ဘာသာတရားကိုင်းရှိုင်းတဲ့ သားလေးသိဒ္ဓိစစ်ရဲ့ အမူအကျင့်လေးတွေကို ပြောလာတဲ့ မယ်လိုဒီ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ႏိုင္ငံေက်ာ္သရုပ္ေဆာင္ အကယ္ဒမီ မယ္လိုဒီ ဟာဆိုရင္ ပရိသတ္ေတြခ်စ္ခင္အားေပးရတဲ့ အႏုပညာရွင္တစ္ဦးပါ။ သူမက အႏုပညာကို ႀကိဳးစားလုပ္ရင္း ခ်စ္စရာေကာင္းတဲ့ မိသားစုနဲ႔ အတူ ဘဝကိုေအးခ်မ္းစြာျဖတ္သန္းေနသူေလးပဲျဖစ္ပါတယ္။ မယ္လိုဒီ ရဲ႕ ခ်စ္စရာေကာင္းတဲ့ သားေလး သိဒိၶစစ္ ကအရမ္းလိမၼာတဲ့ ကေလးေလးပါတဲ့ ပရိသတ္ႀကီးေရ ။ ဒီတစ္ခါမွာေတာ့ မယ္လိုဒီက သားေလး ရဲ႕အိမ္စာေတြကို ကူလုပ္ေပးေနတဲ့ ပံုရိပ္ကေလးေတြကို video file ေလး နဲ႔ ေဖာ္ျပထားတာပဲ ျဖစ္ပါတယ္။ ခ်စ္ပရိသတ္ေတြအတြက္ မယ္လိုဒီ တို႔သားအမိ ပံုရိပ္ကေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

မယ္လိုဒီ ရဲ႕ သားေလး သိဒၶိစစ္ က ငယ္ငယ္ေလးတည္း က ဘာသာတရားကိုင္းရႈိင္းသူေလးပါတဲ႔ေနာ္။ မယ္လိုဒီ က ” သားေလးက ၾကီးလာရင္ ဘုန္းၾကီးျဖစ္မလား၊ မင္းသားျဖစ္မလားမသ္ဘူး၊ ဘာျဖစ္လို႔လဲဆိုေတာ႔ တစ္ခ်ိန္လံုးလက္အုပ္ခ်ီေနတာ။ မနက္အိပ္ရာနိုးတာနဲ႔ ဘုရားခန္းထဲသြားၿပီး လက္အုပ္ခ်ီတတ္တဲ႕ အက်င္႔ရွိတယ္။ သူမ်ားအိမ္သြားလည္ရင္ေတာင္ ဘုရားခန္းသြားၿပီး လက္အုပ္ခ်ီတယ္။သူ႔ရဲ႕ အားသာခ်က္ကဘာလဲဆိုေတာ႔ ဘုရားခန္းမွာ ဘူရားစင္ကို မွီသေလာက္ လက္အုပ္ခ်ီၿပီးရင္ လူၾကီးကို ခ်ီခိုင္းၿပီး ဘုရားရဲ႕ မ်က္ႏွာေတာ္ ကို လက္အုပ္ခ်ီၿပီးဖူးတယ္။ ကေလးသဘာ၀ ေဆာ႔တာေတြ ရွိေပမယ္႔ ဘုန္းၾကီးေက်ာင္းသြားရင္ မေဆာ႔ဘူး ။ဘုန္းၾကီးကို ကန္ေတာ႔တယ္ ဘုရားခန္းထဲက ဆင္းတုေတာ္ကို ကန္ေတာ႔တယ္။ဘုန္းၾကီးေျခရင္းမွာထိုင္တယ္လို႔ ေျပာထားပါတယ္။

ေနာက္ၿပီး သူ႔အက်င္႔တစ္ခုက အိုက္တင္လုပ္တယ္။ မွန္ၾကည္႔ၿပီး အိုက္တင္လုပ္တယ္ ဖုန္းနဲ႕ Selfie ရိုက္ၿပီး အိုက္တင္လုပ္တယ္။အိုက္တင္ကို အမ်ိဳးမ်ိဳး လုပ္တတ္တယ္။ အဲဒီအမူအရာအက်င္႔ေလးေတြက သိပ္ခ်စ္စရာေကာင္းတဲ႕ သားေလးရဲ႕အက်င္ေတြပါ” လို႔ေျပာထားပါတယ္။

သားေလး က ညအိပ္ယာ၀င္ရင္ေတာင္ ဘုရားစာဆိုခိုင္းၿပီး မွ အိပ္တတ္တယ္လို႔လည္း သူ႕ရဲ႕ ေဖ႔စ္ဘြတ္ေပၚမွာ ေျပာထားဖူးပါေသးတယ္။

ကေလးေပမယ္႔ ဘာသာတရားကိုင္းရိႈင္းတဲ႕ သားေလးရဲ႕အမူအက်င္႔ေလးေတြကို ေျပာျပထားတဲ႕ မယ္လိုဒီရဲ႕ အေၾကာင္းကို ပရိသတ္ေတြ သိရေလာက္ၿပီထင္ပါတယ္။ ၾကည္႔ရႈေပးၾကတဲ႔ ပရိသတ္ၾကီးကို ေက်းဇူးအထူးတင္ရွိပါတယ္ေနာ္။

မိုမိုေလး

Unicode ဖြင့်ဖတ်ပါ
★★★★★

နိုင်ငံကျော်သရုပ်ဆောင် အကယ်ဒမီ မယ်လိုဒီ ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမက အနုပညာကို ကြိုးစားလုပ်ရင်း ချစ်စရာကောင်းတဲ့ မိသားစုနဲ့ အတူ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေသူလေးပဲဖြစ်ပါတယ်။ မယ်လိုဒီ ရဲ့ ချစ်စရာကောင်းတဲ့ သားလေး သိဒ္ဓိစစ် ကအရမ်းလိမ္မာတဲ့ ကလေးလေးပါတဲ့ ပရိသတ်ကြီးရေ ။ ဒီတစ်ခါမှာတော့ မယ်လိုဒီက သားလေး ရဲ့အိမ်စာတွေကို ကူလုပ်ပေးနေတဲ့ ပုံရိပ်ကလေးတွေကို video file လေး နဲ့ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မယ်လိုဒီ တို့သားအမိ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မယ်လိုဒီ ရဲ့ သားလေး သိဒ္ဓိစစ် က ငယ်ငယ်လေးတည်း က ဘာသာတရားကိုင်းရှိုင်းသူလေးပါတဲ့နော်။ မယ်လိုဒီ က ” သားလေးက ကြီးလာရင် ဘုန်းကြီးဖြစ်မလား၊ မင်းသားဖြစ်မလားမသ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ တစ်ချိန်လုံးလက်အုပ်ချီနေတာ။ မနက်အိပ်ရာနိုးတာနဲ့ ဘုရားခန်းထဲသွားပြီး လက်အုပ်ချီတတ်တဲ့ အကျင့်ရှိတယ်။ သူများအိမ်သွားလည်ရင်တောင် ဘုရားခန်းသွားပြီး လက်အုပ်ချီတယ်။သူ့ရဲ့ အားသာချက်ကဘာလဲဆိုတော့ ဘုရားခန်းမှာ ဘူရားစင်ကို မှီသလောက် လက်အုပ်ချီပြီးရင် လူကြီးကို ချီခိုင်းပြီး ဘုရားရဲ့ မျက်နှာတော် ကို လက်အုပ်ချီပြီးဖူးတယ်။ ကလေးသဘာ၀ ဆော့တာတွေ ရှိပေမယ့် ဘုန်းကြီးကျောင်းသွားရင် မဆော့ဘူး ။ဘုန်းကြီးကို ကန်တော့တယ် ဘုရားခန်းထဲက ဆင်းတုတော်ကို ကန်တော့တယ်။ဘုန်းကြီးခြေရင်းမှာထိုင်တယ်လို့ ပြောထားပါတယ်။

နောက်ပြီး သူ့အကျင့်တစ်ခုက အိုက်တင်လုပ်တယ်။ မှန်ကြည့်ပြီး အိုက်တင်လုပ်တယ် ဖုန်းနဲ့ Selfie ရိုက်ပြီး အိုက်တင်လုပ်တယ်။အိုက်တင်ကို အမျိုးမျိုး လုပ်တတ်တယ်။ အဲဒီအမူအရာအကျင့်လေးတွေက သိပ်ချစ်စရာကောင်းတဲ့ သားလေးရဲ့အကျင်တွေပါ” လို့ပြောထားပါတယ်။

သားလေး က ညအိပ်ယာဝင်ရင်တောင် ဘုရားစာဆိုခိုင်းပြီး မှ အိပ်တတ်တယ်လို့လည်း သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ပြောထားဖူးပါသေးတယ်။

ကလေးပေမယ့် ဘာသာတရားကိုင်းရှိုင်းတဲ့ သားလေးရဲ့အမူအကျင့်လေးတွေကို ပြောပြထားတဲ့ မယ်လိုဒီရဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

မိုမိုလေး