မိတ်ကပ်မလိမ်း အဖက်မပါတဲ့ သူမပုံကို ဝေဖန်တဲ့သူတွေကို ဒဲ့ပြောလိုက်တဲ့ မြတ်ကေသီအောင်
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
မိုမိုလေး
Unicode ဖြင့်ဖတ်ပါ
★★★★★
နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မြတ်ကေသီအောင် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ ဝါရင့်သရုပ်ဆောင် တစ်ဦးပါ။ သူမ သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားများစွာ ရှိပြီး ခုအချိန်ထိ ငယ်ရွယ်နုပျိူ နေတဲ့ သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရှိနေတာပဲ ဖြစ်ပါတယ်။ တစ်ခါမှာတော့ ပရိသတ်တွေအတွက် တ်ကပ်မလိမ်း အဖက်မပါတဲ့ သူမပုံကို ဝေဖန်တဲ့သူတွေကို ဒဲ့ပြောလိုက်တဲ့ မြတ်ကေသီအောင်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
မြတ်ကေသီအောင် က လက်ရှိမှာ စားသောက်ဆိုင် တစ်ဆိုင်နဲ့ နောက်ထပ် Coffee Lu Gallery ဆိုင် လေးကို ဖွင့်ထားတယ်လို့သိရပါတယ်။ မြတ်ကေသီအောင် ပါဝင်သရုပ်ဆောင်ထားတဲ့ အထက်တန်းစား ရုပ်ရှင် ဇာတ်ကားကြီးကလည်း ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။သူမ သရုပ်ဆောင်ခဲ့တဲ့ စပွန်ဆာ ရုပ်ရှင်ဇာတ်ကားက ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့တာပါ။
ဒီတစ်ခါမှာတော့ မြတ်ကေသီအောင်က ” ရှက်စရာမှမဟုတ်တာ…. ဒီပုံဟာ ဘာမှ မလိမ်းထားသလို အဖတ်တွေ အရည်တွေ မပါတဲ့ ကင်မရာနဲ့ရိုက်ထားတဲ့ပုံပါ.မျက်နာပေါ် အလှဆုံးပြင်ပြီး အဖတ်တွေ ပါတဲ့ ကင်မရာနဲ့ရိုက်ထားတဲ့ ပုံတွေတင်ပြီး ကိုယ့်ကိုယ်ကို လှတယ်လို့ တခါမှ မပြောခဲ့ဖူးဘူး.ဒါပေမဲ့ ကိုယ်လည်းလူထဲကလူမို့ လှချင်တာပေါ့.အဲ့တော့ အများနည်းတူ အဖတ်ပါတဲ့ကင်မရာတွေနဲ့ ရိုက်တာပဲလေ.အဖိုး အဖွားတွေက အစ ဆလ်ဖီဆွဲနေကြတဲ့ခေတ်မှာ ကိုယ်လှချင်တာ အဆန်းတော့ဖြစ်မယ်မထင်မိဘူး.
တချို့ တချို့ လူတွေက ကိုယ်တိုင်ဓာတ်ပုံတွေ ဗွီဒီယိုတွေကိုပါ အဖတ်တွေနဲ့ရိုက်ပြီ သူများကိုဝေဖန်နေတာတွေ တွေ့ရတော့ပြုံးမိတယ်”
“တချို့သော ယောက်ကျားတွေက ရုပ်ရှင်ထဲမှာပဲတွေ့ဖူး..အသဲအသန်ကြိုက်ကြပြီး မင်းသမီးယောက်ကျားဖြစ်ချင်တဲ့ အချစ်စစ်မပါတဲ့ ပေါ်ပြူလာဖြစ်ချင်ရုံသက်သက်နဲ့လာတဲ့စိတ်ဓာတ်အောက်ကြတဲ့လူတွေလည်းကြုံရတော့ ပကာသနကိုမက်မောတဲ့ ဟန်ဆောင်တတ်တဲ့ ယောက်ျားတွေလည်းရှိသားပဲလို့ သိလိုက်ရတယ်.ကိုယ့်ဘဝမှာ ကိုယ်ချစ်လို့ပတ်သက်ခဲ့တဲ့ ယောက်ျားတွေဆီက (လက်ဆောင်ပေးတဲ့အရာကလွဲရင်)
ဘာမှမယူသလို ဘာမှမတောင်းဆိုခဲ့ဘူး.ကိုယ်ကပဲ တတ်နိင်သလောက် သူတို့ဒုက္ခရောက်နေတဲ့အခါကူညီပေးခဲ့တာ.(ယူသွားတဲ့သူတွေ မဟုတ်ပါဘူးလို့ ငြင်းချင်ရင် လာငြင်းပါ.ဘာလို့ကူညီခဲ့ရလဲဆိုတဲ့အကြောင်းအရာနဲ့ ငွေ အမောက်ကိုလူသိရှင်ကြားစာရင်းချပြပေးမယ်)တခြားလူတွေကို သွားမငြင်းနဲ့နော်.ကိုယ့်ဆီကို ကိုယ်တိုင်လာငြင်း.အပြင်လူကဘာမှ သိတာမဟုတ်ဘူးလေ ပြောချင်တဲ့လိုရင်းတောင် ပျောက်သွားတယ်..မိတ်ကပ်တွေနဲ့ပုံမြင်ပြီး သိပ်လှနေတယ်လို့ထင်တဲ့သူတွေ သိစေချင်တာက ကိုယ်ဟာ အသက်၄၈ နှစ် သာမန် ရွက်ကြမ်းရေချို မိန်းမတယောက်ထက်မပိုပါဘူး”
“ကိုယ့်ရဲ့လက်ရှိ မျက်နာကိုမြင်ပြီး ချစ်တတ်တဲ့ သူကသာ ကိုယ့်အတွက်တော့ တန်ဖိုးရှိတဲ့ သူပါ.ကိုယ့်ရဲ့ မလှတဲ့ မျက်နှာဟာ ကိုယ့်အမေက အသက်နံ့ရင်းပြီး မွေးထားပေးခဲ့လို့ ရှက်စရာမဟုတ်သလို ဘယ်သူမှလည်း အပြစ်ပြောစရာမလိုပါဘူး..သူများကိုပြောတော့မယ်ဆိုရင် မှန်ရှေ့မြနိမြန်ပြေးကြည့်လိုက်ပါ.ငါရောတော်တော်ပြည့်စုံလို့လားလို့..မှန်မရှိရင် ခုစာကိုဖတ်ပြီးဝယ်ထားလိုကိပါတော့.မှန်ကြည့်ပြီးငါအလှကတော်တော်လှပြီးပြည့်စုံတယ်လို့ ထင်ရင် သေချာနေပြီ..သင့်မှာဘဝင်မြင့်ရူးရောဂါရှိနေပါပြီ..ဘယ်သူမှ ပြည့်စုံတဲ့သူမရှိတဲ့ လောကကြီးမှာ သင့်စိတ်ထဲ အဲ့လိုတွေမြင်နေပြီဆို ဆရာဝန်နဲ့ပြလိုက်ပါလို စေတနာနဲ့ အကြံပေးပါရစေ” ဆိုပြီး ပြောထားပါတယ်။
သရုပ်ဆောင် အကယ်ဒမီ မြတ်ကေသီအောင် ပြောထားတဲ့အကြောင်းကို ပရိသတ်တွေ သိလောက်ပြီထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
မိုမိုလေး