အလှမယ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ညီမလေး သူဇာဝင့်လွင်ကို ပွဲထုတ်လိုက်တဲ့ မေ
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
အရမ်းကို ထိမိတဲ့ သီချင်းစာသားလေးတွေနဲ့ ပရိတ်သတ်ရင်ထဲကို ရောက်ရှိလာတဲ့ သူကတော့ သရုပ်ဆောင် နဲ့ အဆိုတော် မေ ပဲ ဖြစ်ပါတယ်။ မကြာသေးခင်က ထွက်ရှိထားတဲ့ သီချင်းဗီဒီယိုမှာလည်း အရမ်းကို ထိရှတဲ့ စာသားတွေနဲ့အတူ အမှန်တကယ်ကိုပဲ ဆံပင်တွေညှပ်ပြီး ဂတုံးတုံးခဲ့ပါသေးတယ်။
အစပထမပိုင်းတုန်းကတော့ ဂတုံးတုံးဖို့ တွန့်ဆုတ်နေခဲ့ပေမဲ့ အရမ်းကို လုပ်ချင်နေတဲ့ ဆန္ဒတစ်ခုကြောင့် တုံးဖြစ်သွားတယ်လို့လည်း မီဒီယာတစ်ခုမှာ ဖြေဆိုခဲ့ပါသေးတယ်။
အရည်အချင်းရော ရုပ်ရည်ပါ ပြောစရာမရှိတဲ့ သရုပ်ဆောင် အဆိုတော် မေ ရဲ့ ညီမချောလေး သူဇာဝင့်လွင်ကို ဟားခါးမြို့ ကိုယ်စားပြု မယ်စကြာဝဠာအလှမယ် အဖြစ် စင်မြင့်ထက်မှာ တွေ့မြင်ရတော့မှာပဲ ဖြစ်ပါတယ်။
သူမဟာ ၂၀၁၉ ခုနှစ် Miss Universe Hakha ရဲ့ သရဖူဆုကို ရရှိခဲ့တာဖြစ်ပြီးဟားခါးမြို့ရဲ့ ကိုယ်စားပြုအဖြစ် Miss Universe Myanmar ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိတော့မှာပါ။သူဇာဝင့်လွင်ဟာ အသက် ၂၁ နှစ်ရှိပြီဖြစ်ပြီး ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်မှာ အင်္ဂလိပ်စာဘာသာရပ်အထူးပြုကို သင်ကြားလေ့လာနေတာဖြစ်ပါတယ်။ မော်ဒယ်လ် တစ်ယောက်အနေနဲ့သာမက Beauty Blogger အလုပ်ကို လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။
ဟားခါးမြို့ရဲ့ ကိုယ်စားပြု အလှမယ်တစ်ယောက် အနေနဲ့ ချင်းပြည်နယ်ရဲ့ စားသောက်နေထိုင်မှုနဲ့အတူ ယဉ်ကျေးမှုရိုးရာဓလေ့များကို ဖော်ထုတ်သွားမယ်လို့လည်း သိရပါတယ်။အနုပညာလမ်းပေါ်မှာ လေ ျှာက်လှမ်းနေပြီဖြစ်တဲ့ အလှမယ် သူဇာဝင့်လွင်အတွက် ဆုတောင်းစကားလေး ပြောပေးခဲ့ပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်နော်။