အမေရိကန် CDC အကူအညီဖြင့် ဝူဟန်ဗိုင်းရပ်စ်ကို မြန်မာနိုင်ငံမှာ စတင်စစ်ဆေးနိုင်တော့မည်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ယခုလကုန္ပိုင္းကစၿပီး စတင္စစ္ေဆးႏိုင္ေတာ့မွာပါ။ အေမရိကန္ CDC ကေန ျမန္မာႏိုင္ငံကို လာေရာက္ကာ ဓာတ္ခြဲစစ္ေဆးမႈေတြနဲ႔ ပတ္သက္လို႔ Trainingမ်ားေပးသြားမွာျဖစ္ၿပီးေတာ့ ယခုလကုန္ပိုင္းေလာက္စလို႔ ဝူဟန္ဗိုင္းရပ္စ္ကို ျမန္မာႏိုင္ငံမွာ စတင္စစ္ေဆးႏိုင္မွာျဖစ္တယ္လို႔သိရပါတယ္။

တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕က စတင္ျဖစ္ပြားခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ပိုးနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံမွာလည္း သံသယလူနာ‌ေတြမွာ ေရာဂါပိုး ရွိ၊ မရွိကို ဓာတ္ခြဲစစ္ေဆးႏိုင္ေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။ အေမရိကန္ CDC ဓာတ္ခြဲကြၽမ္းက်င္ပညာရွင္မ်ားက ေဖေဖာ္ဝါရီလ (၁၇)ရက္ေန႔မွာ ဓာတ္ခြဲစစ္ေဆးျခင္းနဲ႔ ပတ္သက္ၿပီး လိုအပ္တဲ့ Training မ်ားကို ျမန္မာႏိုင္ငံကို လာေရာက္သင္ၾကားေပးမွာျဖစ္တယ္လို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

အခုလို အေမရိကန္ CDCအဖြဲ႕ က လာေရာက္ၿပီး လိုအပ္သည္မ်ား သင္ၾကားၿပီးေနာက္မွာေတာ့ ကို႐ိုနာဗိုင္းရပ္ပိုးရွိ၊ မရွိကို ျမန္မာႏိုင္ငံအတြင္းမွာလည္း စစ္ေဆးႏိုင္ေတာ့မွာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ျမန္မာႏိုင္ငံက ကို႐ိုနာ သံသယလူနာေတြမွာ ေရာဂါ ရွိ၊ မရွိကိုေတာ့ သူတို႔ရဲ႕ ႏွာေခါင္းဖတ္ေတြကို ထိုင္းႏိုင္ငံကို ပို႔ေဆာင္ၿပီး စစ္ေဆးေနရတာလည္းျဖစ္ပါတယ္။ လက္ရွိ ျမန္မာႏိုင္ငံမွာေတာ့ ေဖေဖာ္ဝါရီလ (၉)ရက္ေန႔အထိ ကို႐ိုနာဗိုင္းရပ္စ္ သံသယလူနာ (၁၃)ဦးရွိေနၿပီး အဆိုပါ သံသယလူနာေတြကိုေတာ့ သက္ဆိုင္ရာ ေဆး႐ုံေတြမွာ ေစာင့္ၾကည့္ကုသေပးလွ်က္ရွိတယ္လို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

Unicode ဖြင့်ဖတ်ပါ
★★★★★

ယခုလကုန်ပိုင်းကစပြီး စတင်စစ်ဆေးနိုင်တော့မှာပါ။ အမေရိကန် CDC ကနေ မြန်မာနိုင်ငံကို လာရောက်ကာ ဓာတ်ခွဲစစ်ဆေးမှုတွေနဲ့ ပတ်သက်လို့ Trainingများပေးသွားမှာဖြစ်ပြီးတော့ ယခုလကုန်ပိုင်းလောက်စလို့ ဝူဟန်ဗိုင်းရပ်စ်ကို မြန်မာနိုင်ငံမှာ စတင်စစ်ဆေးနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာလည်း သံသယလူနာ‌တွေမှာ ရောဂါပိုး ရှိ၊ မရှိကို ဓာတ်ခွဲစစ်ဆေးနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ အမေရိကန် CDC ဓာတ်ခွဲကျွမ်းကျင်ပညာရှင်များက ဖေဖော်ဝါရီလ (၁၇)ရက်နေ့မှာ ဓာတ်ခွဲစစ်ဆေးခြင်းနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ Training များကို မြန်မာနိုင်ငံကို လာရောက်သင်ကြားပေးမှာဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အခုလို အမေရိကန် CDCအဖွဲ့ က လာရောက်ပြီး လိုအပ်သည်များ သင်ကြားပြီးနောက်မှာတော့ ကိုရိုနာဗိုင်းရပ်ပိုးရှိ၊ မရှိကို မြန်မာနိုင်ငံအတွင်းမှာလည်း စစ်ဆေးနိုင်တော့မှာဖြစ်ပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံက ကိုရိုနာ သံသယလူနာတွေမှာ ရောဂါ ရှိ၊ မရှိကိုတော့ သူတို့ရဲ့ နှာခေါင်းဖတ်တွေကို ထိုင်းနိုင်ငံကို ပို့ဆောင်ပြီး စစ်ဆေးနေရတာလည်းဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာတော့ ဖေဖော်ဝါရီလ (၉)ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ (၁၃)ဦးရှိနေပြီး အဆိုပါ သံသယလူနာတွေကိုတော့ သက်ဆိုင်ရာ ဆေးရုံတွေမှာ စောင့်ကြည့်ကုသပေးလျှက်ရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။