်တစ်လမ်းက ကူညီပေးနေတဲ့ပညာရပ်တစ်ပါးဖြစ်ပါတယ်။ ဗေဒင်ကြိုက်တဲ့ပရိသတ်ကြီးအတွက်ရော ဗေဒင်တွေကို ဆောင်ရန်ရှောင်ရန်လောက်သာဖတ်ပါတယ်ဆိုတဲ့သူတွေအတွက်ရောပြောချင်လွန်းလို့ရဲ့ တစ်ပတ်စာဗေဒင်ဟောစာတမ်းကဏ္ဍကို တင်ဆက်ပေးလိုက်ပါတယ်။

Aries (March 21- April 19)

March လ 21 ကနေ April 19 ရက်အတွင်းမွေးဖွားတဲ့ Aries ရာသီဖွားတွေအတွက်တော့ ဒီရက်ပိုင်းမှာ ဘယ်အလုပ်မဆို စိတ်ပါလက်ပါနဲ့ စိတ်ဝင်တစားလုပ်မိနေမယ်။ ဘေးကသူတွေရဲ့ ဝေဖန်ချက်တွေထဲမှာ အမှန်တရားတွေပါနေမှာမို့ ဝေဖန်ချက်တွေကို ဆန်းစစ်ပြီး မကောင်းတာပယ် ကောင်းတာယူသင့်တယ်။ ကိုယ့်နားက မကောင်းတဲ့သူတွေကို ဖယ်ထုတ်ပစ်ရမယ့်အချိန်လည်းဖြစ်တယ်။ အတိတ်ကိုပြန်တမ်းတနေမယ့်အစား အနာဂတ်ကိုသာရှေးရှုပြီး ကြိုးစားသင့်တယ်။ အချစ်ရေးမှာတော့ တိုးတက်မှုှတွေနှေင့်နှေးနေမှာဖြစ်တယ်။ ကိုယ်ချစ်တဲ့သူကို ဖွင့်ပြောလည်း အကြောင်းထူးမယ့်အချိန်မဟုတ်သေးဘူး။ ခရီးသွားလာသင့်တဲ့အချိန်ဖြစ်လင့်ကစား အလုပ်နဲ့ခရီးသွားမယ်ဆိုရင် စာရွက်စာတမ်းတွေမပျောက်ရှအောင် အထူးဂရုစိုက်သင့်တယ်။

Taurus (April 20 -May 20)

Taurus ရာသီဖွားတွေဟာအခုအချိန်မှာ အောင်မြင်မှုတွေရပြီး ဘာလုပ်လုပ်အဆင်ပြေနေမယ့်အချိန်ဖြစ်ပေမယ့် ကိုယ့်အခြေအနေကို ကြွားဝါတာမျိုးရှောင်ရှားသင့်တယ်။ မနာလိုသူတွေရဲ့ အကွက်ဆင်မှုကို ခံရနိုင်လို့ သတိထားရမယ့်ကာလပါ။ ကိုယ့်ရည်မှန်းချက်တွေကို နှောင့်နှေးစေမယ့် စိတ်ပူပန်မှုတွေကိုလျှော့ချပါ။ ဘဝမှာ ကြီးမားတဲ့အပြောင်းအလဲတွေကို ရင်ဆိုင်ရမယ့်ကာလဖြစ်ပြီးအဲဒီအပြောင်းအလဲက ကောင်းဖို့ဖြစ်မလား ဆိုးဖို့ဖြစ်မလားဆိုတာကတော့ ကိုယ်ခံယူတာနဲ့ပဲဆိုင်မှာဖြစ်တယ်။ အချစ်ရေးမှာတော့ တည်ငြိမ်နေပြီး ကိုယ်ချစ်တဲ့သူတွေနဲ့ နွေးထွေးနေမယ့်ကာလလေးဖြစ်တယ်။ ခရီးသွားလာသင့်တဲ့ကာလဖြစ်ပြီး အပန်းဖြေခရီးတွေထွက်သင့်တယ်။

Gemini (May 21 – Jun 20)

အခုရက်ပိုင်းတွေမှာ Gemini ဖွားတွေအတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေပြည့်ဝနေပြီး အရာရာကိုအကောင်းမြင်စိတ်တွေနဲ့ ကြည့်နေမိမယ့်ကာလပါ။ သူများတွေရဲ့အကြံပေးစကားတွေကို နားမထောင်မိလို့ ဆုံးရှုံးရတာတွေနဲ့ ရင်ဆိုင်ရနိုင်ပြီး အဲဒီကနေ တန်ဖိုးရှိတဲ့ဘဝသင်ခန်းစာတွေသင်ယူနိုင်မှာဖြစ်တယ်။ မှန်ကန်တဲ့ပျော်ရွှင်မှုကိုရဖို့ဆိုရင်တော့ သင့်ရဲ့ဘဝနေထိုင်မှုပုံစံအချို့ကိုပြောင်းလဲရမယ်။ အချစ်ရေးမှာတော့ ချစ်သူရှိတဲ့သူတွေက ချစ်သူနဲ့ တကျက်ကျက်ရန်ဖြစ်နေရမယ်။ ချစ်သူနဲ့ပြဿနာအကြီးအကျယ်တက်နေတဲ့သူတွေအတွက်တော့ ခရီးအတူတူထွက်လိုက်ရင် အဆင်ပြေသွားနိုင်တာမို့ ခရီးတိုလေးတစ်ခုလောက်အတူတူထွက်သင့်တဲ့ကာလပါ။

Cancer (Jun 21- July 22)

Cancer ရာသီဖွားတွေကတော့ ဒီရက်ပိုင်းမှာ ကိုယ်အရင်တုန်းက လုပ်ထားတဲ့အမှားတွေဘူးပေါ်သလိုပေါ်လာနိုင်တယ်။ အဲဒါတွေကိုလိုက်ဖုံးလို့လည်းရနိုင်ဖွယ်မရှိဘူး။ ဒါပေမယ့် အဲဒီအမှားတွေဆီကနေပဲ ဘဝသင်ခန်းစာတွေ သင်ယူရနိုင်တယ်။ အလုပ်မှာတော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွဲဖက်ညီညီဆောင်ရွက်နိုင်ပြီး အောင်မြင်မှုတွေရဖို့ရှိတယ်။ ကိုယ်ဖြစ်ချင်တဲ့အိပ်မက်တွေ စိတ်ကူးထားတဲ့အကြံအစည်တွေအတွက် စိတ်သွားတိုင်းကိုယ်မပါနိုင်သေးလို့ စိတ်ညစ်နေရမယ်။ ဘဝမှာ အကောင်းဘက်ကိုပြောင်းလဲမယ့် အပြောင်းအလဲတွေနဲ့ ကြုံရမယ်။ အချစ်ရေးမှာတော့ နှစ်ယောက်ကြား နားလည်မှုတွေလွဲနိုင်တဲ့ကာလဖြစ်တယ်။ ခရီးသွားလာသင့်တဲ့အချိန်အခါကောင်းမှာ ကျရောက်နေတယ်။

Leo (Jul 23 – August 22)

Leo ရာသီဖွားတွေအနေနဲ့ အခုရက်ပိုင်းမှာ စွန့်စားမှုတွေလုပ်သင့်တဲ့ကာလမဟုတ်ဘူး။ ဒီကာလမှာ အစီအစဉ်အတိုင်းလုပ်ထားတာတွေကနေ သွေဖည်ပြီး ဖောက်ထွက်ချင်တဲ့ စိတ်တွေဖြစ်နေမယ်။ ဒါပေမယ့် ဖြစ်ချင်ရာဖြစ်လုပ်ပစ်လိုက်သင့်တဲ့ကာလမဟုတ်ဘူး။ ငွေရေးကြေးရေးမှာ ပိုက်ဆံတွေဆုံးရှုံးရနိုင်ချေရှိလို့ သတိထားသင့်တယ်။ အချစ်ရေးမှာတော့ ခံစားချက်တွေမရှင်းလင်းပဲဖြစ်နေတတ်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်းဘာကိုလိုချင်တာမှန်းမသိဖြစ်နေမယ်။ ခရီးသွားလာသင့်တဲ့အချိန်ကာလမဟုတ်သေးဘူး။

Virgo (Aug 23 – September 22)

Virgo ရာသီဖွားတွေအတွက် ဒီရက်ပိုင်းမှာ အနားကလူတွေရဲ့ ပြဿနာတွေထဲ ကိုယ်ပါရောမပါမိအောင်နေသင့်တယ်။ မျက်စိရှေ့မှာအမြင်မတော်တာတွေ့နေရရင်တောင်မှပဲ အကူအညီအတောင်းမခံရမချင်းမကူညီပါနဲ့။ ဘုမသိဘမသိကူူညီမိရာက ကိုယ်ပါရောပြီး ဒုက္ခရောက်တတ်တယ်။ ကိုယ်ပိုင်လုပ်ငန်းထောင်ဖို့ ကြံစည်စိတ်ကူးထားသူတွေ စိတ်ကူးတွေအကောင်အထည်ဖော်သင့်တဲ့ ကာလဖြစ်တယ်။ အလုပ်မှာအနှောက်အယှက်အနည်းငယ်တွေ့ရတတ်ပေမယ့် ကျော်လွှားနိုင်မယ်။ အချစ်ရေးအဆင်ပြေနေမှာဖြစ်ပြီး ချစ်သူကြောင့် လုပ်ငန်းခွင်မှာပါ အကျိုးပေးကောင်းနေမယ့်ကာလဖြစ်တယ်။ ခရီးသွားလာသင့်တဲ့အချိန်ကာလမဟုတ်သေးဘူး။

Libra (September 23 – October 22)

Libra တွေအတွက်ကတော့ ဒီရက်ပိုင်းမှာ ကိုယ်လုပ်ထားတဲ့ ကိစ္စတွေကြောင့် အခက်အခဲတွေနဲ့ အရှုံးတွေရင်ဆိုင်ရဖို့ရှိတယ်။ ကြုံလာရသမျှကိစ္စရပ်တိုင်းကို စိတ်ထဲရှိတဲ့အတိုင်း ခံစားချက်နဲ့ တုံ့ပြန်တာတွေမလုပ်မိစေဖို့ သတိပြုပါ။ အချိန်တွေအကြာကြီးတောင်းခဲ့တဲ့ ဆုတွေပြည့်ဝလာဖို့ရှိတယ်။ ငွေရေးကြေးရေးမှာ ငွေဝင်ကြမ်းနေမယ်၊ အပိုဝင်ငွေတွေရလာနိုင်မယ့်အချိန်ကာလပါ။ အချစ်ရေးကတော့ တည်ငြိမ်နေပြီး ချစ်သူနဲ့ ကတောက်ကဆလေးတွေဖြစ်နိုင်ပေမယ့် ကိုယ့်ဘက်က အမှားကြီးကြီးမားမားမလုပ်ထားရင် ချစ်သူက ပြန်ခွင့်လွှတ်လာမှာပါ။ စိတ်ဓာတ်ကျတာတွေဖြစ်နိုင်ချေရှိပြီး စိတ်ဓာတ်ကျတာကို ခရီးသွားခြင်းနဲ့ ဖြေဖျောက်သင့်တယ်။

Scorpio (October 23 – November 21)

Scorpio ရာသီဖွားတွေအနေနဲ့ အခုတလောမှာ မိသားစုနဲ့ အဆင်ပြေနေမယ်။ ဒါပေမယ့် ကြားရတဲ့စကားတိုင်းကို ပစ်ယုံလိုက်တာမျိုးမလုပ်ပဲ သေချာစဉ်းစားဆင်ခြင်သင့်တယ်။ ငွေကြေးရင်းနှီးမြှုပ်နှံတာတွေလုပ်ဖို့ စဉ်းစားထားရင်တော့ အဆောတလျင်မလုပ်ပဲ ပိုမိုသင့်တော်တဲ့အချိန်ကာလကို စောင့်ဆိုင်းသင့်တယ်။ ကိုယ်လုပ်ဖို့ စီစဉ်ထားတဲ့အလုပ်တွေ ခဏခဏရွှေ့ဆိုင်းရတာမျိုးတွေဖြစ်နေမယ်။ အချစ်ရေးမှာတော့ ချစ်သူနဲ့ ညှိနှိုင်းမရတဲ့ ကိစ္စကြောင့် ပြဿနာအကြီးအကျယ်တက်ဖို့ရှိတယ်။ ခရီးသွားလာသင့်တဲ့အချိန်ကာလမှာကျရောက်နေတာမို့ အပန်းဖြေခရီးတွေသွားလာသင့်တယ်။

Sagittarius (November 22 – December 21)

လက်ရှိအချိန်မှာတော့ ကိုယ်နဲ့ရင်းနှီးချစ်ခင်သွားမယ့် လူသစ်တွေနဲ့ တွေ့ကြုံဆက်ဆံရမယ်။ ကိုယ်နဲ့အမြင်မတူသူတွေနဲ့ ငြင်းခုန်ခြင်းတွေကိုရှောင်ရှားပါ။ ကိုယ်ဝါသနာပါတဲ့ စိတ်ဝင်စားတဲ့အလုပ်ကိုလုပ်ပြီး အောင်မြင်မှုရရှိမယ်။ ငွေပိုငွေလျှံတွေရမယ်။ ဘဝမှာ ထူးခြားတဲ့အပြောင်းအလဲတွေနဲ့ ကြုံရနိုင်လို့ ကိုယ့်အတွက်အရေးပါတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ သတိထားသင့်တယ်။ အချစ်ရေးမှာ ချစ်သူက လျစ်လျူရှုတယ် ပလစ်တယ်လို့ ခံစားရလို့ ချစ်သူနဲ့ အထင်အမြင်လွဲနေမယ်။ ခရီးသွားလာသင့်တဲ့ ကာလမဟုတ်ဘူး။

Capricorn (December 22 – Jan 19)

ဒီရက်ပိုင်းမှာတော့ အလုပ်အသစ်တွေအကောင်အထည်ဖော်သင့်တဲ့ကာလမဟုတ်ဘူး။ သင့်ရဲ့ စိတ်တိုစိတ်ဆတ်မှုတွေကြောင့် ဆုံးရှုံးရတာတွေရှိမယ်။ တွေ့ဆုံလာရတဲ့ လူသစ်တွေကိုသတိထားဆက်ဆံသင့်တယ်။ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိပဲ ပျင်းရိနေမှာဖြစ်တယ်။ ဒါပေမယ့် ရေရှည်မှာ ကိုယ့်အတွက်အကျိုးပေးမယ့် အကြံအစည်သစ်တွေ ရလာမယ့် ကာလဖြစ်တယ်။ ကြီးကျယ်ခမ်းနားတဲ့ အနာဂတ်စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မယ့် လမ်းကြောင်းပေါ် ဖြည်းဖြည်းချင်းရောက်ရှိနေမယ်။ အချစ်ရေးမှာတော့ ချစ်သူနဲ့အဆင်မပြေတိုင်း ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တစ်မိနေတာတွေကို လျှော့ချသင့်တယ်။ ခရီးသွားလာသင့်တဲ့အချိန်အခါကောင်း မဟုတ်သေးဘူး။

Aquarius (January 20 – February 18)

Aquarius တွေကတော့ အခုရက်ပိုင်းမှာ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်နေမယ့် ကာလဖြစ်တယ်။ စကားပြောမြန်တာကို သတိထားပါ။ ဘဝမှာ ပြောင်းလဲသင့်တဲ့အရာတွေနဲ့ ကြုံတွေ့နေရမှာဖြစ်ပြီး အပြောင်းအလဲတွေကနေ ရှောင်ပြေးနေလို့ အလုပ်ဖြစ်မှာမဟုတ်ဘူး။ ပြဿနာတွေကို ထိထိရောက်ရောက်ဖြေရှင်းသင့်တဲ့ကာလမှာကျရောက်နေတယ်။ အလုပ်ကိစ္စနဲ့ တွေ့ဆုံမှုအသစ်တွေကြုံတွေ့ရမယ်။ လူသစ်တွေနဲ့ ရင်းနှီးရနိုင်တယ်။ အချစ်ရေးမှာတော့ ကိုယ့်ချစ်သူက ကိုယ့်ကိုကစားနေတယ်လို့ခံစားနေရမှာဖြစ်ပြီး အဲဒါကို လက်ဆုပ်လက်ကိုင်ပြဖို့တော့ ခက်ခဲနေမှာဖြစ်တယ်။ ခရီးသွားလာသင့်တဲ့ ကာလမဟုတ်ပေမယ့် အလုပ်ကိစ္စနဲ့ မဖြစ်မနေသွားရမယ်ဆိုရင်တော့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို သတိထားသင့်တယ်။

Pieces (February 19 – March 20)

လက်ရှိမှာ ကိုယ်ကြိုးစားသလောက်ကိုယ်နဲ့အမီလိုက်မလာနိုင်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကြောင့် စိတ်တိုနေရမယ်။ ကိုယ့်အတွက်အကျိုးယုတ်စေမယ့် အကြံဉာဏ်တွေကြားလာရနိုင်တာမို့ နားမယောင်မိအောင် ဂရုစိုက်ပါ။ ဒီရက်ပိုင်းမှာ ကျောင်းစာမေးပွဲ အလုပ်စာမေးပွဲဖြေရမယ့်လူတွေအတွက် အထူးအောင်မြင်မယ်။ အချိန်ဖြုန်းနေမိတာတွေကို လျှော့ချသင့်တယ်။ အရင်ကတည်းက ကြိုးစားကြံစည်ထားပြီး အချိန်တစ်ခုကြာအောင် ပစ်ထားမိတဲ့ အလုပ်တွေ၊ အနာဂတ်ရည်မှန်းချက်တွေကို ပြန်လည်ကြိုးစားသင့်တယ်။ အချစ်ရေးမှာတော့ စိတ်ခံစားချက်တွေနဲ့ ရှုပ်ထွေးနေမှာဖြစ်ပြီး ကိုယ်တကယ်လိုချင်တာကို အဖြေရှာမရပဲဖြစ်နေနိုင်တယ်။ ခရီးသွားလာသင့်တဲ့အချိန်မဟုတ်ပေမယ်လို့ ခရီးသွားမယ်ဆိုရင်လည်း အနှောက်အယှက်ကြီးကြီးမားမားတော့ ဖြစ်ဖို့မရှိဘူး။

အခုဖော်ပြသွားတာတွေကတော့ ပြောချင်လွန်းလို့ရဲ့ တစ်ပတ်စာဗေဒင်ဟောစာတမ်းဖြစ်ပါတယ်။ဟောစာတမ်းရဲ့ဖော်ပြချက်တွေနဲ့ ကိုယ့်ရာသီခွင်နဲ့ကိုက်ရဲ့လားဆိုတာလည်း ဖတ်ရှုပြီးပြောခဲ့ကြပါဦး။ နောက်အပတ်တွေမှာလည်းတစ်ပတ်စာဗေဒင်ဟောစာတမ်းတွေကို တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုကြပါဦး။