၂၀၂၀ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ပိုင်ဉာဏ်သုံးပြီးဖြေဆိုပါက အမှတ်ပိုရနိုင်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

၂၀၂၀ ျပည့္ႏွစ္ တကၠသိုလ္ဝင္ စာေမးပြဲ ေျဖဆိုမည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ အလြတ္က်က္ထားသည္ထက္

ကိုယ္ပိုင္ဉာဏ္သုံးကာ ေျဖဆိုပါက အမွတ္ပိုရရွိမည္ဟု ရန္ကုန္တကၠသိုလ္ ျမန္မာစာဌာနမွ ပါေမာကၡဌာနမႉး

ေဒါက္တာ ေအာင္ ျမင့္ဦးက ေျပာသည္။အကုန္သိ သတင္းဌာနႏွင့္ သီးသန႔္ေတြ႕ဆုံေမးျမန္းရာတြင္ ရန္ကုန္တကၠသိုလ္ ျမန္မာစာဌာနမွ

ပါေမာကၡဌာနမႉး ေဒါက္တာ ေအာင္ျမင့္ဦးက ေျပာၾကားခဲ့ျခင္းျဖစ္သည္။“မႏွစ္က ျမန္မာစာဘာသာရပ္ ေျဖတဲ့အထိကေတာ့

ကြၽန္ေတာ္တို႔ လိုခ်င္တဲ့ အေနအထားမရေသးဘူး။ အရင္တိုင္းပဲ အလြတ္ က်က္၊ က်က္တာေျဖ အဲဒီေတာ့ အပုဒ္ကေတာ့

ဒီအပုဒ္ပဲေလ။ ေခါင္းစဥ္က တူတာကိုး။ ေမးကြက္က ဒီအကြက္ပဲ။ ဒါေပမဲ့ ေမးပုံ က တစ္မ်ိဳး။ ေျဖလိုက္တာက သူက်က္ထားတဲ့ဟာ

ဆိုေတာ့ အမွတ္ေတြမရဘူး။ ျဖစ္ေစခ်င္တာက ေက်ာင္းသူ၊ ေက်ာင္းသားေတြ က ကိုယ္က်က္ထားတဲ့ စာအေပၚမွာ ေမးတဲ့ ေမးခြန္းနဲ႔

အံ့ဝင္ဂြင္က်ျဖစ္ေအာင္ ကိုယ့္ရဲ႕ကိုယ္ပိုင္ဉာဏ္ေလးသုံးၿပီးေတာ့ ကိုယ့္ပိုင္ အတင္အျပေလး ျဖစ္ေအာင္လုပ္ရင္ေတာ့ သူမ်ားထက္

ထူးခြၽန္တဲ့ အမွတ္ေတြရပါလိမ့္မယ္”ဟု ၎ကေျပာသည္။ျမန္မာစာဘာသာရပ္ ေမးခြန္းပုံစံမ်ားအား ၂၀၁၉ ခုႏွစ္ မတ္လ တကၠသိုလ္ဝင္

စာေမးပြဲတြင္ ေျပာင္းလဲေမးခဲ့ၿပီး အထူးသျဖင့္ ေတြး ေခၚေမွ်ာ္ျမင္ကာ ေရးသားေျဖဆိုသည့္ဘက္ကို အားျပဳခဲ့ေသာ္လည္း ေက်ာင္းသား၊

ေက်ာင္းသူအမ်ားစုမွာ စာစီစာကုံးကိုပင္ အ လြတ္က်က္ထားသည့္ အတိုင္းသာ ေရးသားေျဖဆိုခဲ့မႈမ်ားရွိေၾကာင္း ျမန္မာစာဌာနမွ

သိရသည္။ ၂၀၂၀ ျပည့္ႏွစ္ တကၠသိုလ္ဝင္ စာေမးပြဲေျဖဆိုရန္ စာရင္းေပးသြင္းထားသည့္

ေက်ာင္းသား၊ ေက်ာင္းသူ ဦးေရ ၉၇၀၇၅၉ ဦးရွိ ၿပီး ယခင္ႏွစ္ထက္ လူဦးေရ ၁၂၀၀၀၀ ဦးပိုမိုမ်ားေၾကာင္း သိရသည္။

အကုန္သိ

Unicode ဖြင့်ဖတ်ပါ
★★★★★

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အလွတ်ကျက်ထားသည်ထက်

ကိုယ်ပိုင်ဉာဏ်သုံးကာ ဖြေဆိုပါက အမှတ်ပိုရရှိမည်ဟု ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှ ပါမောက္ခဌာနမှူး

ဒေါက်တာ အောင် မြင့်ဦးက ပြောသည်။အကုန်သိ သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းရာတွင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှ

ပါမောက္ခဌာနမှူး ဒေါက်တာ အောင်မြင့်ဦးက ပြောကြားခဲ့ခြင်းဖြစ်သည်။“မနှစ်က မြန်မာစာဘာသာရပ် ဖြေတဲ့အထိကတော့

ကျွန်တော်တို့ လိုချင်တဲ့ အနေအထားမရသေးဘူး။ အရင်တိုင်းပဲ အလွတ် ကျက်၊ ကျက်တာဖြေ အဲဒီတော့ အပုဒ်ကတော့

ဒီအပုဒ်ပဲလေ။ ခေါင်းစဉ်က တူတာကိုး။ မေးကွက်က ဒီအကွက်ပဲ။ ဒါပေမဲ့ မေးပုံ က တစ်မျိုး။ ဖြေလိုက်တာက သူကျက်ထားတဲ့ဟာ

ဆိုတော့ အမှတ်တွေမရဘူး။ ဖြစ်စေချင်တာက ကျောင်းသူ၊ ကျောင်းသားတွေ က ကိုယ်ကျက်ထားတဲ့ စာအပေါ်မှာ မေးတဲ့ မေးခွန်းနဲ့

အံ့ဝင်ဂွင်ကျဖြစ်အောင် ကိုယ့်ရဲ့ကိုယ်ပိုင်ဉာဏ်လေးသုံးပြီးတော့ ကိုယ့်ပိုင် အတင်အပြလေး ဖြစ်အောင်လုပ်ရင်တော့ သူများထက်

ထူးချွန်တဲ့ အမှတ်တွေရပါလိမ့်မယ်”ဟု ၎င်းကပြောသည်။မြန်မာစာဘာသာရပ် မေးခွန်းပုံစံများအား ၂၀၁၉ ခုနှစ် မတ်လ တက္ကသိုလ်ဝင်

စာမေးပွဲတွင် ပြောင်းလဲမေးခဲ့ပြီး အထူးသဖြင့် တွေး ခေါ်မျှော်မြင်ကာ ရေးသားဖြေဆိုသည့်ဘက်ကို အားပြုခဲ့သော်လည်း ကျောင်းသား၊

ကျောင်းသူအများစုမှာ စာစီစာကုံးကိုပင် အ လွတ်ကျက်ထားသည့် အတိုင်းသာ ရေးသားဖြေဆိုခဲ့မှုများရှိကြောင်း မြန်မာစာဌာနမှ

သိရသည်။ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့်

ကျောင်းသား၊ ကျောင်းသူ ဦးရေ ၉၇၀၇၅၉ ဦးရှိ ပြီး ယခင်နှစ်ထက် လူဦးရေ ၁၂၀၀၀၀ ဦးပိုမိုများကြောင်း သိရသည်။

အကုန်သိ