ခုချိန်ထိ ကျော်ဟိန်းနဲ့ ဒွေးရဲ ့ ခြေဖျားကို မမီသေးဘူးဆိုတဲ့ သားညီ
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
သားညီဟာဆိုရင် ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အခုအချိန်အထိ အောင်မြင်မှုကို ဆက်တိုက်ထိန်းထားနိုင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို ကျရာဇာတ်ရုပ်တိုင်းကို သဘာဝကျကျနဲ့အကောင်းဆုံး သရုပ်ဆောင်နိုင်သူလည်း ဖြစ်ပါတယ်။ သားညီက အခုအချိန်ထိလည်း ရုပ်ရှင်တွေဇယ်ဆက်သလို ရိုက်နေဆဲဖြစ်တဲ့ ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်ပြီး အနုပညာရှင်အချင်းချင်းက လေးစားရသလို တက်သစ်စအနုပညာရှင်တွေရဲ့ idol တစ်ဦးအဖြစ်လည်း ရပ်တည်နေသူပါ။
သားညီက အနုပညာမှော်အောင်ထားတယ်လို့ဆိုရမယ့် ကျော်ဟိန်းနဲ့ ဒွေးတို့နဲ့အတူလက်တွဲပြီး ရုပ်ရှင်တွေရိုက်ခဲ့ဖူးသလို အရင်ခေတ်က ဒွေးဇာတ်ကားတွေမှာ သားညီက မပါမဖြစ်လို့ဆိုရအောင် ဒွေးနဲ့အတွဲညီခဲ့သူလည်းဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ဒွေးက ကြွေလွင့်သွားပြီဖြစ်ပြီး မင်းသားကြီးကျော်ဟိန်းကလည်း လူ့ဘောင်ကနေစွန့်ခွာပြီး တရားဘာဝနာကို အားထုတ်နေပါပြီ။ သားညီကတော့ ဒါရိုက်တာအဖြစ်နဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ရိုက်ကူးနေပြီး တက်သစ်စအနုပညာရှင်တွေကို လက်တွဲခေါ်လျက်ရှိနေပါတယ်။
သားညီက မကြာသေးမီက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ကြွေလွင့်သွားပြီဖြစ်တဲ့ မင်းသားကြီးဒွေးနဲ့ ဦးကျော်ဟိန်းတို့အတူတူရိုက်ထားတဲ့ ရှားပါးဓာတ်ပုံလေးကိုတင်ပြီး ဒွေးနဲ့ ကျော်ဟိန်းကို လွမ်းဆွတ်နေတာကိုလည်းတွေ့ရပါတယ်။ သားညီက ဒွေးနဲ့ ကျော်ဟိန်းတို့အတူတူထိုင်နေတဲ့ အထာကျကျဓာတ်ပုံလေးကို သားညီက “ဘယ်လောက် ကြိုးစားကြိုးစား အခုအချိန်အထိ ခြေဖျားကိုမမှီသေးတဲ့ နှစ်ယောက်”လို့ ရေးတင်ထားခဲ့တာပါ။ ပရိသတ်တွေကတော့ အဲဒီပို့်စ်ရဲ့ comment မှာ ဒွေးနဲ့ ကျော်ဟိန်းကို လွမ်းဆွတ်သတိရကြောင်းတွေရေးထားကြသလို သားညီကိုအားပေးကြောင်းလည်း comment ပေးထားခဲ့ကြပါတယ်။
ပရိသတ်ကြီးရော ဒွေးနဲ့ကျော်ဟိန်းကို လွမ်းဆွတ်မိကြလား။ သားညီကိုရော အားပေးကြလား။ သားညီနောက်ထပ်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုရော အားပေးဖို့အသင့်ပဲလား။ ပြောခဲ့ကြပါဦး။