ဝလို့ စိတ်ညစ်နေတဲ့ မိန်းကလေးတွေကို ဗီဒီယိုတစ်ခုနဲ့ အားမငယ်ဖို့ သက်သေပြလိုက်တဲ့ အေသင်ချိုဆွေ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ေအသင္ခ်ိဳေဆြကေတာ့ ျပည္သူခ်စ္အဆိုေတာ္တစ္ေယာက္ျဖစ္ၿပီး အသက္ငယ္စဥ္အခ်ိန္ထဲက ေအာင္ျမင္ခဲ့တယ္လို႔ ဆိုရမွာပါ။ အႏုပညာေလာကထဲက ေခတၱခဏ ေပ်ာက္ကြယ္သြားၿပီး အခုခ်ိန္မွာေတာ့ Single Mother အျဖစ္နဲ႔ ပရိသတ္ေတြ ေရွ႕ ျပန္လည္ထြက္ပၚလာတာပါ။ အႏုပညာအလုပ္ေတြ အျပင္ ေဆြးေႏြးေဟာေျပာပြဲေတြပါ ေတာက္ေလ်ာက္ပါဝင္လုပ္ေဆာင္လာၿပီး စိတ္သစ္လူသစ္နဲ႔ ေနထိုင္ေနတာပဲ ျဖစ္ပါတယ္။

ေအသင္ခ်ိဳေဆြ ရဲ႕ သမီးေလးကေတာ့ Ivy ေလးလို႔ ခ်စ္စႏိုးနဲ႔ေခၚၾကၿပီး ပရိသတ္ေတြရဲ႕ အသည္းေက်ာ္ေလးဆိုလည္းမမွားပါဘူးေနာ္။ပရိသတ္ေတြရဲ႕အခ်စ္ကိုဘယ္ေလာက္ေတာင္လက္ခံရရွိေနရလဲဆိုရင္ Ivy ေလးအတြက္ We Love Ivy ဆိုကာ Group ဖြဲ႕ ခံထားရသူေလးပါ။Ivy ေလးဟာ အခုဆိုရင္ KG တစ္ေယာက္ျဖစ္ေနၿပီျဖစ္ၿပီး ေမေမေအသင္နဲ႔လည္း အေဖာ္ရေနၿပီလို႔ဆိုရမွာပါ။ Ivy ေလးရဲ႕ ခ်စ္စရာေကာင္းတဲ့ ဗီဒီယိုဖိုင္ေလးေတြနဲ႔အတူ အသဲယားစရာေကာင္းတဲ့ ပုံရိပ္ေလးေတြကို ေမေမေအသင္ကေတာ့ သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာ အၿမဲေဝမွ်ေပးလ့ရွိပါတယ္။

ဒီေန႔မွာေတာ့ ေအသင္တစ္ေယာက္သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန TikTokတစ္ခုေဆာ့ကစားခဲ့တာပဲ ျဖစ္ပါတယ္။ သူမရဲ႕ TikTok ေလးကေတာ့ ပရိသတ္ေတြၾကားမွာ ေရပန္းစားေနတဲ့ သီခ်င္းေလးနဲ႔ ကေနတဲ့ ဗီဒီယိုဖိုင္ေလးကို စာေလးတစ္ခ်ိဳ႕နဲ႔တင္ခဲ့တာပဲ ျဖစ္ပါတယ္။ စာသားေလးကေတာ့ ဝတယ္လို႔ ေဝဖန္ခံေနရတဲ့ မိန္းကေလးေတြကို စိတ္ဓာတ္အားတက္ေစမယ့္ အားေပးစကားေလးနဲ႔အတူ တင္ခဲ့တာပါ။ CeleConnections ပရိသတ္ႀကီးလည္း ခ်စ္စရာေကာင္းလွတဲ့ ေအသင္ရဲ႕TikTok ေလးကိုၾကည့္ၿပီး မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

Source: A then ChoSwe
Candy –CeleConnections

Unicode ဖြင့်ဖတ်ပါ
★★★★★

အေသင်ချိုဆွေကတော့ ပြည်သူချစ်အဆိုတော်တစ်ယောက်ဖြစ်ပြီး အသက်ငယ်စဉ်အချိန်ထဲက အောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။ အနုပညာလောကထဲက ခေတ္တခဏ ပျောက်ကွယ်သွားပြီး အခုချိန်မှာတော့ Single Mother အဖြစ်နဲ့ ပရိသတ်တွေ ရှေ့ ပြန်လည်ထွက်ပါ်လာတာပါ။ အနုပညာအလုပ်တွေ အပြင် ဆွေးနွေးဟောပြောပွဲတွေပါ တောက်လျောက်ပါဝင်လုပ်ဆောင်လာပြီး စိတ်သစ်လူသစ်နဲ့ နေထိုင်နေတာပဲ ဖြစ်ပါတယ်။

အေသင်ချိုဆွေ ရဲ့ သမီးလေးကတော့ Ivy လေးလို့ ချစ်စနိုးနဲ့ခေါ်ကြပြီး ပရိသတ်တွေရဲ့ အသည်းကျော်လေးဆိုလည်းမမှားပါဘူးနော်။ပရိသတ်တွေရဲ့အချစ်ကိုဘယ်လောက်တောင်လက်ခံရရှိနေရလဲဆိုရင် Ivy လေးအတွက် We Love Ivy ဆိုကာ Group ဖွဲ့ ခံထားရသူလေးပါ။Ivy လေးဟာ အခုဆိုရင် KG တစ်ယောက်ဖြစ်နေပြီဖြစ်ပြီး မေမေအေသင်နဲ့လည်း အဖော်ရနေပြီလို့ဆိုရမှာပါ။ Ivy လေးရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးတွေနဲ့အတူ အသဲယားစရာကောင်းတဲ့ ပုံရိပ်လေးတွေကို မေမေအေသင်ကတော့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အမြဲဝေမျှပေးလ့ရှိပါတယ်။

ဒီနေ့မှာတော့ အေသင်တစ်ယောက်သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ TikTokတစ်ခုဆော့ကစားခဲ့တာပဲ ဖြစ်ပါတယ်။ သူမရဲ့ TikTok လေးကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ သီချင်းလေးနဲ့ ကနေတဲ့ ဗီဒီယိုဖိုင်လေးကို စာလေးတစ်ချို့နဲ့တင်ခဲ့တာပဲ ဖြစ်ပါတယ်။ စာသားလေးကတော့ ဝတယ်လို့ ဝေဖန်ခံနေရတဲ့ မိန်းကလေးတွေကို စိတ်ဓာတ်အားတက်စေမယ့် အားပေးစကားလေးနဲ့အတူ တင်ခဲ့တာပါ။ CeleConnections ပရိသတ်ကြီးလည်း ချစ်စရာကောင်းလှတဲ့ အေသင်ရဲ့TikTok လေးကိုကြည့်ပြီး မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source: A then ChoSwe
Candy –CeleConnections