ခွဲစိတ်ပြုပြင်ပြောင်းလဲခဲ့တဲ့ အဓိကအချက်ကို ဖွင့်ပြောလိုက်တဲ့ နေခြည်ဦး

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

CeleConnections ပရိသတ္ႀကီးေရ ေနျခည္ဦးကေတာ့ Beauty Blogger တစ္ေယာက္ျဖစ္ၿပီး အခုဆိုရင္ သ႐ုပ္ေဆာင္ဘက္ကိုပါ လုပ္ကိုင္ေနတဲ့ မင္းသမီးတစ္လက္လို႔ ဆိုရမွာပါ။ တက္သစ္စအႏုပညာရွင္တစ္ဦးျဖစ္ေပမယ့္ ဝါရင့္အႏုပညာေတြကေတာင္ ခ်ီးက်ဴး ရတဲ့ထိ ပါပဲေနာ္။ လက္ရွိမွာလည္း ဇာတ္လမ္းတြဲေတြပါ႐ိုက္ကူးေနတာပဲ ျဖစ္ပါတယ္။

သူမရဲ႕ ပထမဆုံး ႐ုပ္ရွင္ဇာတ္ကားႀကီးကေတာ့ “ရန္သူ” ႐ုပ္ရွင္ဇာတ္ကားႀကီး ျဖစ္ၿပီး ဝါရင့္မင္းသမီးေ႐ႊကစ္နဲ႔ တြဲဖက္ကာ ပြဲထြက္လာခဲ့ၿပီး ဧည့္သည္ ႐ုပ္ရွင္ဇာတ္ကားမွာလည္း ပရိသတ္ေတြ ရင္ထဲေရာက္ေအာင္ သ႐ုပ္ေဆာင္ႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ပုရိသ႐ုပ္ရွင္ဇာတ္ကားမွာလည္း မခိုင္ေလးတို႔ကေတာင္ ခ်ီးက်ဴးရတဲ့ထိ သ႐ုပ္ေဆာင္ႏိုင္ခဲ့တဲ့ သူပဲ ျဖစ္ပါတယ္။ “ အခမ္းနားဆုံးေမတၱာ ” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာလည္း သူမရဲ႕ အႀကိဳက္ဆုံးမင္းသားေနတိုးနဲ႔ ႐ိုက္ကူးခဲ့ပါေသးတယ္။

ခ်ီခ်ီကေတာ့ ဒီေန႔မွာေတာ့ သူမရဲ႕ ေျပာင္းလဲလာတဲ့ ပုံစံေတြကို ယွဥ္ျပခဲ့တာပဲ ျဖစ္ပါတယ္။ ဘဝမွာ ခြဲစိတ္မႈေတြမ်ားစြာ လုပ္ခဲ့တာျဖစ္ၿပီး ခြဲစိတ္မႈေတြလုပ္ျဖစ္ခဲ့တာကလည္း သူမရဲ႕ လြဲမွားတဲ့အခ်က္ေလးေတြကို ျပဳျပင္တဲ့ သေဘာနဲ႔ ျပဳလုပ္ခဲ့တာလို႔ ေျပာျပခဲ့ပါတယ္။သူမရဲ႕ မူရင္းပုံစံကို ခ်ျပခဲ့ၿပီး သူမရဲ႕ ခြဲစိတ္ျပဳျပင္မႈေတြကလည္း သူမရဲ႕ Fan ေတြအတြက္ပါပဲလို႔ ေျပာျပလာတာပါ။ ခ်ီခ်ီကေတာ့ သူမရဲ႕ ခ်ီလီေတြကို အရမ္းအေလးထားလြန္းပါတယ္ေနာ္။CeleConnections ပရိသတ္ႀကီးလည္း ခ်ီခ်ီရဲ႕ ေျပာင္းလဲလာတဲ့ ဗီဒီယိုဖိုင္ေလးကိုၾကည့္ၿပီး မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

Source: Nay Chi Oo
Candy –CeleConnections

Unicode ဖြင့်ဖတ်ပါ
★★★★★

CeleConnections ပရိသတ်ကြီးရေ နေခြည်ဦးကတော့ Beauty Blogger တစ်ယောက်ဖြစ်ပြီး အခုဆိုရင် သရုပ်ဆောင်ဘက်ကိုပါ လုပ်ကိုင်နေတဲ့ မင်းသမီးတစ်လက်လို့ ဆိုရမှာပါ။ တက်သစ်စအနုပညာရှင်တစ်ဦးဖြစ်ပေမယ့် ဝါရင့်အနုပညာတွေကတောင် ချီးကျူး ရတဲ့ထိ ပါပဲနော်။ လက်ရှိမှာလည်း ဇာတ်လမ်းတွဲတွေပါရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။

သူမရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးကတော့ “ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပြီး ဝါရင့်မင်းသမီးရွှေကစ်နဲ့ တွဲဖက်ကာ ပွဲထွက်လာခဲ့ပြီး ဧည့်သည် ရုပ်ရှင်ဇာတ်ကားမှာလည်း ပရိသတ်တွေ ရင်ထဲရောက်အောင် သရုပ်ဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပုရိသရုပ်ရှင်ဇာတ်ကားမှာလည်း မခိုင်လေးတို့ကတောင် ချီးကျူးရတဲ့ထိ သရုပ်ဆောင်နိုင်ခဲ့တဲ့ သူပဲ ဖြစ်ပါတယ်။ “ အခမ်းနားဆုံးမေတ္တာ ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း သူမရဲ့ အကြိုက်ဆုံးမင်းသားနေတိုးနဲ့ ရိုက်ကူးခဲ့ပါသေးတယ်။

ချီချီကတော့ ဒီနေ့မှာတော့ သူမရဲ့ ပြောင်းလဲလာတဲ့ ပုံစံတွေကို ယှဉ်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ဘဝမှာ ခွဲစိတ်မှုတွေများစွာ လုပ်ခဲ့တာဖြစ်ပြီး ခွဲစိတ်မှုတွေလုပ်ဖြစ်ခဲ့တာကလည်း သူမရဲ့ လွဲမှားတဲ့အချက်လေးတွေကို ပြုပြင်တဲ့ သဘောနဲ့ ပြုလုပ်ခဲ့တာလို့ ပြောပြခဲ့ပါတယ်။သူမရဲ့ မူရင်းပုံစံကို ချပြခဲ့ပြီး သူမရဲ့ ခွဲစိတ်ပြုပြင်မှုတွေကလည်း သူမရဲ့ Fan တွေအတွက်ပါပဲလို့ ပြောပြလာတာပါ။ ချီချီကတော့ သူမရဲ့ ချီလီတွေကို အရမ်းအလေးထားလွန်းပါတယ်နော်။CeleConnections ပရိသတ်ကြီးလည်း ချီချီရဲ့ ပြောင်းလဲလာတဲ့ ဗီဒီယိုဖိုင်လေးကိုကြည့်ပြီး မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source: Nay Chi Oo
Candy –CeleConnections