YBS ပေါ်အထိ Mask တွေကိုယ်တိုင်လိုက်ဝေပေးခဲ့တဲ့ ရွှေပိုးအိမ်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Chilli – CeleGabar
Source – Shwe Poe Eain

Unicode ဖြင့်ဖတ်ပါ
★★★★★

“YBS ပေါ်အထိ Mask တွေကိုယ်တိုင်လိုက်ဝေပေးခဲ့တဲ့ ရွှေပိုးအိမ်”

လူလေးလည်း လှသလို စိတ်ထားလေးလည်း ဖြူစင်လှတဲ့ ရွှေပိုးကတော့ ဒီနေ့ ဖေဖော်ဝါရီလ(၁၁)ရက်နေ့မှာ ချစ်ရတဲ့ ပရိသတ်တွေအတွက် လိုအပ်တဲ့ Maskတွေကိုကိုယ်တိုင်လိုက်လံလှူဒါန်းခဲ့ပါတယ်။ရွှေပိုးက အလှူအတန်းတွေကို အခွင့်အခါသင့်ရင်သင့်သလို လှူဒါန်းပေးလေ့ရှိပြီး မကြာသေးမီကလည်း ခရီးသွားရင်းလမ်းမှာ ပင်ပင်ပန်းပန်းနဲ့ ခရီးသွားတွေ အဆင်ပြေပြေသွားလို့ရအောင် လမ်းခင်းပေးနေတဲ့ လမ်းလုပ်သားတွေအတွက် ရေသန့်အအေးတို့ကိုလည်း လှူဒါန်းပေးခဲ့ပါသေးတယ်။

ဒီနေ့မှာလည်း “(၄)မြောက် ပရဟိတလူငယ်အသင်း” နဲ့အတူ ပရိသတ်တွေအတွက်လိုအပ်တဲ့ Mask တွေကို လှူဒါန်းပေးခဲ့ပါတယ်။ Mask တွေအပြင် လက်သန့်ဆေးရည်တွေကိုလည်း လှူဒါန်းပေးခဲ့တာဖြစ်ပြီး “YBS”ပေါ်တွေအထိ ကိုယ်တိုင်ကိုယ်ကျ လိုက်လံလှူဒါန်းပေးခဲ့တာပါ။ ရွှေပိုးက အခုလို လုပ်အားဒါနအလှူလေးဖြင့် ပါဝင်ကူညီဖြစ်ခဲ့တဲ့ အကြောင်းကို “(၄)မြောက်ပရဟိတ လူငယ်အသင်းမှ mask နှင့် လက်သန့်ဆေးရည်များကို လှူဒါန်းပါတယ်ရှင်။ ရွှေပိုးက လုပ်အားဖြင့်ပါဝင်ကူညီပါတယ်”လို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားခဲ့တာပဲဖြစဝ်ပါတယ်။

ပရိသတ်တွေကတော့ အခုလို ရွှေပိုးရဲ့ ဖြူစင်မွန်မြတ်လှတဲ့ စိတ်ထားလေးကို သဘောကျနှစ်သက်နေခဲ့ကြပြီး ရွှေပိုးတစ်ယောက် ဒီထက်မကအောင်မြင်မှုတွေရရှိကာ အလှူအတန်းတွေကို ပိုမိုလုပ်ဆောင်နိုင်အောင်လည်း ဆုမွန်ကောင်းတွေတောင်းပေးနေကြတာကိုလည်း တွေ့မြင်ရပါတယ်။CeleGabar ပရိသတ်ကြီးတွေလည်း ရွှေပိုးရဲ့ အလှူလေးကို ထပ်တူထပ်မျှသာဓုခေါ်ဆိုလို့ ရအောင်မျှဝေဖော်ပြပေးလိုက်ပါတယ်…ပရိသတ်ကြီးရေ….

Chilli – CeleGabar
Source – Shwe Poe Eain