ချည် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရွှေသမီးကို အကယ်ဒမီဆုကြီးရစေချင်တဲ့ ယုန်လေး

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Chilli – CeleGabar
Source – Yone Lay

Unicode ဖြင့်ဖတ်ပါ
★★★★★

မြန်မာ့ရုပ်ရှင်လောကမှာ တစ်နှစ်တစ်ကြိမ် ထူးချွန်တဲ့ အနုပညာရှင်တွေကို မှတ်တိုင်တစ်ခုအနေနဲ့ ဂုဏ်ပြုပေးတဲ့ ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီဆုပေးပွဲကြီးကတော့ မကြာမီအချိန်မှာကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်။အကယ်ဒမီပေးပွဲကြီးက ပရိသတ်တွေအတွက် သူတို့ချစ်ခင်အားပေးကြတဲ့ အနုပညာရှင်တွေ ရုပ်ရှင်ထူးချွန်ဆုကြီးရမရဆိုတာကို မျှော်လင့်တကြီးနဲ့ရင်ခုန်စောင့်စားရတဲ့ပွဲကြီးဆိုရင်လည်း မမှားပါဘူး။

ဒီနှစ်မှာကျင်းပပြုလုပ်မယ့် အကယ်ဒမီပေးပွဲကြီးမှာတော့ ယုန်လေးက ရွှေသမီးကို “ချည်”ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကြီးကိုရစေချင်တဲ့ အကြောင်းသူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာပါတယ်။ “ချည်ထဲ မှာ သူ့အကြိုက်ဆုံးပဲ။ငါ့ညီမလေး စင်မြင့်ထက်မှာ ကျေးဇူးတင့်စကား ပြောခွင့်ရပါစေ”ဆိုပြီး ရွှေသမီးတစ်ယောက် အကယ်ဒမီဆုကြီးရစေဖို့ဆုတောင်းပေးထားခဲ့တာပါ။ရွှေသမီးက ဒီဇာတ်ကားကြီးထဲမှာ ဗီလိန်ဇာတ်ရုပ်ကို သရုပ်ဆောင်ခဲ့ရတာဖြစ်ပြီး ဒီဇာတ်ရုပ်ကြောင့် သူ့ကို လူမုန်းများမှာကြောက်တဲ့အတွေးနဲ့ ကာရိုက်တာအပေါ်အပြည့်အဝမလုပ်ပြခဲ့ရင် ဒီဇာတ်ကားကို ပရိသတ်တွေကြည့်တဲ့အခါ ကြည့်ရတာပေါ့သွာမှာဖြစ်ပေမဲ့ ရွှေသမီးကတော့ သူ့ရဲ့ ဇာတ်ရုပ်ကို အပြည့်အဝလုပ်ဆောင်ခဲ့တာကြောင့် အခုလို ဆုရစေချင်တာလို့လည်း ယုန်လေးကပြောထားပါသေးတယ်။

ဒါ့အပြင် လူမုန်းခံရမှာကိုမကြောက်ဘဲ ကျရာဇာတ်ရုပ်ကိုသာပီပီပြင်ပြင်သရုပ်ဆောင်ခဲ့ကာ အနုပညာကို ရူးသွပ်တဲ့ ရွှေသမီးကိုလေးစားမိတယ်လို့လည်း ယုန်လေးကဆိုထားပါသေးတယ်။CeleGabar ပရိသတ်ကြီးတွေရော “ချည်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ရွှေသမီးရဲ့ သရုပ်ဆောင်မှုတွေကို သဘောကျကျေနပ်အားရမှုရှိခဲ့ကြလား။ဒီနှစ်မှာအကယ်ဒမီဆုကြီးကို ဘယ်သူ့ကို ရစေချင်ပြီး ဘယ်ရမယ်လို့ထင်လဲ ထင်မြင်ချက်လေးတွေကို ဖြေပေးသွားပါဦး ပရိသတ်ကြီးရေ…….

Chilli – CeleGabar
Source – Yone Lay