ဝိတ်ကျသွားတဲ့ လျှို့ဝှက်ချက်ကို ပြောပြလာတဲ့ စန္ဒီမြင့်လွင်
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
May(cctv)
Unicode ဖြင့်ဖတ်ပါ
★★★★★
ဝိတ်ကျသွားတဲ့ လျှို့ဝှက်ချက်ကို ပြောပြလာတဲ့ စန္ဒီမြင့်လွင်
ပရိသတ်ချစ်တဲ့ စိုးညီအစ်မတွေထဲက တစ်ဦးဖြစ်တဲ့ စန္ဒီမြင့်လွင်က အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့သူတစ်ယောက်ပါ။ ဒီဒီးဟာ သူနဲ့တူတဲ့ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို ရရှိပိုင်ဆိုင်ထားပါတယ်။
သူမက အိမ်ထောင်မကျခင်ထဲက ပြည့်ပြည့်လေးမို့ ကလေးမွေးပြီးတဲ့အခါမှာတော့ မိန်းမတို့ရဲ့ သဘာဝအတိုင်း ဖောင်းဖောင်းလေးဖြစ်လာပါတယ်။ သူက အဲ့ဒီဖောင်းဖောင်းလေးကနေ ခုတော့ပိန်သွားပါပြီဆိုကာ သူမ ရဲ့ ပိန်သွားတဲ့ နည်းစနစ်ကိုပြောပြလာခဲ့ပါတယ်။
အဲ့ဒါကတော့ “သမီးလေးမွေးပီးအဲ့လောက်ပြန်ပိန်သွားမယ်လို့ကိုမထင်ခဲ့တာပါနော်
လျို့ဝှက်ချက်ကတော့ မမသင်ဇာရဲ့thinzardiet meal plan နဲ့ juice planကိုသမီးလေးနို့ပြတ်တာနဲ့စစားခဲ့တာပါရှင့်
စေတနာလဲကောင်းသလို စားလို့ကောင်းပီးပေါင်ချိန်လဲအကျမြန်ပါတယ် လေ့ကျင့်ခန်းလဲတွဲလုပ်ရင်တော့အကောင်းဆုံးပေါ့နော်
” လို့ ဆိုပြီး ရေးသားခဲ့ပါတယ်။
စန္ဒီမြင့်လွင်ဟာ ချစ်ရတဲ့သူနဲ့ အတူ ရွှေလက်တွဲခဲ့တာဟာ မတ်လ ၂၀၁၈ ခုနှစ်ထဲကဖြစ်ပြီး အိမ်ထောင်သက်တမ်း ၂နှစ်နီးပါးပြည့်တော့မှာဖြစ်ပါတယ်။ သမီးလေးကတော့ အသက် ၇လ ခန့်ရှိပြီဖြစ်ပြီး ချစ်တဲ့ ပရိသတ်တွေကတော့ အမေတူသမီးလေးကို အရမ်းချစ်နေကြပါတယ်။
ဒီးဒီရဲ့ ဝိတ်ချနည်းလေးကို ချစ်ပရိသတ်တွေက ကြိုက်နှစ်သက်ကြမယ်လို့ ထင်မိပါတယ်နော်။
May(cctv)
Source – sandi myint lwin’sfb