နာမည်အပြင် ဇာတ်ကားနာမည်ကိုပါ တက်တူးထိုးပေးတဲ့ ပရိသတ်ကို ပိုင်ဆိုင်ထားတဲ့ စိုးပြည့်သဇင်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Chilli – CeleGabar
Source – Soe Pyae Thazin

Unicode ဖြင့်ဖတ်ပါ
★★★★★

“နာမည်အပြင် ဇာတ်ကားနာမည်ကိုပါ တက်တူးထိုးပေးတဲ့ ပရိသတ်ကို ပိုင်ဆိုင်ထားတဲ့ စိုးပြည့်သဇင်”

အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ရယ်လို့ ဖြစ်လာဖို့ဆိုတာထက် အားပေးတဲ့ အမာခံပရိသတ်အခိုင်အမာရရှိဖို့က အနုပညာရှင်တွေအတွက် အတော်လေးကိုခက်ခဲတဲ့ အရာတစ်ခုပါ။ပရိသတ်တွေအားပေးတဲ့ ပုံစံအမျိုးမျိုးရှိကြတဲ့ အထဲမှာမှ အခုနောက်ပိုင်းမှာဆိုရင် အမာခံပရိသတ်တွေက ကိုယ်အားပေးတဲ့ အနုပညာရှင်တွေရဲ့ နာမည်တွေကို ခန္ဓာကိုယ်ပေါ်မှာ သေရာပါ တက်တူးထိုးပေးပြီး အားပေးတာမျိုးတွေအတော်လေးကို ခေတ်စားလာခဲ့ပါတယ်။

ဒီလိုတက်တူးထိုးအားပေးခံရတဲ့ အနုပညာရှင်တွေထဲမှာမှ သရုပ်ဆောင်မင်းသမီးချောလေး စိုးပြည့်သဇင်ကလည်း အပါအဝင်ပဲဖြစ်ပါတယ်။စိုးပြည့်သဇင်ကတော့ သူရဲ့နာမည်လေးအပြင် လတ်တလောမှာ သူပါဝင်သရုပ်ဆောင်ထားတဲ့ ရွှေမင်းသမီး ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နာမည်ကိုပါ တက်တူးထိုးပေးတဲ့ အမာခံပရိသတ်ကိုပါ ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။စိုးပြည့်သဇင်က အခုလို အားပေးကြမ်းတဲ့ သူ့ရဲ့ ပရိသတ်မလေးကို ကျေးဇူးတင်ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နာကနေဖော်ပြထားခဲ့တာပါ။

“ဪ လူဇိုးမလေး ပြောမရဆိုမရ အမနာမည်တက်တူးထိုးလို့အားမရတော့ “ရွှေမင်းသမီး” ရုပ်ရှင်နာမည်ပါတက်တူးထိုးတယ်။ အသားတွေအနာခံပြီးကွယ်။ ကျေးဇူးလည်းအရမ်းတင်ပါတယ်နော်။ တော်တော့နော်ထပ်မလုပ်နဲ့တော့။ လူဇိုးမလေး”ဆိုပြီး ရေးသားဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ ပရိသတ်အချစ်တော် မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ အားပေးကြမ်းတဲ့ ပရိသတ်တွေကို ပိုင်ဆိုင်ထားတာပါနော်……

Chilli – CeleGabar
Source – Soe Pyae Thazin