စတိုင်အပြည့်နဲ့ရှိုးထုတ်တတ်နေပြီး တစ်နေ့တစ်ခြား ဖေဖေနဲ့ပိုတူလာတဲ့ ဂျူနီယာမြင့်မြတ်လေး

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Unicode ဖြင့်ဖတ်ပါ
★★★★★

ရုပ်ရှင်သရုပ်ဆောင်မင်းသားချောမြင့်မြတ်ကတော့ဇာတ်ကောင်စရိုက်မရွေးပီပြင်အသက်ဝင်အောင်ဖန်တီးနိုင်စွမ်းရှိတာကြောင့် အကယ်ဒမီဆုကိုလည်းထိုက်ထိုက်တန်တန်ရရှိခဲ့ပြီဖြစ်ပါတယ်။ အမိုက်စားတက်တူးတွေနဲ့ယောက်ျားပီသနေတဲ့ မြင့်မြတ်ကစိတ်သဘောထားနူးညံ့ဖြူစင်သူလည်းဖြစ်ပါတယ်။ဒါ့အပြင် မြင့်မြတ်ကသူ့ကိုချစ်ခင်အားပေးတဲ့ပရိသတ်တွေအပေါ်မှာလည်းလေးလေးစားစားနဲ့ဆက်ဆံတတ်တာဖြစ်ပါတယ်။

အိမ်ထောင်ရေးနဲ့ပတ်သက်ပြီးတော့ မြင့်မြတ်ကချောမောလှပတဲ့ချစ်ဇနီးလေးနဲ့အတူချစ်စရာကောင်းတဲ့သားလေးတစ်ယောက်ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်သားလေးဖြစ်တဲ့ မြတ်သူလေးကလည်းဖေဖေမြင့်မြတ်နဲ့ရုပ်ချင်းဆင်တာကြောင့်ပရိသတ်တွေက ဂျူနီယာမြင့်မြတ်လေးလို့ချစ်စနိုးခေါ်ကြတာဖြစ်ပါတယ်အခုလည်းဂျူနီယာမြင့်မြတ်လေးကချောင်းသာကမ်းခြေမှာစတိုင်အပြည့်နဲ့ရှိုးထုတ်နေတဲ့ပုံလေးတွေကိုပရိသတ်တွေမြင်တွေ့ရမှာဖြစ်ပါတယ်။

ချောင်းသာကမ်းခြေကိုဖေဖေ၊မေမေတို့နဲ့အတူရောက်ရှိနေတဲ့ ဂျူနီယာမြင့်မြတ်ရဲ့ပုံလေးတွေကို မြင့်မြတ်ရဲ့ချစ်တပည့်မြတ်ဝေထွန်းက တင်ပေးထားတာဖြစ်ပါတယ်အခုအရွယ်ကတည်းက ဖေဖေ့လိုစတိုင်ကျနေပြီဖြစ်တဲ့ မြတ်သူလေးကတော့တစ်နေ့တစ်ခြားဆိုသလို မြင့်မြတ်နဲ့ရုပ်ချင်းဆင်လာတာဖြစ်ပါတယ် ကဲချစ်ပရိသတ်တွေအတွက်ဂျူနီယာမြင့်မြတ်လေးရဲ့ချစ်စရာပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်