နောက်နှစ်မှာ အသက်ရှင်နေဦးမယ်ဆိုရင် ဖျော်ဖြေပွဲထပ်လုပ်ချင်သေးတယ်ဆိုတဲ့ မီးမီးခဲ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ေနာက္ႏွစ္အတြက္ သူမရဲ႕ ေမွ်ာ္လင့္ခ်က္ေလးပါ။ မီးမီးခဲကေတာ့ ဒုတိယေျမာက္ တစ္ကိုယ္ေတာ္ ေဖ်ာ္ေျဖပြဲလုပ္ဖို႔ ႀကိဳးစားေနတယ္လို႔ သိရပါတယ္။ ေနာက္ႏွစ္မွာ က်န္းမာေရးေကာင္းမယ္ဆိုရင္ ေဖ်ာ္ေျဖပြဲလုပ္ခ်င္တယ္လို႔ ဆိုပါတယ္။

မီးမီးခဲ ကေတာ့ သူမရဲ႕ ဒုတိယေျမာက္ တစ္ကိုယ္ေတာ္ ေဖ်ာ္ေျဖပြဲကို မႏၲေလးမွာ ျပဳလုပ္ဖို႔ စဥ္းစားထားတယ္လို႔သိရပါတယ္။ ဒီေဖ်ာ္ေျဖပြဲကေတာ့ သူမအတြက္ ေမွ်ာ္လင့္ခ်က္ တစ္ခုပါပဲလို႔ ဆိုပါတယ္။

“မီးမီးခဲ One Lady Show 2 next year (2021 )ကိုMandalay မွာ လာေရာက္ ေဖ်ာ္ေျဖရင္ေကာင္းမလား?ကြၽန္မရဲ႕ fans ေတြေနတဲ့ နယ္မ်ားကို သိပါရေစရွင္။ Comments ထဲမွာ ေရးေပးပါေနာ္။ ကြၽန္မရဲ႕ေမ်ာ္လင့္ခ်က္ေပါ့ ေႏွာင္ႏွစ္အတြက္ ….အသက္ရွင္ဦးမယ္ဆိုရင္ေပါ့” ဆိုၿပီးေတာ့ ေဖေဖာ္ဝါရီလ ၈ ရက္ေန႔က သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ ေရးသားခဲ့တာ ျဖစ္ပါတယ္။

အဆိုေတာ္ မီးမီးခဲရဲ႕ ပထမဆုံး တစ္ကိုယ္ေတာ္ ေဖ်ာ္ေျဖပြဲကိုေတာ့ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ ၁၁ ရက္ေန႔က ေတာ္ဝင္ဂါးဒင္း ဟိုတယ္မွာ က်င္းပျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ေအာင္ျမင္တဲ့ ေဖ်ာ္ေျဖပြဲႀကီးတစ္ခု ျဖစ္တာေၾကာင့္လည္း အမ်ားႀကီး ေပ်ာ္ခဲ့ရပါတယ္တဲ့။ အဆိုပါ ေဖ်ာ္ေျဖပြဲက ရရွိတဲ့ ေငြေၾကးေတြကို ကင္ဆာေဝဒနာရွင္ေတြအတြက္ မီးမီးခဲက အလႉအတန္းေတြ လုပ္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။

မီးမီးခဲကေတာ့ ႏိုင္ငံေက်ာ္ ေတးေရးဆရာႀကီး ေစာဘြဲ႕မႉးရဲ႕ သမီးငယ္ေလးျဖစ္ၿပီးေတာ့ အဆိုေတာ္ ကဗ်ာဘြဲ႕မႉးရဲ႕ ညီမငယ္ေလးျဖစ္ပါတယ္။သူမဟာ လက္ရွိမွာ ဂီတေလာကနဲ႔ နည္းနည္း အဆက္အသြယ္ျပတ္သြားခဲ့ပါတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ လပိုင္းေလာက္က သီခ်င္းအသစ္တစ္ပုဒ္ ထြက္ရွိခဲ့ၿပီး အဲဒီ သီခ်င္းေလးနဲ႔ပဲ ပရိသတ္ေတြ သူမကို ျပန္ၿပီး သတိရေစခဲ့တာပါ။

သူမကိုယ္တိုင္ ေရးထားတဲ့ “ငါ့ရဲ႕ မ်က္ဝန္းညိဳ” ဆိုတဲ့ သီခ်င္းေလးက ပရိသတ္ေတြၾကားအ ရမ္းကို နာမည္ႀကီးသြားခဲ့တာပါ။ ထူးျခားတဲ့ အသံေလးကို ပိုင္ဆိုင္ထားၿပီး ခ်စ္ဖို႔ေကာင္းလွတဲ့ အဆိုေတာ္ မီးမီးခဲဟာ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကို ပိုင္ဆိုင္ထားတဲ့ အဆိုေတာ္တစ္ဦးပါ။မီးမီးခဲဟာ “မ်က္ဝန္းညိဳ” ၊ “အေဝးက ခ်စ္သူ” စတဲ့ သီခ်င္းအသစ္ေတြလည္း ထြက္ရွိထားပါေသးတယ္။

ဆယ္လီရပ္ကြက္

Unicode ဖြင့်ဖတ်ပါ
★★★★★

နောက်နှစ်အတွက် သူမရဲ့ မျှော်လင့်ချက်လေးပါ။ မီးမီးခဲကတော့ ဒုတိယမြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ နောက်နှစ်မှာ ကျန်းမာရေးကောင်းမယ်ဆိုရင် ဖျော်ဖြေပွဲလုပ်ချင်တယ်လို့ ဆိုပါတယ်။

မီးမီးခဲ ကတော့ သူမရဲ့ ဒုတိယမြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို မန္တလေးမှာ ပြုလုပ်ဖို့ စဉ်းစားထားတယ်လို့သိရပါတယ်။ ဒီဖျော်ဖြေပွဲကတော့ သူမအတွက် မျှော်လင့်ချက် တစ်ခုပါပဲလို့ ဆိုပါတယ်။

“မီးမီးခဲ One Lady Show 2 next year (2021 )ကိုMandalay မှာ လာရောက် ဖျော်ဖြေရင်ကောင်းမလား?ကျွန်မရဲ့ fans တွေနေတဲ့ နယ်များကို သိပါရစေရှင်။ Comments ထဲမှာ ရေးပေးပါနော်။ ကျွန်မရဲ့မျော်လင့်ချက်ပေါ့ နှောင်နှစ်အတွက် ….အသက်ရှင်ဦးမယ်ဆိုရင်ပေါ့” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၈ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

အဆိုတော် မီးမီးခဲရဲ့ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲကိုတော့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က တော်ဝင်ဂါးဒင်း ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အောင်မြင်တဲ့ ဖျော်ဖြေပွဲကြီးတစ်ခု ဖြစ်တာကြောင့်လည်း အများကြီး ပျော်ခဲ့ရပါတယ်တဲ့။ အဆိုပါ ဖျော်ဖြေပွဲက ရရှိတဲ့ ငွေကြေးတွေကို ကင်ဆာဝေဒနာရှင်တွေအတွက် မီးမီးခဲက အလှူအတန်းတွေ လုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

မီးမီးခဲကတော့ နိုင်ငံကျော် တေးရေးဆရာကြီး စောဘွဲ့မှူးရဲ့ သမီးငယ်လေးဖြစ်ပြီးတော့ အဆိုတော် ကဗျာဘွဲ့မှူးရဲ့ ညီမငယ်လေးဖြစ်ပါတယ်။သူမဟာ လက်ရှိမှာ ဂီတလောကနဲ့ နည်းနည်း အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ လပိုင်းလောက်က သီချင်းအသစ်တစ်ပုဒ် ထွက်ရှိခဲ့ပြီး အဲဒီ သီချင်းလေးနဲ့ပဲ ပရိသတ်တွေ သူမကို ပြန်ပြီး သတိရစေခဲ့တာပါ။

သူမကိုယ်တိုင် ရေးထားတဲ့ “ငါ့ရဲ့ မျက်ဝန်းညို” ဆိုတဲ့ သီချင်းလေးက ပရိသတ်တွေကြားအ ရမ်းကို နာမည်ကြီးသွားခဲ့တာပါ။ ထူးခြားတဲ့ အသံလေးကို ပိုင်ဆိုင်ထားပြီး ချစ်ဖို့ကောင်းလှတဲ့ အဆိုတော် မီးမီးခဲဟာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ဦးပါ။မီးမီးခဲဟာ “မျက်ဝန်းညို” ၊ “အဝေးက ချစ်သူ” စတဲ့ သီချင်းအသစ်တွေလည်း ထွက်ရှိထားပါသေးတယ်။

ဆယ်လီရပ်ကွက်