ဘာလီမှာ ဈေးဝယ်ထွက်ရင်း မယ်လိုဒီကိုပုံလှလှလေးတွေ ဓာတ်ဖမ်းပေးခဲ့တဲ့အူဝဲ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Unicode ဖြင့်ဖတ်ပါ
★★★★★

အူဝဲလို့ပရိသတ်တွေသိကြတဲ့ အိန္ဒြာကျော်ဇင်ကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သလို လက်ရှိအချိန်မှာလည်း ဇာတ်ကားတွေတစ်ခုပြီးတစ်ခု ရိုက်ကူးနေတာပါ။အခုဆိုရင် နတ်ရုပ်ရှင်ကားကို ရိုက်ကူးဖို့အတွက် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။

ဒီလိုမျိုးရိုက်ကူးရေးတွေလုပ်နေစဉ်မှာ မိုးရွာတာကြောင့် ရှူတင်ပျက်သွားပြီး ပျော်ပျော်ပါးပါး Shopping ထွက်ခဲ့ပါသေးတယ်။ဈေးဝယ်ထွက်ရင်း မယ်လိုဒီကိုလည်း လှလှပပပုံလေးတွေဓာတ်ဖမ်းပေးခဲ့တဲ့အကြောင်းကို တင်ထားပါသေးတယ်။”ဒီလိုအလှပဂေးလေးတွေတွေ့ရင် မရိုက်ပဲမနေနိုင်ပြန်ဘူး” ဆိုပြီးတော့ မယ်လိုဒီကို ဓာတ်ပုံရိုက်ပေးနေတဲ့ပုံလေးကို တင်ထားပေးတာပါ။

အူဝဲရဲ့ဓာတ်ပုံလက်ရာနဲ့အတူ မယ်လိုဒီကလည်း ဂါဝန်အရှည်လေးနဲ့ ချစ်စရာကောင်းနေခဲ့တာပါ။အူဝဲကတော့ ရုပ်ရှင်ကားရိုက်ရင်းဘာလီမှာပျော်ရွှင်နေတဲ့ပုံပါပဲ။ဒီဇာတ်ကားမှာတော့ အူဝဲနဲ့အတူ နိုင်နိုင်း၊မယ်လိုဒီ၊ခါရာ၊ဖြိုးငွေစိုးနဲ့ခင်သဇင်တို့လည်း ပါဝင်ပါတယ်။သဘာဝအလှအပတွေနဲ့ဘာလီမှာ အူဝဲတစ်ယောက်ကတော့ အရမ်းတွေပျော်နေတဲ့ပုံပါပဲနော်။