မွေးကင်းစကနေစကာ အခုချိန်ထိ ချစ်စရာကောင်းတဲ့ အေသင်ချိုဆွေသမီးလေးအိုင်ဗီလေးရဲ့ ဗီဒီယိုဖိုင်
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
“မွေးကင်းစကနေစကာ အခုချိန်ထိ ချစ်စရာကောင်းတဲ့ အေသင်ချိုဆွေသမီးလေးအိုင်ဗီလေးရဲ့ ဗီဒီယိုဖိုင်”
အေသင်ချိုဆွေကတော့ အနုပညာအလုပ်တွေနဲ့အချိန်တစ်ခုလောက် ဝေးကွာခဲ့ပေမယ့် single Mother အဖြစ်နဲ့ ပရိသတ်တွေရှေ့ပြန်လည်ရောက်ရှိလာခဲ့တာပါ..။ အေသင်ဟာ “ပေါက်တဲ့အိုး’သီချင်းအယ်လ်ဘမ်နဲ့ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အားပေးမှုတွေကို တစ်ခဲနက်ရရှိခဲ့ပြီး ရောင်းအားအကောင်းဆုံးဆုတွေကို ရရှိခဲ့တဲ့သူပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း ချစ်ရတဲ့သမီးလေးနဲ့အတူ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေတာပါ..။
အေသင်ရဲ့ လူမှုကွန်ရက်စာမျက်နှာဟာ ချစ်စရာကောင်းတဲ့ သမီးလေး ဗီးရဲ့ ပုံရိပ်လေးတွေနဲ့သာ အပြည့်ဖြစ်နေခဲ့တာပါ..။ တစ်နေ့တစ်မျိုးမရိုးဘဲ ချစ်ဖို့ကောင်းလာတဲ့သမီးဖြစ်သူကြောင့် သူမကိုယ်တိုင် အချစ်တွေပိုနေသလို ပရိသတ်တွေဟာလည်း အသည်းတွေယားကာ အချစ်တွေပိုနေကြတယ်လို့ ပြောရင်မှားမယ်မထင်ပါဘူးနော်..။ ဒီနေ့ ဖေဖော်ဝါရီလ(၁၀)ရက်နေ့မှာတော့ အေသင်က သူမသမီးလေးကို မွေးစကနေ အခုချိန်ထိကြီးပြင်းလာတဲ့ ပုံရိပ်လေးတွေကို ဗီဒီယိုလေးလုပ်ကာ “To My little angle Ivy………..ဗီးရေ မေမေ့မှာက တခြားလူတွေလို Baby shower လဲမလုပ်နိုင်ခဲ့ပါဘူး။ ကိုယ်ဝန်ရှိနေတုန်းကလည်း အမှတ်တရ ဓါတ်ပုံလှလှလေးတွေမရိုက်နိုင်ခဲ့ပါဘူး။ဗီးလေးမွေးပြီးတော့လည်း studio မှာ ဓါတ်ပုံလှလှလေးတွေလည်း မရိုက်နိုင်ခဲ့ပါဘူး ကွယ်။
အဲ့ဒီအတွက်မေမေ အားနာမိတယ် .။ ဒါပေမဲ့ ဗီးဗီးလေး ကြီးရင်တော့ အတ္တမပါတဲ့ မေမေ့ရဲ့ မေတ္တာကို ဗီးဗီးလေး အပြည့်အဝ ရရှိမှာပါ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာတင်လာခဲ့ပါတယ်..။ သမီးလေးကို ကိုယ်ဝန်ရှိစဉ်အခါက သူများတွေလို မှတ်တမ်းလေးတွေလုပ်ကာ အမှတ်တရမလုပ်ပေးနိုင်လို့ အေသင်ကတော့ စိတ်မကောင်းဖြစ်နေမယ်ထင်ပါတယ်နော် ပရိသတ်ကြီး..။ အမှတ်တရေ တွကို ဓါတ်ပုံလှလှလေးတွေထုတ်ကာ လုပ်မပေးနိုင်ခဲ့ပေမယ့် ချစ်ရတဲ့သမီးလေးအတွက် မေတ္တာတွေအပြည့်အဝပေးကာ လုပ်ထားတဲ့ ဗီဒီယိုလေးကို Cele Connections ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။
Source:Athen Cho Swe’s Facebook
Sakura(Cele Connections)