မန္တလေးမှာ ပရိသတ်ပိုများတယ်ထင်လို့ မန္တလေးမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်ဖြစ်တာပါဆိုတဲ့ ပိုပို

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ခ်စ္ဖူးခဲ့သမွ်သီခ်င္းေခြေလးနဲ႔ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္ျခင္းကိုရရွိခဲ့ၿပီး အႏုပညာေလာကမွာေအာင္ျမင္တဲ့ အဆိုေတာ္တစ္ေယာက္အေနနဲ႔ ရပ္တည္ေနတဲ့ ပိုပိုကေတာ့ လာမယ့္ ေဖေဖာ္ဝါရီလ (၂၉)ရက္ေန႔မွာ သူ႔အတြက္ အႏုပညာမွတ္တိုင္တစ္ခုအေနနဲ႔ တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲေလးက်င္းပျပဳလုပ္သြားဖို႔ စီစဥ္ေနတာလည္း ပရိသတ္ႀကီးသိရွိၿပီးသားျဖစ္မွာပါ။ပိုပိုကေတာ့ ငယ္ငယ္ထဲက အဆိုေတာ္ေတြ တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲႀကီးမွာ ပရိသတ္ေတြကို ေဖ်ာ္ေျဖေနတာေတြကိုအားက်ခဲ့ရတာေၾကာင့္ တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲႀကီးက်င္းပခ်င္တဲ့ အိပ္မက္ေလးတစ္ခုရွိေနခဲ့တာျဖစ္ၿပီး အခုခ်ိန္မွာေတာ့ အေကာင္အထည္ေဖာ္ႏိုင္ေတာ့မွာပဲျဖစ္ပါတယ္။

ပိုပိုကသူ႔ရဲ႕ တစ္ကိုယ္ေတာ္ရႈိးပြဲေလးကို မႏၲေလးၿမိဳ႕မွာ သြားေရာက္က်င္းပျပဳလုပ္မွာျဖစ္ၿပီး အခုလို မႏၲေလးမွာ က်င္းပျဖစ္တာနဲ႔ ပတ္သက္လို႔လည္း “မႏၲေလးမွာ ပို႔ရဲ႕ ပရိသတ္ေတြကပိုေတာင့္တယ္လို႔ခံစားမိလို႔။မႏၲေလးကိုလည္း ပိုကမသြားဘူးဆိုရင္ေတာင္ တစ္ႏွစ္ကို အေခါက္(၂၀) (၃၀)ေလာက္သြားေနရတယ္။ရန္ကုန္မွာ ပြဲနည္းတယ္။ၿပီးေတာ့ စစ္ကိုင္း၊မုံ႐ြာ၊ျပင္ဦးလြင္က ပရိသတ္ေတြကလည္း လာၾကမွာ၊ ရန္ကုန္က အမာခံပရိသတ္ေတြကလည္း ကားနဲ႔ လာၾကမယ္တဲ့”ဆိုၿပီး ေျဖၾကားလာခဲ့ပါတယ္။ပိုပိုကေတာ့ သူ႔ရဲ႕ တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲႀကီးကို အေကာင္းဆုံး စီစဥ္ထားၿပီး သူ႔ရဲ႕ အိပ္မက္နဲ႔ထပ္တူက်ရတဲ့ ရႈိးပြဲႀကီးျဖစ္ေအာင္ႀကိဳးစားထားပါေသးတယ္။

ရႈိးပြဲႀကီးမွာေတာ့ ပိုပိုက သီခ်င္း(၂၉)ပုဒ္ကို သီဆိုေဖ်ာ္ေျဖသြားမွာျဖစ္ၿပီး အခ်စ္ဆုံးခ်စ္သူက (၂၉)ရက္ေန႔မွာ ထားသြားခဲ့လို႔ သီခ်င္း(၂၉)ပုဒ္ကို သီဆိုသြားမွာပါတဲ့။CeleGabar ပရိသတ္ႀကီးေရ ပိုပိုကေတာ့ အခုရႈိးပြဲႀကီးက သူ႔အတြက္ “ခ်စ္ဖူးခဲ့သမွ်” အေခြေလးထြက္ရွိလာတုန္းကလို ခံစားခ်က္မ်ိဳး အရမ္းကို ရင္ခုန္ေနပါတယ္တဲ့ေနာ္။

Chilli – CeleGabar
Source – Exclusive On CeleGabar

Unicode ဖြင့်ဖတ်ပါ
★★★★★

“မန္တလေးမှာ ပရိသတ်ပိုများတယ်ထင်လို့ မန္တလေးမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်ဖြစ်တာပါဆိုတဲ့ ပိုပို”

ချစ်ဖူးခဲ့သမျှသီချင်းခွေလေးနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကိုရရှိခဲ့ပြီး အနုပညာလောကမှာအောင်မြင်တဲ့ အဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့ ပိုပိုကတော့ လာမယ့် ဖေဖော်ဝါရီလ (၂၉)ရက်နေ့မှာ သူ့အတွက် အနုပညာမှတ်တိုင်တစ်ခုအနေနဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲလေးကျင်းပပြုလုပ်သွားဖို့ စီစဉ်နေတာလည်း ပရိသတ်ကြီးသိရှိပြီးသားဖြစ်မှာပါ။ပိုပိုကတော့ ငယ်ငယ်ထဲက အဆိုတော်တွေ တစ်ကိုယ်တော်ဖျော်ဖြေပွဲကြီးမှာ ပရိသတ်တွေကို ဖျော်ဖြေနေတာတွေကိုအားကျခဲ့ရတာကြောင့် တစ်ကိုယ်တော်ဖျော်ဖြေပွဲကြီးကျင်းပချင်တဲ့ အိပ်မက်လေးတစ်ခုရှိနေခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ အကောင်အထည်ဖော်နိုင်တော့မှာပဲဖြစ်ပါတယ်။

ပိုပိုကသူ့ရဲ့ တစ်ကိုယ်တော်ရှိုးပွဲလေးကို မန္တလေးမြို့မှာ သွားရောက်ကျင်းပပြုလုပ်မှာဖြစ်ပြီး အခုလို မန္တလေးမှာ ကျင်းပဖြစ်တာနဲ့ ပတ်သက်လို့လည်း “မန္တလေးမှာ ပို့ရဲ့ ပရိသတ်တွေကပိုတောင့်တယ်လို့ခံစားမိလို့။မန္တလေးကိုလည်း ပိုကမသွားဘူးဆိုရင်တောင် တစ်နှစ်ကို အခေါက်(၂၀) (၃၀)လောက်သွားနေရတယ်။ရန်ကုန်မှာ ပွဲနည်းတယ်။ပြီးတော့ စစ်ကိုင်း၊မုံရွာ၊ပြင်ဦးလွင်က ပရိသတ်တွေကလည်း လာကြမှာ၊ ရန်ကုန်က အမာခံပရိသတ်တွေကလည်း ကားနဲ့ လာကြမယ်တဲ့”ဆိုပြီး ဖြေကြားလာခဲ့ပါတယ်။ပိုပိုကတော့ သူ့ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကြီးကို အကောင်းဆုံး စီစဉ်ထားပြီး သူ့ရဲ့ အိပ်မက်နဲ့ထပ်တူကျရတဲ့ ရှိုးပွဲကြီးဖြစ်အောင်ကြိုးစားထားပါသေးတယ်။

ရှိုးပွဲကြီးမှာတော့ ပိုပိုက သီချင်း(၂၉)ပုဒ်ကို သီဆိုဖျော်ဖြေသွားမှာဖြစ်ပြီး အချစ်ဆုံးချစ်သူက (၂၉)ရက်နေ့မှာ ထားသွားခဲ့လို့ သီချင်း(၂၉)ပုဒ်ကို သီဆိုသွားမှာပါတဲ့။CeleGabar ပရိသတ်ကြီးရေ ပိုပိုကတော့ အခုရှိုးပွဲကြီးက သူ့အတွက် “ချစ်ဖူးခဲ့သမျှ” အခွေလေးထွက်ရှိလာတုန်းကလို ခံစားချက်မျိုး အရမ်းကို ရင်ခုန်နေပါတယ်တဲ့နော်။

Chilli – CeleGabar
Source – Exclusive On CeleGabar